How Chinese are you?


Forwarded email တစ်ခုကနေရလို့ ဖြေကြည့်တာ။

[X]You like to eat chicken feet. = အဖွားချက်တာဘဲ ကြိုက်တာ။ ဒါပေမယ့် ကြိုက်တယ်လို့ သတ်မှတ်လိုက်မယ်။
[ ] You sing karaoke. = ဒါတော့ လုံးဝဘဲ။ တရုတ်နဲ့ ကာရာအိုကေဆိုတာနဲ့ ဘာဆိုင်သလဲ မသိ။
[ ] You've worn glasses ever since you were in fifth grade. = ငါးတန်းတုန်းကတော့ အမြင်အာရုံကောင်းသေးတယ်။ အခုမှ ပုလင်းဖင် တပ်ထားရတာ။
[ ] You'll haggle over something that is not negotiable. = ဈေးဆစ်ရတဲ့ အလုပ်ကို အရမ်းမုန်းတယ်။
[X]You are a math genius. = ဟိဟိ .. တစ်နဲ့ တစ်နဲ့ပေါင်းရင် နှစ်။


[X] You take showers at night. = shower နဲ့စာရင် ညမှာ ခေါင်းလျှော်ရတာကို ဘယ်လို ကြိုက်လဲ မသိ..
[X] You avoid the non-free snacks in hotel rooms. = ဟိုတယ်မှာ ပိုက်ဆံထပ်ပေးရမယ်ဆိုလို့ကတော့ လုံးဝ မထိဘူးဘဲ။
[X] You say "aiyah!" and "wah!" frequently. = စိတ်မရှည်ရင် "aiyah" လို့ပြောပြီး ဝမ်းသာရင် "wah" လို့ပြောလေ့ရှိတယ်။
[X] You save grocery bags. = shopping ကပြန်လာရင် အိတ်တွေ အားလုံး ခေါက်သိမ်းထားတယ်။ အိတ်တွေအားလုံးကို အိတ်အကြီးကြီး တစ်လုံးထဲ ထည့်ထားတယ်။
[X] You twirl your pen around your fingers. = ဒါက ဘာလို့ ဒီlist ထဲ ရောက်နေသလဲ မသိပါဘူး။ ကျောင်းက သူငယ်ချင်းတွေကနေ အကျင့်ရလာတာကို။

[X] You have been taught that wasting food is a sin. = အစားအစာကို ပစ်ရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာ ငယ်ငယ်ကတည်း ကနားထောင်လာရတဲ့ အဖွားရဲ့ ဓာတ်ပြားဟောင်းတစ်ချပ်ပါဘဲ။
[X] Your dad thinks he can fix everything himself. = ဟုတ်ပါ့။ ဟုတ်ပါ့။
[X] You beat eggs with chopsticks. = မွှေလို့ အကောင်းဆုံးကတော့ တူပါဘဲကွယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေက ချာပါတီလုပ်ဖို့ ဂျုံမွှေခိုင်းရင်တောင် တူနဲ့မွှေရမှ..
[X] You like congee with thousand-year-old eggs. = ရှလွတ်..
[X] You have eaten moon cakes. = ဒါပေမယ့် တရုတ်လမုန့်က မန္တလေးက လမုန့်ကို လုံးဝ မမှီတာ အမှန်ဘဲ။

[X] If you don't live at home, when your parents call, they ask you if you've eaten, even if it's midnight. = ဘယ်အချိန် ဖုန်းဆက်ဆက် သမီး နေကောင်းလား။ ထမင်း စားပြီးပြီလားနဲ့ စတာဘဲ။
[X] You email/msn your friends, even though you're only 10 feet apart. = ဒါကတော့ ပေါကြောင်ကြောင် သူငယ်ချင်းတွေကြောင့် ရသွားတဲ့ အကျင့်
[X] You can read traditional chinese = အင်း.. နည်းနည်းတောင် မေ့ကုန်ပြီ။ အမှတ်တစ်ဝက်ဘဲ ယူရင် ကောင်းမလား မသိ။
[X] Your toothpaste tubes are all squeezed paper-thin before they are thrown away. = ဒါက ကပ်စေးနှဲတာ..
[ ] You know what pearl milk teas are. = သိဝူး။

[X] You bring fruit with you as a gift when you visit people's homes. = ဘယ်သူက စလိုက်လဲတော့ မသိပါဘူး။ ထုံးစံကို ဖြစ်လို့။
[ ] You have acquired a taste for bitter melon. = ခါးတာဆို ဘာမှ မကြိုက်ဘူး။
[X] You eat every last grain of rice in your bowl, but don't eat the last piece of food on the table. = ထမင်းတော့ ပန်းကန်ပြောင်နေအောင်ကို စားတယ်။ နောက်ဆုံး piece ကို မစားဘူးဆိုတာက အပျိုကြီး ဖြစ်မှာစိုးလို့။
[X] Your parents argue with other adults over the dinner bill. = သူများနဲ့ လုရှင်းကြတာလေ။ သူများကိုဘဲ ပေးခိုင်းလိုက် ပြီးရော..
[X] You love to use coupons. = ပိုက်ဆံကုန်သက်သာတာ မကြိုက်ဘဲ နေမလား။

Total = 20/25 x 100 = 80%

So, I'm 80% Chinese.rolleyes


တွေ့ရကြုံရ (၃)

အရင်က အီရန်ဆိုတာ အီရတ်နဲ့ ခဏခဏ စစ်ဖြစ်ပြီး နျူကလီးယား ထုတ်ဖို့ဘဲ စဉ်းစားနေတဲ့ နိုင်ငံလို့ဘဲ သိထားတာ။ ပထဝီတို့ သမိုင်းတို့ နဲ့ ခပ်ဝေးဝေးနေနေမိတာတောင် နည်းနည်း ကြာသွားပြီ။ ကျမလုပ်နေတဲ့ ရုံးမှာ training ဆင်းနေတဲ့ အီရန်မလေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့မှ သူတို့ရဲ့ ရိုးရာ ဓလေ့ နဲ့ တစ်ခြား မှတ်သားစရာလေးတွေကို တအံ့တဩ နားထောင်လိုက်ရတယ်။

၁၉ရာစု မတိုင်ခင်ကတော့ အီရန်ဆိုတာ တစ်ကမာ္ဘလုံးက ပါရှားလို့ဘဲ သိထားတယ်။ ပါရှန်း အင်ပါယာနဲ့ အီရန်နဲ့ အခုမှဘဲ ဆက်စပ်မိတော့တယ်။ ပြီးတော့ အီရန်မှာ နေတာ ပါရှန်းလူမျိုးတွေတဲ့။ အာရပ်နိုင်ငံတွေနဲ့ နီးနေတော့ အာရပ်လူမျိုးတွေများလားလို့ ထင်နေခဲ့တာ။

အဲဒီကောင်မလေးက Esfahan ဆိုတဲ့ မြို့ကပါ။ "Esfahan is half of the world" ဆိုပြီး ဒီမြို့ရဲ့ အလှအပကို ပြင်သစ်စာဆို တစ်ဦးက ဆိုခဲ့ဖူးတယ်တဲ့။ Esfahan မြို့ရဲ့ ဓာတ်ပုံတွေကြည့်ပြီး ပုံပြင်တွေထဲက ပါရှန်း အင်ပါယာကိုတောင် ပြန်မြင်ယောင်လာတယ်။ တို့နိုင်ငံမှာလည်း လှတဲ့နေရာတွေ အများကြီး ရှိပါတယ်ကွယ်။

မှတ်သားစရာ အကောင်းဆုံးကတော့ သူတို့ရဲ့ ရုံးချိန်ဘဲ။ အီရန်က ရုံးတော်တော်များများ မနက်၈နာရီကနေ နေ့လည် ၁၂ နာရီလောက်ထိ အလုပ်လုပ်တယ်တဲ့။ ပြီးတော့ အားလုံး အိမ်ပြန် ထမင်းစားကြပြီး တရေးတမော အိပ်ကြတယ်ဆိုဘဲ။ သူတို့က နေ့လည်စာကို လုံးဝ heavy စားတာ။ ပြီးမှ ညနေ ၄နာရီကနေ ည ၉နာရီလောက်ထိ အလုပ်ဆက်လုပ်ကြတယ်တဲ့။ ဒါကြောင့် နေ့လည်ပိုင်းအချိန်ဆိုရင် မြို့ထဲမှာ လူရှင်းနေတတ်ပြီး ဖျားရင်တောင် ဆေးခန်းကို မနည်း လိုက်ရှာရတယ်တဲ့။ ကမာ္ဘပေါ်မှာ ဒီလိုရုံးချိန်မျိုး ရှိတဲ့ နိုင်ငံရှိတယ်ဆိုတာ အခုမှဘဲ ကြားဖူးတော့တယ်။ ဆိုးတော့ မဆိုးပါဘူး။ ထမင်းစားပြီး ခဏပေးအိပ်လိုက်တော့ အလုပ်ပြန်လုပ်ရင် productivity တက်လာမယ်ထင်တယ်။

နောက်တော့လည်း ဆက်ပြောရင်း သမိုင်းကြောင်းတွေ ရောက်သွားတယ်။ သမိုင်းရေးရင်တော့ ဖတ်တဲ့သူတွေ အိပ်ပျော်သွားလိမ့်မယ်။

ဒီလောက် နိုင်ငံပေါင်းစုံက ကျောင်းသားတွေ ရှိတဲ့ ကျောင်းမှာ လေးနှစ်တက်ခဲ့တာတောင် ကျမရဲ့ ဗဟုသုတက တော်တော့်ကို နည်းနေသေးတယ်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း...



Proud for KICT


Just now, I happened by to browse through KICT’s APC-ACM-ICPC Programming Contest photo gallery, an event took place on 4th-5th December, 2007.


… I feel proud and delighted to see the event hosted by KICT.
… Makes me kinda miss my student life.
… Remind me of the good old days in programming contests.
… The participants’ joy, anxiety, nervousness, satisfaction, frustration, unity, impatience, concentrations and such such feelings that they might have had encountered during the 5 hours were seemed transferred towards me, as browsing through the gallery.


Congratulations to the winners! And of course, even if you are not the winner, I congratulate you for having enough self-confidence to join the competition.

Let me end this with a few quotes regarding competitions:
  • * Live daringly, boldly, fearlessly. Taste the relish to be found in competition - in having put forth the best within you. (Henry J. Kaiser)
  • * Besides winning, the most fun thing is getting out there and mixing it up with friends; it's the competition. (Al Unser, Jr.)
  • * Competition is the whetstone of talent. (Traditional Proverb)
  • * Enjoy the successes that you have, and don't be too hard on yourself when you don't do well. (Patty Sheehan )

~ Happy Programming ~ wink


Last Saturday


I attended a friend’s wedding at Shah Alam last Saturday. Since I knew both the bride and the groom, I decided to go though I never know how to go to Shah Alam. This cute little bride has written a ‘how to’ for getting there when she gave me the invitation card. The reception was from 12:00 - 4:00pm. I budgeted that I would arrive there around 1:30PM. Requested a friend to accompany me, we set out for LRT around 12:00 noon.

Unexpectedly, the train halted suddenly somewhere near nowhere of Wangsa Maju station. After about half an hour, it started moving at a speed of a tortoise with sudden breaks whenever it wanted and taking rest about 5 minutes at each station. I was just worried that the food is going to finish. (not kidding  ) Luckily, we arrived at the reception around 3:00PM, greeted the bride and the groom then rushed for food.
Heartiest congratulations to Naufal and Hasnah!! Tahniah kepada Naufal dan Hasnah, semoga berkekalan hingga ke akhir hayat.

This is my first time ever attending a (pure) Malaysian wedding. But couldn't able to get a full picture of Malay customs since i get there quite late. Met a few friends, chit chatted, observed the people around, time came to go back. We took a cab to the Shah Alam KTM station. Then, another problem started here. After the driver drove for a few minutes, he started saying that he didn’t know the way since he drove a passenger from KL to Shah Alam. The driver was hoping that I would tell him how to go. How am I supposed to know? Just imagine how I get back to KL with my poor Bahasa Melayu with his hard to understand BM.
Do{
Drive();
Stop();
askDirectionFromPeopleAtBusStop();
found = foundTheWay();
}while(found != ‘y’);
After going through that loop for about 5 times, he got exhausted. Then he started asking people the way to KL Central. The driver offered to send us to KL Central Station by RM20. We agreed for RM 17 after bargaining. With worries on all the way back, we get back to KL finally. Huhuuuuuuuuuuuuu…… What an exciting day! rolleyes

credits: photo from Humaimee


Gmail's group chat and smileys


I just noticed gmail's new features: group chat and smileys. (smileys doesn't come out this nice on IE, the screenshot beside is on Firefox.) Nice, huh.. there are tons of nicer smileys in YM.. but whatever, i prefer gtalk to any other IM services. wink








...


IT and Gender

IT and Gender ဆိုတဲ့ topic ကို အမြဲ တွေ့နေရတယ်။ IT field ကို စဝင်ကတည်းက သူငယ်ချင်းတွေ ဆရာတွေ အမြဲ ပြောနေကြပေါ့။ အစတုန်းကတော့ ကျမ လက်မခံနိုင်ခဲ့ဘူး။ မိန်းကလေးတွေကို ယောကျာ်းလေးတွေလောက် မတော်ဘူး၊ IT field မှာ ဝင်ဆံ့ဖို့ မလွယ်ဘူး လို့ ပြောတာလောက် မုန်းတာ မရှိခဲ့ဘူး။ အရင်တုန်းကပါ။ အခုတော့လည်း လက်ခံသင့်သလောက်တော့ လက်ခံနိုင်ခဲ့ပါပြီ။

ကျမ Computer Science ကို လေးနှစ်တက်ခဲ့တယ်။ (ကျောင်းပြီးတာ မနေ့တစ်နေ့ကပေါ့။) အမြဲလည်း စဉ်းစားခဲ့တယ်။ IT field မှာ ကျွမ်းကျင်မှုက Gender နဲ့ ဆိုင်သလားဆိုတာပေါ့။ ကျမကို သင်ခဲ့တာ ဆရာမထက် ဆရာအရေအတွက်က ပိုများလိမ့်မယ်လို့ ထင်တယ်။ တော်တဲ့ ဆရာမတွေ ရှိပါတယ်။ ဒါပေမယ့် အများအားဖြင့် စာတွေ ဖတ်ပြနေတာဘဲ များတယ်။ ဆရာတွေလောက် လက်တွေ့ပိုင်းမှာ သိပ်မသင်ပေးနိုင်ဘူး။ စာအတူလုပ်၊ assignment, project အတူလုပ်ခဲ့ဖူးတာလည်း မိန်းကလေး သူငယ်ချင်းထက် ယောကျာ်းလေး သူငယ်ချင်းက ပိုများတယ်။ ယောကျာ်းလေးတွေက စာသာ မရရင်နေမယ်။ လက်တွေ့ပိုင်းမှာတော့ အမြဲတမ်း မိန်းကလေးတွေထက်သာတယ်။ မိန်းကလေးတွေက သင်ရိုးညွှန်းတမ်းကို ကျေအောင် ထိုင်ဖတ်နေတဲ့ အချိန်မှာ သူတို့က စာနဲ့ မဆိုင်တဲ့ technology အသစ်တွေကို စမ်းသပ်နေမယ်။ စိတ်ဝင်စားတာ တစ်ခုခုတွေ့ပြီဆိုရင် မပြီးမချင်း မစားမသောက်၊ စာမေးပွဲ ကျချင်ကျဆိုပြီး သူတို့ စိတ်ဝင်စားတာကိုပြီးအောင် လုပ်လိမ့်မယ်။ ကျမတို့တော့ အဲလိုဘယ်လုပ်နိုင်ပါ့မလဲ။ စာမေးပွဲကျမှာကို ကြောက်ရတာနဲ့ အမှတ်များချင်ရတာနဲ့ တစ်ခြားစိတ်ဝင်စားတာတွေကို လှည့်မကြည့်နိုင်ဘူးဖြစ်နေတာ။ ဉာဏ်ကလည်း တော်တော်ကောင်းကြတယ်။ စာမေးပွဲအတွက် ကျမတစ်ပါတ်လောက် ကျက်ရတဲ့ စာကို သူတို့တွေက တစ်ရက်တည်းနဲ့ ပြီးအောင် ကျက်ကြတယ်။ လေးစားပါတယ်။

နောက်ပြီး အံ့ဩသွားတာက တစ်ရက်ကပေါ့။ design project presentation မရောက်ခင် တစ်ရက်အလို မိန်းကလေးတွေအားလုံး ဒီဇိုင်းလုပ်ဖို့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ကိုယ်တော်ချောတွေက ဘာလုပ်နေတယ်ထင်လဲ။ Adobe Photoshop CS3 နဲ့ လုပ်ချင်လို့ RapidShare ကနေ download လုပ်ပြီး crack ထိုင်ရှာနေတယ်။ project ပြီးပြီး မပြီးပြီး သူတို့က သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ လုပ်ချင်တာ လုပ်ရရင် ပြီးရော။

နောက်တစ်ခုက conversation.. ကျမသတိထားမိသလောက် မိန်းကလေးတွေရဲ့ conversation မှာ latest technology အကြောင်းတွေ မပါသလောက်ကို ရှားတယ်။ IT ကျောင်းသူအချင်းချင်းတွေ့ရင်တောင် အားလို့ မပြောကြဘူး။ ယောကျာ်းလေးတွေကြတော့ မဟုတ်ဘူး။ တစ်ယောက်ယောက်က တစ်ခုခု သိပြီဆိုတာနဲ့ ပြောကြဆိုကြ ငြင်းကြ ခုံကြပြီ။ အဲဒါ ဘယ်လို ခေါ်မလဲ။ သဘာဝလို့ဘဲ ခေါ်မလား။

နောက်… IT ကျောင်းသူ အများစုက windows ကို format ချရမှာ သေမလောက် ကြောက်နေကြတဲ့ အချိန်မှာ ယောကျာ်းလေးတွေက windows format ချတာ မပြောနဲ့ dual boot သွင်းတာတောင် game ကစားသလောက် ခက်တယ်လို့တောင် မမှတ်ကြဘူး။ windows crash ဖြစ်သွားရင် မိန်းကလေးတွေက ကမာ္ဘပျက်မလောက် ဝမ်းနည်းနေတဲ့ အချိန်မှာ သူတို့ကတော့ အေးဆေးဘဲ။ crash ဖြစ်တော့လည်း အသစ်သွင်းတာပေါ့တဲ့။

ပြီးတော့ ကျမတို့တွေ final year project ကို ကုန်းရုန်းပြီး လုပ်နေတဲ့ အချိန်မှာ အတန်းထဲက ကျောင်းသားတွေက windows ကို Mac ပုံစံထွက်အောင် effect ထည့်ရတာနဲ့ SUSE တို့ Windows XP တို့မှာ Vista လို Aero effect ရအောင် ပြောင်းနေတာနဲ့ အချိန်ကုန်နေတယ်။ တကယ်လည်း presentation ရောက်ရော စာနဲ့ဆိုင်တာကော မဆိုင်တာကော ထည့်ပြောပြီး အမှတ်တွေ အများကြီး ရသွားကြတယ်။

IT field မှာ ဘာလို့ ယောကျာ်းလေးတွေ ပိုပြီးအောင်မြင်နေရသလဲဆိုတော့ သူတို့က လုပ်ချင်တာကို ဦးစားပေးပြီး ကျမတို့တွေက လုပ်သင့်တာကို ဦးစားပေးနေလို့ လို့ဘဲ conclusion ဆွဲလိုက်ရမယ်ထင်ပါတယ်။ အဲဒါဘဲ ကောင်းပါတယ်။ အားလုံး လုပ်ချင်တာတွေ တူနေရင် လောကကြီးက မမျှတဘဲ တစ်ဘက်စောင်းနင်း ဖြစ်သွားမှာပေါ့။

(ယောကျာ်းလေးတိုင်း တော်သည် လို့ မပြောချင် သလို မိန်းကလေးတိုင်း မညံ့ပါ။ general အရ ပါတ်ဝန်းကျင်မှ လူများကို အခြေခံပြီး ကျမအမြင်ပါ။)


သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ

စာမေးပွဲ တွေလည်း ပြီးသွားပြီ။ အောင်စာရင်းလည်း ထွက်ပြီ။ ကျောင်းတွေလည်း ပိတ်ပြီနော်။

ကျောင်းလေးနှစ် တက်ခဲ့တာ မှတ်မှတ်ရရ တို့တွေ စသိခဲ့တာ second year မှာပေါ့။ နင်စပို့ခဲ့တဲ့ “ဒီတစ်ပါတ် public speaking အတန်း ရှိလား” ဆိုတဲ့ sms က ငါတို့ခင်မင်မှုရဲ့ အစဖြစ်လိမ့်မယ်လို့ အဲဒီတုန်းက ထင်မထားခဲ့ဘူး။ လူတွေနဲ့ သိပ်စကားပြောလေ့ မရှိလို့ ငါ့မှာ သူငယ်ချင်း များများ စားစား မရှိဘူး။ အဲဒီsemester က database အတန်းကနေစပြီး နင့်ကို သတိထားမိခဲ့တယ်။ ဉာဏ်အရမ်းကောင်းပြီး စာကြိုးစားတဲ့ နင့်ကို ကြည့်ပြီး စာကျက်ရမှာ ပျင်းတဲ့ ငါ.. စာကြိုးစားချင်စိတ် ပေါက်လာခဲ့တယ်။ နင့်ရဲ့ ခုံနံပါတ်ကို အလွတ်ကျက်ပြီး အမှတ်စာရင်းထွက်တိုင်း ကြည့်ခဲ့တယ်။ (နင်လည်း အမှတ်စာရင်းရရင် ငါ့စာရွက်ကို အနောက်ကနေ မရရအောင် ကြည့်နေတယ်ဆိုတာ ငါသိပါတယ်။) ဘယ်သူ့ထက်မှ မသာရင်နေ.. နင့်ထက် ဝ.၅ မှတ် လောက် ပိုရင်ဘဲ ငါကျေနပ်နေမိတယ်။ အဲဒီအချိန်ကစပြီး နင်က ငါ့ရဲ့ inspiration ဖြစ်ခဲ့တယ်လို့ပြောရင် နင့်ယုံမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။



နင်နဲ့ တူခဲ့ဖူးတဲ့ class တွေကို အတိအကျ မမှတ်မိတော့ ပေမယ့် နင်ရှိတဲ့ အတန်းတိုင်းမှာ ငါပိုပြီး စာကြိုးစားဖြစ်ခဲ့တာတော့ အမှန်ဘဲ။ အဲဒါ မနာလိုတဲ့ စိတ်နဲ့တော့ မဟုတ်ဘူး။ သူတောင် ဒီလောက် ရရင် ငါဘာလို့ မရနိုင်ရမှာလဲ ဆိုတဲ့ စိတ်နဲ့လေ … အထူးသဖြင့် network and system administration အတန်းမှာပေါ့။ Computer Science မှာ အတန်းတွေ တက်လာတာ အဲဒီအတန်းလောက် ဘယ်တုန်းကမှ စိတ်မပျက်ဖူးဘူး။ networking အခြေခံ ကောင်းကောင်းမရှိခဲ့ဘဲ အတန်းထဲ ရောက်တာနဲ့ တစ်ခါမှ မသုံးဖူးတဲ့ Linux မှာ ဆာဗာထောင်ခိုင်းတော့ လဲသေချင်စိတ်တောင် ပေါက်သွားတယ်။ network အကြောင်းကို စီကာ ပါတ်ကုံးပြောနိုင်တဲ့ နင့်ကို အားကျပြီး စာတွေ အများကြီး ဖတ်ဖြစ် ခဲ့တယ်။ အရင်က networking ကို သေမလောက် ကြောက်တဲ့ငါ advance networking ကို elective အနေနဲ့ ယူဖြစ်ခဲ့တယ်။ နောက်တော့ အတန်းတူတိုင်း ငါတို့ group project တွေ အတူတူ လုပ်ဖြစ်ခဲ့တယ်နော်။ မဟုတ်ရင် free-rider တွေကြောင့် စိတ်ညစ်ခဲ့ရပေါင်းလည်း မနည်းတော့ဘူး။

နင့်ကို တစ်ခြားသူတွေထက် ပိုခင်တဲ့ အချက်ကတော့ တစ်ကျောင်းလုံးမှာ sms ပို့လိုက်ရင် ချက်ချင်း ပြန်တဲ့သူဆိုလို့ နင်တစ်ယောက်ဘဲ ရှိလို့။ အမြဲ စက္ကန့်ပိုင်းအတွင်း reply ပြန်ရလို့ တော်ရုံသိချင်တာဆို နင့်ကိုဘဲ မေးဖြစ်ခဲ့တယ်။ နောက်ပိုပြီးလေးစားသွားတာကတော့ “Hard work is more important than excellence” ဆိုတဲ့ နင့်ရဲ့ ဆောင်ပုဒ်ကြောင့်ဘဲ။ နင်က ဘယ်တော့ မှ end result ကို မကြည့်ဘူး။ စာမေးပွဲမှာ A ရရ Bရရ နင့်အတွက်က ကြိုးစားဖို့က ပိုအရေးကြီးတယ်လို့ အမြဲပြောခဲ့တာတွေက ငါ့အတွက် တန်ဖိုးရှိတဲ့ အားပေးစကားတွေ ဖြစ်ခဲ့တယ်။ အမြဲကြိုးစားနေတဲ့ နင့်ရဲ့ time management လုပ်ပုံ တွေကို ကြည့်ပြီး အကြိမ်ကြိမ် အားကျခဲ့ရတာ နင်သိချင်မှ သိမှာ။ design အရမ်းတော်တဲ့ နင့်ကို အားကျပြီး web design တွေကို အားတဲ့အချိန်မှာ လေ့လာဖြစ်ခဲ့တယ်။

Industrial attachment လျှောက်ဖို့ ဒုက္ခရောက်နေတဲ့ အချိန်မှာ နင် အားပေး ကူညီ ခဲ့တာတွေကို ဘယ်တော့ မှ မမေ့ပါဘူး။ Every small little thing has meant a lot to me.

ငယ်ငယ်ကတည်းကနေ အခုချိန်ထိ သူငယ်ချင်းဆိုတာ လက်ချိုးရေလို့ရတဲ့ ငါ့ရဲ့ သူငယ်ချင်းတွေထဲက သူငယ်ချင်း တစ်ယောက်ဖြစ်ခဲ့လို့ အရမ်းကို ကျေးဇူးတင်တယ်။

နင့်ကြောင့် ငါ့ရဲ့ ကျောင်းသား ဘဝ ပိုပြီး အဓိပ္ပါယ်ရှိခဲ့တယ်ဆိုတာတော့ အမှန်ပါဘဲ။

Thanks for being my friend.. When I’m blessed with a friend like you, my memories are always worth treasuring.

~ သဉ္ဖာ ~


… ဆက်ပါဦးမည် …


Final Exam Result

My final year final semester's final exam result is out today.. But sadly, when i try to check, the following page appears! sob.. sob..


First time and last time i ever got a compound throughout this four years. Just wanna save the screenshot of this page. as a remembrance..

It makes me looks like a bad student, huh??

Follow up: With the great advice from a friend, i'm able to check the results from Graduation Audit. Then the CGPA, just calculated myself. Just knew that many students were surviving this way without settling compound wink


Exams.. exams

Already get done with all the exams today. (As i used to say, last paper of my student's life though a lot of people argued on this fact. :) )

I could answer today's paper quite well (except i forgot to bring ruler and hence my student card was used to draw lines, lol, a multipurpose card, indeed!!), not like the first paper when i woke up 15 minutes before 9:00 and arriveed to exam hall 15 minutes late. My gosh!!! that's the first time and last time happened in my whole student's life. I couldn't think of "what if".

Still can't get back to blogging yet. A long to-do-list is queueing on my notice board. I used to wait and enjoy the last day of exam every semester, but this time, it havn't become a being awaited day..

Life still goes on...


FYP CS showcase









Final Year Project showcase မနေ့ကဘဲ ပြီးသွားပါတယ်။ review ကို စာမေးပွဲ ပြီးတော့ အားမှဘဲ ရေးတော့မယ်။ လာရောက် အားပေးသွားတဲ့ သူငယ်ချင်းတွေကော၊ YM, gtalk, blog ကနေ အားပေးတဲ့ သူတွေကိုကော အထူးဘဲ ကျေးဇူးတင်ပါတယ်။ (သဉ္ဖာ့ project က အောက်ဆုံးတစ်ခု.. ပိုစတာ လှတယ်မလား။ သဉ္ဖာလုပ်ထားတာတော့ မဟုတ်ဘူး။ ဟီး...) Wednesday က တစ်ညလုံး ပြင်ဆင်နေလို့ အိပ်တောင် မအိပ်လိုက်ရဘူး။ မနေ့ကလည်း တစ်နေကုန် (10:00AM - 5:00PM) ရပ်ပြီး စကားတွေဘဲ ပြောနေရတော့ တော်တော် ပါးစပ်ညောင်းသွားတယ်။ နေ့လည်စာတောင် မစားလိုက်ရဘူး။ တစ်နေကုန်လုံး စမူဆာ သုံးခုနဲ့ ပြီးသွားတယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ပြီးသွားတာဘဲ..

Overall, I'm satisfied with it!!! Thanks to everyone .. FYP supervisor, coordinator, my group mate, all my other FYP mates and everyone who has directly and indirectly helped us..


လတ်တလော အခြေအနေ

ကိုယ့်ကိုကိုယ်တောင် ဘာတွေ ဖြစ်နေပြီလဲ မသိတော့ဘူး။
အခန်းထဲက နာရီလည်း ရပ်နေတာ သုံးပါတ်လောက် ရှိပြီ။ ဓာတ်ခဲ ဝယ်ဖို့ မေ့မေ့နေတယ်။ အိပ်တဲ့ စားတဲ့ အချိန်တွေလည်း ကမောက်ကမ.. မနက် ၆ နာရီကနေ နေ့လည် ၁ နာရီက အိပ်ချိန် ဖြစ်နေတယ်။ ဝယ်ကတည်းက ပျက်နေတဲ့ printer တစ်လုံးကို လည်း ပြင်မလို့ လုပ်နေတာ သုံးလလောက်တောင် ရှိပြီ။ အခုထိ မပြင်သေးဘူး။ ဖိနပ်ပြတ်သွားတာလည်း လေးလလောက်ရှိပြီ။ ဝယ်ဖို့မေ့နေလို့ သူများ ဖိနပ် ငှားစီးနေရတယ်။ assignment တွေလည်း မပြီးသေးဘူး။ ဆရာတွေနား project extension မတောင်းစဖူး သွားတောင်းနေရတယ်။ လူလဲ လူနဲ့ သိပ်မတူချင်တော့ဘူး။
Hope everything will get back to normal after the FYP presentation!! ~ sigh ~

(project မပြီးသေးဘဲ ဘာလို့ ဘလော့ဂ်ရေးနေတာလဲ။ သွား.. မြန်မြန်ပြီးအောင်လုပ်။
လုပ်မှာပါ။ စိတ်ညစ်လာလို့..)

သွားပြီကွယ်..


A busy day

Guess how busy am i.. time is running out... only 17 days to go!!!
During the final week of semester as usual, i have become a multi-tasking lady.
Why not give a guess what things i'm up to??? =)



My last 20 days of being a student

Some of you might get little surprised if i say i went to school at the age of two and a half (of course it's a pre-school anyway)?? It's quite common in my country. Thinking back, from that age till now, about 20 years, I spent my life more at school rather than at home.

My student life approaches to an end (maybe for a few years or forever). When i noticed there is only 20 days left for me being a student, it makes me think about my life "Thinzar - a student". :)

Hardly could i remember in my life so far that i have a long vacation. During my primary & high-school life, i was at BEHS from June to February and went to chinese school during whole summer vacation. After high school board exam, i was back at Chinese school again till i started my college. A month after I finished my second year in Myanmar, i continued my days as university student here in IIUM. Never did i had vacation more than a month.

After 20 days, Thinzar is no more a student. Am i happy or sad???? I also have no answer.

-----------------------------------------------------------
BEHS - Basic Education High School


MAGIC

TRY!
MAGIC #1
An Indian discovered that nobody can create a FOLDER anywhere on the
Computer which can be named as "CON". This is something pretty
Cool...and Unbelievable. ... At Microsoft the whole Team, couldn't answer why this happened !
TRY IT NOW ,IT WILL NOT CREATE " CON " FOLDER


MAGIC #2

For those of you using Windows, do the following:

1.) Open an empty notepad file
2.) Type "Bush hid the facts" (without the quotes)
3 .) Save it as whatever you want.
4.) Close it, and re-open it.


MAGIC #3

Open Microsoft Word and type

=rand (200, 99)

And then press ENTER
Then see the magic...

MAGIC #4

Open notepad
type .LOG
Save the file in any filename you like
Close the file and open it again in notepad.
You will see the current time and date.

forward email တစ်ခုကနေ ရတာကို တင်ထားတာပါ။

--------------------------------------------------
SOME EXPLANATION:

#1. CON, PRN, AUX, CLOCK$, NUL, COM1, COM2, COM3, COM4, COM5, COM6, COM7, COM8, COM9, LPT1, LPT2, LPT3, LPT4, LPT5, LPT6, LPT7, LPT8, LPT9, etc are Windows' reserved device names from the early days of DOS.

#2. A character encoding problem caused this error. Known to be Notepad misinterpret ASCI as unicode. Another phrase case this problem is "
Bill fed the goats". This is known to be corrected in Notepad of Windows Vista.


HAPPY BIRTHDAY


Happy Birthday ခိုင်စု!!
အမြဲ တခစ်ခစ် ရယ်နေတတ်သော ချစ်သူငယ်ချင်း၊ အသက် (၁၁ x ၂) နှစ် မြောက် မွေးနေ့ အမှတ်တရ
စာတွေ ပေတွေ ရေးပြီး ဆုမတောင်းပေးတတ်ပေမယ့် "မွေးနေ့မှာ ပျော်ရွှင်ပါစေ" ဆိုတဲ့ wish လည်း ဆုတောင်း အရှည်ကြီးတွေကို မှီနိုင်ကောင်းပါရဲ့။


Sound Editing Software

သီချင်းတွေကို ဖြတ်ညှပ်ကပ် လုပ်ချင်ရင်ဖြစ်ဖြစ်၊ Record လုပ်ထားတဲ့ sound file တွေကို edit လုပ်ချင်ရင် ဖြစ်ဖြစ် Audacity ဆိုတဲ့ software လေးကို သုံးကြည့်ပါ။ OpenSource ဆိုတော့ free download လုပ်လို့ ရပါတယ်။
(ကျမကတော့ ဒီ software သုံးပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဖြတ်ပြီး ringtone လုပ်ဖို့ သုံးတာ များပါတယ်။ ပိုက်ပိုက် မကုန်တဲ့ နည်းပေါ့။)

Audacity Windows Website မှာ download လုပ်ပါ။ ထုံးစံအတိုင်း next -> next -> next များကို နှိပ်ပြီး install လုပ်ရပါမယ်။

mp3 များကို ဖြတ်ညှပ်ကပ်လုပ်ရန်
၁။ File -> Open မှတဆင့် mp3 တစ်ပုဒ်ကို ရွေးပါ။
၂။ အောက်ပါအတိုင်း သံစဉ်လှိုင်းများ ပေါ်လာလျှင် မိမိ အလိုရှိသော သံစဉ် အပိုင်းကို select လုပ်ပါ။ (မိမိ အလိုရှိသော အပိုင်းကို အတိအကျသိရန် play လုပ်ပြီး အချိန် အပိုင်း အခြားကို သေချာ မှတ်သားထားပါ။)

၃။ လိုချင်သော အပိုင်းအခြားကို select လုပ်ပြီးလျှင် Edit -> Trim လုပ်ပါ။
၄။ File -> Export as mp3 မှာ အမည်တစ်ခု ပေးပြီး save လုပ်မည်ဟု နှိပ်လိုက်လျှင် အောက်ပါ မေးခွန်းကို မေးလိမ့်မည်။ dll ကို allocate လုပ်ခိုင်းခြင်း ဖြစ်သည်။ (software ကို ပထမဆုံး အကြိမ် သုံးသည့် အချိန်တွင်သာ မေးလိမ့်မည်။ )
၅။ ဒီအတွက် ဒီနေရာ ကို ပြန်သွားပြီး LAME mp3 encoder ဆိုတာကို download လုပ်ပြီး Audacity install လုပ်ထားသော folder ထဲမှာ ထည့်ထားပါ။
အထက်ပါအတိုင်း lame_enc.dll ကို open လုပ်လိုက်ပါ။ သီချင်း ဖြတ်ခြင်း ဤတွင် ပြီးဧ။်။


မကွေးမြို့သို့ တစ်ခေါက်

ဒီတစ်ခေါက် မြန်မာပြည်ပြန်တော့ မကွေးမြို့ကို တစ်ခေါက် အလည် ရောက်ခဲ့တယ်။ ကားစီးပြီး ခရီးသွားရမှာကို အရမ်းကြောက်တဲ့ကျမ တော်တော်နဲ့ ခရီး မထွက်ဖြစ်တာ ကြာခဲ့ပါပြီ။ ဒီတစ်ခါတော့ မကွေးကို ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ထားတော့လည်း ကားမစီးလို့ မရတော့ပါဘူး။ ကားဂိတ်ရောက်တော့ စီးရမယ့် ကားကိုမြင်လိုက်တာနဲ့ အရမ်းငိုချင်သွားတယ်။ အိမ်ပြန်ပြေးရင် ကောင်းမလားလို့တောင် စဉ်းစားမိတယ်။

တောင်ကြီးကနေ မကွေးကို တိုုက်ရိုက် ရောက်တာ ဒီကားမျိူးဘဲ ရှိသတဲ့။ တော်တော့်ကို အားမွေးပြီး ကားပေါ် တက်လိုက်ရတယ်။ ကားထဲမှာလည်း ခြေချစရာနေရာတောင် မရှိအောင် ကုန်တွေ အပြည့်တင်ထားတော့ ကိုယ့်နေရာကိုယ်ရောက်အောင် မနည်း ကုန်းကွပြီး သွားရတယ်။ လမ်းခရီးကအကြောင်းတော့ ထွေထွေထူးထူး ရေးမနေတော့ပါဘူး။ ကုန်အပြည့်တင်ထားတဲ့ ဒီလိုကားမျိုးထဲမှာ လူကလည်း အပြည့် အဲယားကွန်းလည်းမပါဆိုတော့ ဘယ်လောက်ပျော်ဖို့ ကောင်းမလဲဆိုတာ စဉ်းသာ စားကြည့်ပါတော့။ (လူသာ အရည်ပျော်တတ်ရင် ပျော်သွားပြီ။)

ဒီလိုနဲ့ ညနေ ၃ နာရီလောက် တောင်ကြီးကနေထွက်ခဲ့တာ နောက်နေ့မနက် ၆နာရီလောက်ကြတော့ မကွေးတိုင်း အဝင်ကို ရောက်လာခဲ့တယ် ဆိုပါတော့။ တစ်နေရာရောက်တော့ ကားက တုန့်ကနဲ ရပ်သွားပြီး အပြင်ဖက်က ဆူဆူညံညံတွေ ကြားလိုက်ရတော့ အိပ်ငိုက်နေတဲ့ မျက်လုံးကို မနည်းဖွင့်ပြီး စူးစမ်းရပြန်တယ်။ လားလား.. အရှေ့ဖက်မှာ နုန်းတွေ ပြည့်နေတဲ့ ချောင်းတစ်ချောင်း ကို တွေ့တယ်။ ရေတော့ မရှိဘူးပေါ့။ ဒေါင်းသေချောင်းလို့ ခေါ်တယ်ဆိုဘဲ။ ကားကို အရှိန်မြှင့်ပြီး အဲဒီချောင်းကို ဖြတ်မောင်းရတယ်။ မိုးအရမ်းကြီးပြီး ချောင်းထဲမှာ ရေပြည့်နေရင် အဲဒီရေတွေ မကျသွားမချင်း ကားတွေ အားလုံးတန်းစီ စောင့်ရတယ်တဲ့။ အခုတော့ ချောင်းကူး တံတား စီမံကိန်း စနေပါပြီ။

မနက် ရနာရီလောက်မှာ မကွေးမြို့ကို ရောက်သွားပါတယ်။ တော်တော်ခရီးပန်းနေတဲ့ ကြားက ကျမကို မပြုံးဘဲ မနေနိုင်အောင် ဖမ်းစားလိုက်တာကတော့ “တုတ်တုတ်” လို့ ခေါ်တဲ့ သုံးဘီး ဆိုင်ကယ်လေးတွေပါဘဲ။ အဲဒီ “တုတ်တုတ်” ဆိုတာ ဘဝမှာ အခုမှ ကြားဖူးတာဆိုတော့ တော်တော်ကြာကြာအထိ အူနှိပ်ရယ်နေမိတယ်။ “တုတ်တုတ်” “တုတ်တုတ်” -- နာမည်ကတော့ ချစ်စရာလေး။ (နောက်တော့ သူများ ပြောပြမှ သိတယ်။ ထိုင်းနိုင်ငံမှာလည်း ဒါမျိုးရှိပြီး သူတို့လည်း “တုတ်တုတ်” လို့ ခေါ်တယ်တဲ့။)

ဒရိုင်ဘာကို နည်းနည်း စပ်စုကြည့်လိုက်တော့ အဲဒီ “တုတ်တုတ်” တွေကို ရေနံချောင်းမြို့က စက်မှုဇုံက ထုတ်လုပ်တာလို့ သိရပါတယ်။

ဧရာဝတီမြစ် နဲ့ ဧရာဝတီ တံတား ပုံကိုတော့ အမှတ်တရ ရိုက်ခဲ့လိုက်တယ်။ တံတားရဲ့ တစ်ဖက်ခြမ်းမှာ မင်းဘူးမြို့ ရှိပါတယ်။

မြန်မာပြည် အလယ်ပိုင်း အလွန်ပူပြင်းတဲ့ နေရာမှာ ဒီလို စိမ်းလန်းစိုပြည်နေတဲ့ နေရာကိုတွေ့တော့ ကြည်နူးစရာဘဲ။ (မြို့အပြင်ဘက် ဆေးတက္ကသိုလ်သွားတဲ့လမ်းပါ။) အပင်နာမည်တော့ မေ့သွားပြီ။ ပန်းနီနီရဲရဲ လေးတွေ ပွင့်နေပါတယ်။ (စိန်ပန်းနီ လိုလိုဘဲ။)

မကွေးမြို့ကို တော်တော် စည်ကားသွားစေခဲ့တာကတော့ မကွေးဆေးတက္ကသိုလ် ပါဘဲ။ မြန်မာပြည်ရဲ့ စတုတ္ထမြောက် ဆေးတက္ကသိုလ်ပါ။ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့ ပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းကလွဲရင် ကျန်တဲ့ တိုင်းနှင့်ပြည်နယ်က ကျောင်းသားတွေကို အနာဂတ်ဆရာဝန်လောင်းများအဖြစ် လေ့ကျင့် သင်ကြားပေးမယ့် နေရာလေးပေါ့။

မကွေး ဆေးတက္ကသိုလ်ရဲ့ အဝင်က အဆောက်အဦးပုံ မကွေးမြို့ပြင်နားက ထန်းတောလေးကို ရိုက်ထားတာပါ။ အညာဒေသ ဆိုတာ ဒါမျိုးပါလား။ တော်တော် လျှောက်လည်း ဖြစ်ခဲ့ပေမယ့် ရာသီဥတု အလွန်ပူပြင်းတဲ့ အညာဒေသမှာ ကျမ ေတောင်ကြီးသူ အပူဒဏ်ကို ဆက်မခံနိုင်တော့လို့ သုံးညလောက်နေပြီး တောင်ကြီးမြို့ကို ပြန်ပြေးခဲ့ပါတယ်။


Apache Tomcat on Windows Vista

I have installed Apache Tomcat 6.0 on my Vista Home to run Servlets. A normal windows service installer (.exe) didn't work on my Vista. It works for once but u can't even start tomcat after reboot. After some googling, I found one gentleman who advice to download tomcat (.zip) file instead of *.exe . With that advice together with all the step by step tutorial from Configuring & Using Apache Tomcat 6, finally the Apache Tomcat 6 is up and running fine on my vista. That long tutorial can give you a headache, but following each and every step will guide you to the end!!

Setting Environment variables
Start -> Control Panel -> Systems -> Change Settings -> Advanced Tab -> Environment variables

Edited environment variables

CLASSPATH C:\apache-tomcat-6.0.13\lib\servlet-api.jar;C:\apache-tomcat-6.0.13\lib\jsp-api.jar;C:\Servlets;
JAVA_HOME C:\Program Files\Java\jdk1.6.0_02
TOMCAT_HOME C:\apache-tomcat-6.0.13
PATH xxxxxxxxx ;C:\Program Files\Java\jdk1.6.0_02\bin;

Connecting to MySQL
I'm using mySQL so I also need a JDBC driver.
1. download it from MySQL Connector/J
2. There are 2 places to put it
a. Place the mysql-connector-java-5.1.7-bin.jar under yourDevelopmentFolder/lib (or)
b. Place mysql-connector-java-5.1.7-bin.jar under TOMCAT_HOME/lib


--So, don't believe if people says Windows Vista sucks for programming environment. When there is a will, there is a way!--


~ Happy Programming ~

Windows Vista and Compatibility issue

Windows Vista မှာ software တဲ့အခါ အများအားဖြင့် compatibility issue တက်နေတာက များနေတယ်။ “The software is not compatible with current version of Windows. Check the solution online.. ဘာညာ ဘာညာ..” ဒီလိုမျိုးတွေ လာပြနေပြီဆိုရင် installer file (.exe) ပေါ်မှာ right click -> Properties . ပြီးရင် အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Run this program in compatibility mode for ဆိုတဲ့ check box ကို tick လုပ်ပြီး Windows XP (Service Pack 2) ဆိုတာကို ရွေးလိုက်ပြီး OK လိုက်ပါ။ install ပြန်လုပ်ကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။

တစ်ခြားနည်းတွေတော့ ရှိရင် ရှိပါလိမ့်မယ်။




MY HOME TOWN

အိမ်က ပြန်လာတာ ရက်ပိုင်းဘဲ ရှိသေးပေမယ့် အိမ်ကို အရမ်းလွမ်းတယ်ဆိုရင် လွန်တယ်လို့ မပြောနဲ့နော်။
ဘယ်တော့မှ ကြည့်လို့ မဝနိုင်တဲ့ တောင်ကြီးမြို့ ရဲ့ အရှေ့ဘက်က တောင်တန်းကြီးကိုလည်း လွမ်းတယ်။ တစ်ချိန်တုန်းက ဆောင်းရာသီမှာ ချယ်ရီတွေဝေနေဖူးတဲ့ ဒီတောင်တန်းကြီးကို မရိုးနိုင်အောင် ထိုင်ကြည့်ချင်သေးတယ်။

မှိုင်းပြာပြာ ကောင်းကင်အောက်က နီရဲရဲခေါင်မိုးလေးတွေနဲ့ အိမ်တွေကိုလည်း လွမ်းတယ်။
မြို့အတက်လမ်းကနေ အောက်ကို ကြည့်ရတာလည်း ပန်းချီကား တစ်ချပ်လိုပါဘဲ။
တစ်တောင်ပေါ် တစ်တောင်ဆင့် ဆိုတဲ့ မြို့ကလေးရဲ့ အလှပေါ့။
ဟင်းထုတ်ကိုလည်း လွမ်းတယ်။ ငါးထမင်းနယ်ကိုလည်း သတိရတယ်။ မနက်စောစောဆို ထိုဖူးနွေး စားချင်တယ်။ Hmmmmm………….

(ဓာတ်ပုံတွေ ကြည့်ပြီး အရမ်းတော်တာဘဲလို့ ချီးကျူးကြတော့မယ်ဆိုတာ ကြိုသိနေတယ်။ း) တောင်တန်းပုံရိုက်တာ ဓာတ်ကြိုးပုံ ဖြစ်သွားတယ်။ မြို့အတက်လမ်းကနေ ကျီးဖြူကန်ပုံကိုရိုက်တာ အုတ်ခုံကြီးပဲ ပါသွားတယ်။ မြို့ပေါ်ကနေ အောက်ကို ရိုက်ထားတာ တောအုပ်ပုံ ဖြစ်သွားလို့။ အဲလို တော်တာ။ ဒါပေမယ့် ဘယ်လို ရိုက်ရိုက် တောင်ကြီးမြို့က လှပါတယ်။)

ပေါက်ကရ ရိုက်လာတဲ့ ပုံတွေကိုကြည့်ပြီး လွမ်းလို့ မဝနိုင် ဖြစ်နေတာ တောင်ကြီး (သို့) ချယ်ရီမြေ ဆိုတဲ့ ဘလော့ကို ဝင်ဖတ်တော့ ခုချက်ချင်း လေယာဉ် လက်မှတ်ဝယ်ပြီး အိမ်ပြန်ပြေးချင်စိတ် ပေါက်မိတယ်။

P.S. အမှန်တော့ ဓာတ်ပုံတင်ဖို့ဘဲ။ စာနည်းနည်းလေး ရေးလိုက်မိတာ လွမ်းချင်း ဖြစ်သွားတယ်။


Out from Blogosphere for a while

Sorry to all the visitors of my blog.
I've been away from my blog for some time.
And it still can't continue for about a month.
Promise it'll get alive in a month with pictures taken from Taunggyi :)

Thanks to all
Regards,
Thinzar


မြန်မာဘလော့ဂ်တစ်ခုလုပ်ဖို့အတွက် လိုမယ်ထင်တာလေးတွေ (၁)

မြန်မာ ဘလော့ဂ်တစ်ခု လုပ်ဖို့ လိုအပ်တဲ့ အချက်အလက်လေးတွေကို စုထားချင်တာနဲ့ ဒီပို့စ်ကို ရေးဖြစ်သွားတာပါ။ ကျမ ဘလော့ဂ်စလုပ်တုန်းကလည်း နည်းလမ်းတွေကို ဟိုပါတ်ရှာ ဒီပါတ်ရှာ နဲ့ လုပ်ခဲ့ရတာ.. တော်သေးတာပေါ့။ အရှေ့က စီနီယာ ဘလော့ဂ်ဂါတွေက အားလုံးနည်းပေးလမ်းပြ လုပ်ခဲ့ပေလို့။ အခုတောင် တန်းပလိတ် အသစ်ပြောင်းချင်တာ မပြောင်းရဲဘူးဖြစ်နေတယ်။ ကုဒ်တွေ ဟိုကလိ ဒီကလိထားတာ များသွားတော့ အသစ်ပြောင်းလိုက်ရင် မနည်း ပြန်ရှာ ပြင်ရမယ်။ ဒီတော့ ကိုယ် တန်းပလိတ်ပြောင်းချင်တဲ့ အခါ အခက်မတွေ့အောင်ရယ်၊ မြန်မာ ဘလော့ဂ်လုပ်ချင်တဲ့ ဘလော့ဂ်ဂါ အသစ်လေးတွေ လိုနိုင်မယ်ထင်တာတွေရယ်ကို ရှာပြီး တစ်နေရာထဲမှာ စုထားလိုက်ပါတယ်။

ဒီလို အကျိုးရှိတဲ့ ပို့စ်လေးတွေကို ရေးပေးခဲ့တဲ့ ဘလော့ဂ်ဂါများ အားလုံးွကို ကျေးဇူး တင်ရှိပါကြောင်း… (link ချိတ်ဖို့ တစ်ယောက်ချင်းစီရဲ့ ဘလော့ဂ်မှာ လိုက်ပြီး ခွင့်မတောင်းနိုင်တာကို နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။)
-------------

၁။ ဘလော့ဂ် account ဖွင့်တာကိုတော့ အထူးတလည် မရေးတော့ပါဘူး။ ရှိပြီးပြီလို့ဘဲ ယူဆလိုက်ပါမယ်။

၂။ မြန်မာဘလော့ဂ်လုပ်ဖို့ အရင်ဆုံးဘာလိုလဲဆိုတော့ မြန်မာစာ ရိုက်တတ်ဖို့လိုတာပေါ့နော်။ အရင်တုန်းက ဝင်းမြန်မာ၊ ဝင်းကလောဆိုတဲ့ font တွေ သုံးခဲ့ပေမယ့် အခု အင်တာနက် စာမျက်နှာတွေပေါ်မှာ အကျယ်တဝင့် နေရာယူလာတာကတော့ UNICODE ဖြစ်တဲ့ ဇော်ဂျီ font ပါ။ ဇော်ဂျီကို သုံးနိုင်ဖို့ virtual keyboard ကိုလည်း သွင်းရပါမယ်။ အဲဒီဖောင့်ကို ဒေါင်းလုတ်လုပ်ပြီး install လုပ်နည်း အပြည့်အစုံ အတွက်
ဇော်ဂျီနဲ့ မြန်မာစာ ရိုက်ရအောင် (မောင်သန့်ဇင်)

၃။ ပြီးရင် ဘလော့ဂ်တန်းပလိတ် (blog template) မှာဇော်ဂျီ ဖောင့် assign လုပ်ဖို့ CSS coding တစ်ချို့ပြင်ရပါမယ်။ ဒီအတွက့်
How to assign Myanmar3 font ဇော်ဂျီဖောင့် ကောင်းမွန်စွာ ပေါ်အောင်လုပ်နည်း (ကိုညီလင်းဆက်)
ပြင်ပြီးသွားပြီဆိုရင် ပို့စ်တင်တိုင်း အဆင်ပြေအောင်အောက်က ပို့စ်လေးလည်း ဖတ်ကြည့်ပါ။
Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်... (ကိုမောင်လှ)

၄။ ဘလော့ဂ်တော်တော်များများမှာ ထည့်လေ့ရှိပြီး မြန်မာ ဘလော့ဂ်ဂါတွေ ဆီဗုံးလို့ တင်စားထားတဲ့ cbox ကို ထည့်ချင်တယ် ဆိုရင်တော့
Cbox အကြောင်း (ကိုရန်အောင်)

၅။ ကိုယ့်ဘလော့ဂ်မှာ ဘယ်သူတွေ comment လာပေးသွားသလဲဆိုတာ ပို့စ်တစ်ခုချင်းစီ လိုက်စစ်နေမယ့်အစား နောက်ဆုံးပေးသွားတဲ့ comment တွေကို မြင်နိုင်အောင် ဘေးနားက sidebar မှာ recent comment widget ထည့်ထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒီအတွက်
Customizable recent comments widget (using JSON feed)

၆။ အပေါ်က blogspot က free ပေးထားတဲ့ comment service ပါ။ နောက်တစ်မျိုး သုံးကြည့်ချင်တယ်ဆိုရင်တော့ Halo scan ကို သုံးလို့ ရပါတယ်။ ဘာကွာလဲဆိုတော့ ဘလော့ဂ်ဂါမှာက comment တွေကို delete ပဲ လုပ်လို့ ရတာ။ Halo scan က IP trace နဲ့ comment တွေကို edit လုပ်လို့ရတဲ့ feature ပိုတယ်လေ။ ပြီးတော့ recent comment widget အတွက် coding တစ်ခါတည်း ပေးထားတယ်။
blog အတွက် comment tracking နဲ့ recent comment widget (သဉ္ဖာ)

၇။ ပို့စ်အရှည်ကြီးတွေကို ခေါက်သိမ်းထားချင်တယ်ဆိုရင် (read more.. ဆိုတာ နှိပ်လိုက်မှ ပို့စ်တစ်ခုလုံးပေါ်လာတာမျိုး..)
Peek-a-boo Post (ကိုဝေယံလင်း)

၈။ နောက်တစ်ခုကတော့ eot ပါ။ နံပါတ် ၃ မှာ CSS coding တွေ ပြင်တာက ကိုယ့်ဘလော့ဂ်ကို မြန်မာ ဖောင့်ရှိတဲ့ ကွန်ပျူတာတိုင်းမှာ ဖတ်လို့ရအောင်လို့ပါ။ eot ကတော့ မြန်မာ ဖောင့်သွင်းမထားတဲ့ ကွန်ပျူတာတွေကနေ ကိုယ့်ဘလော့ဂ်ကို ဖတ်လို့ ရအောင် လုပ်ခြင်းပါဘဲ။ ဒီအတွက်
eot လုပ်ရအောင် - ၁ (ကိုမောင်လှ)
EOT လုပ်ကြည့်ခြင်း (သဉ္ဖာ)

၉။ ဒီလိုနဲ့ ဘလော့လေးတစ်ခု ဖြစ်မြောက်သွားပြီ ဆိုပါစို့။ တစ်ခါတစ်လေ ကော်နက်ရှင် မကောင်းရင် ဘလော့ဂ် စပေါ့က ဒုက္ခပေးတော့မယ်။ ပို့စ်တွေ အားလုံး ရေးလို့ ပြီးသွားရင် Connection time out ဆိုပြီး ပို့စ်တင်လို့ မရ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး စိတ်ညစ်ရခြင်းတွေကို mail-to-blogger ဆိုတဲ့ feature က ဖြေရှင်းပေးပါလိမ့်မယ်။ မိမိရဲ့ gmail ကနေတဆင့် ပုံမှန် အီးမေးလ် ပို့သလိုဘဲ ပို့ရုံနဲ့ ပို့စ်တင်နိုင်မယ့် နည်းကို
အီးမေးလ် မှ တဆင့် ဘလောက် ဘယ်လို လုပ်ရပါ့ (ကိုရဲမွန်)

၁၀။ ကိုစေတန်ဂေါ့ဒ် ရေးထားတဲ့ မြန်မာ ဘလော့ဂ်ဂါ လက်စွဲ ကို ဒေါင်းလုတ်လုပ်ပြီး လေ့လာကြည့်ပါ။

၁၁။ ကိုညီလင်းဆက် စုစည်းထားပေးတဲ့ Making Myanmar blog ဆိုတဲ့ ပို့စ်လဲ အရမ်း အသုံးဝင်ပါတယ်။

၁၂။ မြန်မာ ဘလော့ဂ်တွေ အတွက် tips and tricks တွေကို စုစည်းထားပေးတဲ့ MM Blogger Helpdesk မှာ အသုံးဝင်တာတွေ ရှာ တွေ့နိုင်ပါတယ်။

၁၃။ ဘလော့ဂ်နဲ့ ပါတ်သက်ပြီး ဆွေးနွေးမေးမြန်း ချင်တယ်ဆိုရင်တော့ မြန်မာ ဘလော့ဂ်ဂါ ဖိုရမ် မှာ ဘလော့ဂ်ဂါ ဂုရုတွေ ဖြေကြားပေးပါလိမ့်မယ်။
ဆက်ပါဦးမယ်။

-- လိုအပ်မယ်ထင်တာလေးတွေ ဖြည့်ပေးကြပါနော်။ --


Hacking intro (2)

အစက Hacking series ကို ရေးမယ်လို့ ပေမယ့် အခုတလော စာနည်းနည်း ပိနေတာနဲ့ ဆက်မရေးဖြစ်ဘူး။ Hacking က လွယ်မယောင်နဲ့ ကျမအတွက်တော့ မလွယ်ဘူး။ Script Kiddy တစ်ယောက်ဖြစ်ဖို့ မခက်ပေမယ့် hacker တစ်ယောက်ဖြစ်ဖို့ အနည်းဆုံးတော့ network အလုပ်လုပ်ပုံ၊ computer security ပိုင်းဆိုင်ရာနဲ့ server administration ဗဟုသုတတွေ လိုပါတယ်။

အောက်က hacking fundamentals တွေပါ။ နောက်တော့မှ Phase တစ်ခု ချင်းစီရဲ့ အကျယ်ကို တတ်သလောက် မှတ်သလောက် ရေးပါ့မယ်။
• Phase 1: Reconnaissance
• Phase 2: Scanning
• Phase 3: Gaining Access
• Phase 4: Maintaining Access
• Phase 5: Covering Attacks and Hiding

အခုတော့ ဘာမှ သိပ်မသိသေးခင် hack လုပ်ရတဲ့ feel မျိုးကို ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကို တစ်ချက်ကြည့်ကြည့်ပါ။ JavaScript နည်းနည်းပါးပါးသိရင် အဆင်ပြေပါတယ်။ (hints တွေက home page မှာ ပေးထားပါတယ်။) သဉ္ဖာတော့ JavaScript ကို ABCD လောက်ဘဲ သိတော့ Level 6 ကနေ မတက်တော့ဘူး။


နောက်ဆုံး မျှော်လင့်ချက်

ကျမတို့နှစ်ယောက် စာအုပ်ဝယ်ပြီး ဆိုင်ထဲမှ ထွက်လာကြသည်။ စာအုပ်ဆိုင်က လေးထပ်မှာ။
ကျမ။ ။ ဟေ့။ ISETAN မှာ ပစ္စည်း နည်းနည်း သွားဝယ်ရအောင်။
နို။ ။ ကောင်းသားဘဲ။ ဒါနဲ့ အဲဒီဆိုင်က သုံးထပ်မှာ မလား။
ကျမ။ ။ ဟုတ်တယ်လေ။ ဟော.. ဟိုမှာတောင် မြင်နေရပြီ။ အဲဒီဆိုင်ဘဲ။ ဒီဓာတ်လှေကားနဲ့ ဆင်းရအောင်။
နို။ ။ အဲဒါက ကြာပါတယ်ဟာ။ လှေကားနဲ့ ဆင်းရင်တောင် မြန်ဦးမယ်။ နင်ဟာလေ.. အပျင်းကို ကြီးတယ်။
ကျမ။ ။ ထားပါတော့။ ဆင်းပါ့မယ်။ ဘယ်မှာလဲ လှေကား ..
နို။ ။ ဟိုဘက်မှာ.. ဆိုင်းဘုတ်တွေ့တယ်မလား။

အစိမ်းရောင်နှင့် KELUAR/ EXIT လို့ ရေးထားပြီး လူတစ်ယောက် လှေကားဆင်းနေသည့်ပုံပြထားလျှင် လှေကားရှိမှန်း လူတိုင်း သိပါသည်။

ကျမ။ ။ ကဲ.. သွားကြတာပေါ့..

နို က တံခါးကို တွန်းဖွင့်လိုက်ပြီး ကျမအား အမြန်လာရန်ခေါ်သည်။ ကျမဝင်လိုက်ပြီးသည်နှင့် တံခါး lock ကျသွားသည့် အသံကို ကြားလိုက် သလိုလို။ သို့သော် အမှုမဲ့ အမှတ်မဲ့သာ။ လှေကား အထစ်နှစ်ဆယ်ခန့်ဆင်းပြီး ၃ထပ်သို့ရောက်လေပြီ။

ကလစ်… ကလစ်..

နို။ ။ ဟာ။ ဖွင့်လို့ မရဘူးဟေ့။ တံခါး လော့ခ် (lock) ကျနေတယ်။
ကျမ။ ။ ဟယ်… ဟုတ်ပါ့။ ဒုက္ခဘဲ။ အပေါ် ပြန်တက်ကြရအောင်။

ကလစ်.. ကလစ်..

နို။ ။ ဒီတံခါးလည်း ဖွင့်လို့ မရတော့ဘူး။
ကျမ။ ။ နို.. တံခါးမှာ ဖတ်ကြည့်ဦး။ "One way door. Emergency exit only." တဲ့။
နို။ ။ ငါတို့တော့ သေပြီထင်တယ်။
ကျမ။ ။ အော်မနေနဲ့လေ.. ငါတို့ ဘယ်လို ထွက်နိုင်မလဲ ဆိုတာ စဉ်းစားကြတာပေါ့။
နို။ ။ ဟာသိပြီ။ ဖုန်း..ဖုန်း.. ငါ့ဖုန်း .. လိုင်းမိသေးတယ်ဟဲ့။
ကျမ။ ။ လိုင်းမိလို့ကော နင်ဘယ်သူ့ကို ခေါ်မှာလဲ။ ဒီ shopping mall ရဲ့ အရေးပေါ် နံပါတ်ကို ငါတို့မှ မသိတာ။ တခြားနည်း ကြံကြတာပေါ့။
ရုတ်တရက် "100 meters to Emergency exit" ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့လိုက်သည်။ ဒီလိုဆိုလျှင် ဒီအတိုင်းဆက်ဆင်းသွားတာနဲ့ အပေါက်ဝသို့ ရောက်နိုင်သည်။
ကျမ။ ။ ကဲ.. လှေကားအတိုင်း ဆက်ဆင်းကြတာပေါ့။
နို။ ။ ငါတော့ အရမ်းကြောက်နေပြီ။ အထဲမှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ။ ငါနင့်ကို အရမ်းအားနာတယ်ဟာ။ ငါခေါ်လို့ ဒီလို ဖြစ်ရတာ။
ကျမ။ ။ တိတ်တိတ်နေပါဟယ်။ နောက်မှဘဲ အားနာတော့။ ငါလဲ ကြောက်တာဘဲ။ အော်နေလို့ကော ဘာမှ ထူးမှာ မဟုတ်ဘူး။

သုံးထပ်.. နှစ်ထပ်.. တစ်ထပ်.. မြေညီထပ်.. lower ground floor.. အမှန်တော့ ဘယ်အထပ်ရောက်လို့ ရောက်နေသည်မသိ။ လှေကားရှိသလောက် ပြေးဆင်းလာခဲ့မိသည်။

နို။ ။ ဟေ့။ ထပ်ဆင်းစရာ လှေကားတော့ မရှိတော့ဘူး။ ငါတို့ ဘယ်နား ရောက်နေပြီလဲဟင်။

မသိ။ ထိုမေးခွန်းအတွက် ကျမ အဖြေ မရှိ။ လှေကားထစ်တွေက အလွန် ခြောက်ခြားစရာ ကောင်းနေသည်။ လူသံ သူသံလည်း တစ်ချက်မှ မကြားရ။ လှေကားဆုံးလျှင် ထွက်ပေါက်တွေ့မည်ဟု ကျမ တွက်ထားခဲ့မိသည်။ ဘာမှမတွေ့သောအခါ ကျမအလွန် တုန်လှုပ်သွားမိသည်။ လက်ကိုင်ဖုန်းကို ကြည့်လိုက်တော့ လုံးဝ လိုင်းမမိတော့။ ဒါကိ ုသူမ သိလျှင် ပိုပြီးအော်တော့မည်။ ကျမ စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ထားလိုက်သည်။

"xx meter to exit"

ဆိုတာတွေ့တော့ နည်းနည်းတော့ ဝမ်းသာမိလိုက်သည်။ သို့သော် အန္တရာယ်ဆိုတာ ဘယ်သူမှ ကြိုမမြင်နိုင်။ လမ်းရှိသလောက်တော့ ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။ shopping mall ထဲမှာ သားနားသလောက် ယခုနေရာက လုံးဝ တခြားစီ ဖြစ်နေသည်။ ဘေးနှစ်ဖက်နံရံနှစ်ခုကို အဝါရောင်ဆေးတွေ ပြောင်နေအောင် သုတ်ထားသည်။ ကြမ်းပြင်ကတော့ သမံတလင်း.. မျက်နှာကြက်လည်းမရှိ။ အပေါ်က ရေပိုက်လုံးများ ဝါယာကြိုးများကို အတိုင်းသား မြင်နေရသည်။ လမ်းကလည်း တဖြောင့်တည်း မဟုတ်။ ဟိုကွေ့.. ဒီပါတ်.. ဝင်္ကဘာ လျှောက်နေရသလိုလို။ (ရုပ်ရှင်တွေထဲကလို ) ဘယ်ချောင်ထဲကနေ ဘယ်လူဆိုးတွေ ထွက်လာမလဲဆိုတာ ရင်တထိတ်ထိတ်။ ပြန်ချရအောင်လည်း ဓားတွေ ဘာတွေ မပါ။ နိုက ကရာတေး တတ်တာဘဲဟု စိတ်ကို မနည်းဖြေနေရသည်။ ဒီ အဆောက်အဦးကို ဆောက်တဲ့ အင်ဂျင်နီယာကိုလည်း အပြစ်တင်နေမိသည်။ ဒီဇိုင်းဆွဲတဲ့ အာခီတက် (architect) ကိုလည်း မဆီမဆိုင် စိတ်တိုမိသည်။ အဆိုးဆုံး အခြေနေတွေကို စိတ်ထဲကတွက်နေရင်း ခြေလှမ်းကို တတ်နိုင်သမျှ မြန်အောင် လျှောက်နေမိသည်။
လမ်းတွေ့လျှင် လျှောက်သည်။ လမ်းဆုံးသွားလျှင် ကွေ့၍ ဆက်လျှောက်သည်။ ထို့နောက် ထပ်ကွေ့သည်။ ဘယ်လောက်ကြာသွားသည်မသိ။ အချိန်တော်တော်ကြာကြာ ထိုအထဲတွင် ကွေ့ရင်းပါတ်ရင်း နောက်ဆုံးတော့ တံခါးနှစ်ချပ်ကိုတွေ့လိုက်ရသည်။ ကန္တာရမှာ အိုအေစစ်ကို တွေ့လိုက်ရသောသူတစ်ယောက်လို ဝမ်းသာသွားမိသည်။

နို။ ။ ဟေ့.. ဟိုမှာ။ တံခါးတွေ့ပြီ။
ကျမ။ ။ ဟုတ်တယ်ဟေ့။

ကလစ်.. ကလစ်..

နို။ ။ ဖွင့်လို့မရဘူး။

ကျမတို့ နှစ်ယောက် ရှိသမျှ အားအင် ကုန်ခန်းသွားသည်။ ဘာဆက်လုပ်ရမလဲ။ အပေါ်ပြန်တက်ကြမည် ဆိုလျှင်လည်း မောပြီးသော်လည်းကောင်း ကြောက်ပြီးသော်လည်းကောင်း သေသွားနိုင်သည်။ ဖုန်းခေါ်ရအောင်လည်း လိုင်းမမိတော့။ ကျမတို့ဧ။် နောက်ဆုံးမျှော်လင့်ချက်ကို နောက် တံခါး တစ်ချပ်ပေါ်တွင်ထားပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေ ဆိုကာ တံခါးကို တွန်းလိုက်တဲ့ အခါမှာတော့…
အပြင်ဖက်မှာ မိုးက ဖွဲဖွဲ ရွာနေသည်။ မြေသင်းနံ့တွေကို တစ်ဝကြီး ရှူလိုက်သည်။ ထိုအခါမှ သက်ပြင်းဒုံးဒုံးချကာ တွေ့တဲ့နေရာမှာ ထိုင်ချလိုက်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြိုင်တူ ပြုံးနိုင်တော့သည်။
…………………………………………………………..
မနေ့က ကျမနဲ့ သူငယ်ချင်းတစ်ယောက် ကြုံခဲ့တဲ့ အဖြစ်အပျက်ပါ။ ပြန်စဉ်းစားမိတိုင်း ကြောက်တုန်းဘဲ။ architect သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့ တံခါးတွေကို ဘာလို့များ အဲဒီလို ဒီဇိုင်းလုပ်ထားသလဲ ဆိုတာကို အပြစ်တင်မိသေးတယ်။ အဲဒီအခါမှ သိလိုက်ရတယ်။ "one way" design လုပ်ထားတာက အရေးကြုံလာပြီဆိုရင် ထွက်ပြီးတဲ့လူက ပြန်မဝင်မိအောင်တဲ့။ လူဆိုတာ အန္ထရာယ်နဲ့ ကြုံလာရင် ဘာကိုမှ မစဉ်းစားနိုင်ကြတော့ဘူးမလား။ ဟုတ်တော့ ဟုတ်ပါတယ်။ ကျမတို့ကတော့ အဲဒီ "one-way door" ကပေးတဲ့ သင်ခန်းစာကို အီစိမ့်နေအောင် ခံစားလိုက်ရပါတယ်။ ဘယ်သူ့ကို အပြစ်တင်သင့်သလဲ။

၁။ ထိုတံခါးမှာ တစ်ခြားတံခါးတွေအတိုင်း EXIT လို့သာ ရေးထားသည်။ ရေးပါလား "EMERGENCY EXIT" ဖြစ်ဖြစ်.. တခြား တံခါးတွေနဲ့ ခွဲလို့ ရအောင်
၂။ "this is one-way door" ဆိုတဲ့ စာလုံးကို အလယ်နားလောက်မှာ စာလုံး ပိစိနှင့်သာ ရေးထားသည်။
ဒါကြောင့် မသိသေးတဲ့ သူတွေ သတိထားနိုင်အောင်လို့ပါ။ လှေကား ( အထူးသဖြင့် တံခါးပေါက်တွေနဲ့ ပိတ်ထားတဲ့ လှေကား) ဆင်းတော့မယ်ဆိုရင် တံခါးက "one-way door" ဟုတ်မဟုတ် အသေအချာ စစ်ပြီး ဆင်းကြပါလို့… ကိုယ်တိုင်တွေ့ကြုံ ခံစားကြည့်ချင်တယ်ဆိုရင် KLCC က Emergency exit (သုံးထပ်က ISETAN ရဲ့ ဘယ်ဘက်နားလောက်မှာ) ကနေ တံခါးကိုဖွင့်ပြီး အောက်ကိုသာ ဆင်းကြည့်ပါတော့။


Intro to Hacking (၁)

ဒီနေ့ သင်လိုက်ရတဲ့ hacking tip လေးတစ်ခု share လုပ်တာပါ။

Linux system တစ်ခုကို root (administrator) အနေနဲ့ ဘယ်လိုဝင်ပြီး access လုပ်မလဲ ဆိုတာ…

အခု သုံးနေတဲ့ PC ကတော့ ကျောင်းက teaching lab မှာ Windows XP နဲ့ Linux (FC 6) ကို dual boot တင်ထားပြီး bootloader ကတော့ GRUB (Grand Unified Boot loader) သုံးထားပါတယ်။

၁။ PC ကို ဖွင့်လိုက်လို့ bootloader (GRUB) တက်လာတဲ့အခါ arrow key နဲ့ Linux ကိုရွေးပြီး (enter မခေါက်ဘဲ 'e' ကို နှိပ်ပါ။) e = edit


၂။ အဲဒီအခါ အောက်က entry သုံးခုကို မြင်ရပါမယ်

root (hd0, 5)

kernel /boot/vmlinuz-2.6.18-1.2798.fc6 ro root= LABEL=/ rhgb quiet

initrd /boot/initrd-2.6.18-1.2798.fc6.img

(Linux distro အပေါ်မူတည်ပြီး နည်းနည်း ကွဲပါလိမ့်မယ်။)

cursor ကို kernel ပေါ်တွင်ရွှေ့ပြီး 'e' ကို နှိပ်ပါ။ (ဒုတိယ entry)

၃။ ပြီးလျှင် အောက်ပါ စာကြောင်းများ ပေါ်လာပါမယ်

grub edit> Kernel /boot/vmlinuz-2.6.18-1.2798.fc6 ro root= LABEL=/ rhgb quiet

နောက်ဆုံးစာလုံး quiet ပြီးသွားရင် space တစ်ချက်နှိပ်ပြီး 1 ကိုရိုက်ပါ။ ဒီလိုဖြစ်သွားတဲ့အခါ

grub edit> Kernel /boot/vmlinuz-2.6.18-1.2798.fc6 ro root= LABEL=/ rhgb quiet 1

ပြီးလျှင် boot လုပ်ရန် 'b' ကို နှိပ်ပါး

၄။ console ကို ရောက်သွားတဲ့ အခါ

sh-3.1 # startx

startx ဆိုတဲ့ command ကို ရိုက်ထည့်လိုက်ရင် xTerminal ကို single user mode အနေနဲ့ ဝင်သွားပါမယ်။

၅။ GUI terminal ကို ဝင်သွားပြီဆိုရင် terminal ကိုဖွင့်ပြီး

# gedit /etc/passwd

/etc/passwd ဆိုတာ user တွေအားလုံးရဲ့ login တွေကို save လုပ်ထားတဲ့ file ပါ။ အဲဒီfile ကို ဖွင့် root entry တစ်ခုလုံးကို copy လုပ်ပြီး နောက်တစ်ကြောင်းမှာ paste လုပ်ပါ။ root ကို root2 လို့ ပြောင်းပြီး ဒုတိယ entry ဖြစ်တဲ့ password ကို delete လုပ်လိုက်ပါ။ ဒီမှာ root နှစ်ခု ဖြစ်သွားပါပြီ။

root:x:0:0:Lab:/:/bin/csh

root2::0:0:Lab:/:/bin/csh

student:x:101:20:Lab:/home/student:/bin/csh

Linux system က root ဘယ်နှစ်ယောက်ရှိလဲ ဆိုတာ ဂရုမစိုက်ပါဘူး။ ဘယ် ID နဲ့ ဝင်ရင် ဘယ် shell ကို ပေးပြီး ဘယ် home directory ကို access ပေးလုပ်ရမလဲဆိုတာကိုဘဲ ဂရုစိုက်တာပါ။ ဒီတော့ နောက်တစ်ကြိမ် reboot လုပ်တဲ့ အခါ root2 နဲ့ ဝင်လို့ ရပါပြီ။ ပြီးမှ password ကို ကိုယ့်ကိုယ် ပြန်ပေးလို့ ရပါတယ်။

ဒီလိုဆိုရင် lab administrator တွေမသိဘဲ root အနေနဲ့ လုပ်ချင်ရာလုပ်လို့ ရသွားပါပြီ။ Hacking ကို လေ့လာရတဲ့ အဓိက အချက်ကတော့ hack လုပ်ချင်လို့ မဟုတ်ပါဘူး။ ဘယ်လို hack လုပ်သလဲဆိုတာ သိပြီးမှ ဘယ်လို secure ဖြစ်အောင် လုပ်မယ်ဆိုတာ သိမှာမို့ပါ။ ဒီလိုဆိုတော့လည်း Linux ရဲ့ security ကို နည်းနည်း သံသယ ဝင်မိလိမ့်မယ်။ ကိုယ့်ရဲ့ system ကို ဒီလို အလွယ်ဆုံးနည်းနဲ့ hack လုပ်တာ မခံရအောင် GRUB မှာ password ပေးထားဖို့ သတိရပါတဲ့။ နောက်အပါတ် အသစ်သင်မှ ထပ်ရေးဦးမယ်။

(ကွန်ပျူတာ အကြောင်းကို မြန်မာ လိုရေးတော့ ကိုယ့်ကိုယ် ဖတ်ရတာတောင် အဆင် မချောဘူး ဖြစ်နေတယ်။)

ကျမနှင့် ဘလော့ဂ် ပြသနာ

အခုတလော post အသစ်တွေ တင်မရ ဖြစ်နေတယ်။ အထူးသဖြင့် ပို့စ်တွေ ရှည်နေရင် လုံးဝ တင်လို့ မရတော့ပါ။ အင်တာနက် ကော်နက်ရှင် ကြောင့်လည်း မဖြစ်နိုင်ဘူးလို့ ထင်တာဘဲ။ အရင် ကျမ ရုံးမှာ လုပ်တုံးက wireless သုံးပြီး ပို့စ်တင်တာ လုံးဝ အခက်အခဲ မရှိခဲ့ပါဘူး။ အခု ကျောင်းကနေ ပို့စ်တင်တော့ နည်းနည်းရှည်တာနဲ့ Cannot connect to blogger. Please try again. ဆိုတာကြီး ပေါ်ပေါ်လာရော။ သေချာ ပြန်စဉ်းစားကြည့်တော့ LAN size ကြောင့် ဖြစ်မယ်လို့ ကျမထင်တယ်။ သေချာတော့ မသိပါဘူး။

တစ်ရက်လည်းမဟုတ်။ နှစ်ရက်လည်း မဟုတ်။ ဒီလိုနဲ့ စိတ်ညစ်ပြီး ဘလော့ဂ်ဂါလောကကို ကျောခိုင်းစွန့်ခွါလု နီးနီးမှာ အစ်ကိုကြီး တစ်ယောက်ချသွားတဲ့ comment ကို ဖတ်ကြည့်မှ blogger မှာ mail-to-blogger ဆိုတဲ့ feature ရှိတာကို သိလိုက်ရတယ်။ Blogger -> Settings -> Email မှာ ကိုယ် email နဲ့ post လုပ်ဖို့ address တစ်ခုကို ရွေးပြီး Publish လုပ်လိုက်ပါတယ်။ ဒီတော့ ပို့စ်တွေကို gmail ကနေ တင်လို့ ရသွားပါတယ်။ ကျမ တင်တာ ပို့စ် သုံးခုလောက်တော့ ရှိပါပြီ။ ဘာကောင်းသလဲဆိုတော့ ပို့စ်တွေ ချက်ချင်းတက်ပါတယ်။ ဒီတော့ အချိန်ကုန် သက်သာပါတယ်။

မကောင်းတဲ့ အချက်တွေကတော့

၁။ ပုံတွေ တင်လို့ မရပါဘူး။

၂။ ပို့စ် alignment ကို justify လုပ်လိုက်ရင် font ပျောက်သွားသလားမသိပါ။ မြန်မာစာ မပေါ်တော့ဘူး။ လေးထောင့်တွေဘဲ ပေါ်တော့တယ်။

၃။ Peek-a-boo လုပ်လို့ မရပါဘူး။ (HTML code တွေ ထည့်လို့ မရပါ။)

အနည်းဆုံးတော့ ပို့စ်တွေ ဆက်တင်လို့ ရနေသေးတယ်ဆိုပြီး ဖြေသိမ့်နေရပါတယ်။ မောင်သန့်ဇင် ကတော့ windows live writer သုံးတယ်တဲ့။ download တော့ လုပ်ထားပြီးပြီ်။ စမ်းတော့ မသုံးကြည့်ရသေးဘူး။

Movies I recommend

အရင် တစ်ပါတ်က တော်တော်လေးကောင်းတဲ့ ရုပ်ရှင် နှစ်ကား ကြည့်လိုက်ရတယ်။




ပထမတစ်ကားက Mel Gibson ရိုက်ထားတဲ့ APOCALYPTO ဆိုတဲ့ ရုပ်ရှင်ပါ။ Mayan လို့ခေါ်တဲ့ ၁၅ရာစုလောက်က လူရိုင်း မျိုးနွယ်စုတွေရဲ့ အကြောင်းပေါ့။ မင်းသားမင်းသမီး အသစ်တွေကို ထည့်သုံးထားပြီး ထူးခြားတာက သူတို့တွေ ဘယ်နိုင်ငံက လူတွေလဲ ဆိုတာ မှန်းလို့ မရဘူး။ ဇာတ်ကားထဲမှာ လူရိုင်းဘာသာစကားလိုလို စကားတစ်မျိုးကို ပြောပြီး အင်္ဂလိပ် စာတန်းထိုးပါတယ်။ အင်္ဂလိပ်လို ပြောရင်တောင် အဲဒီလောက် ကြည့်လို့ ကောင်းမှာ မဟုတ်လောက်ဘူး။ (တစ်ခွန်းတော့ တတ်သွားပြီ။ "ဘားရှယ်ဂ - What do u want?" တဲ့။) တစ်ကားလုံးမှာ မင်းသားနဲ့ လူဆိုး ပြေးတိုင်း လိုက်တိုင်း လုပ်ရင်းနဲ့ ပြီးသွားပေမယ့် ဇာတ်လမ်းအသွားအလာလေးကို အရမ်းကြိုက်မိတယ်။




နောက်တစ်ကားကတော့ တကယ့့်ဖြစ်ရပ်မှန် ကို အခြေခံပြီး ရိုက်ထားတဲ့ PROVOKED ဆိုတဲ့ hollywood ကားမဟုတ် ကုလားကားလည်း မမည်တဲ့ ရုပ်ရှင်ပါ။ (hollywood ကားမဟုတ် ဆိုတာက တစ်ချို့အခန်းတွေမှာ Punjub စကား ပြောလို့်။ ကုလားကားမကျဆိုတာက ကတဲ့ အခန်း တစ်ခန်းလေးတောင် မပါလို့။)

ယောက်ကျာ်းနှိပ်စက်လွန်းတာကို မခံနိုင်တော့တဲ့ မိန်းမတစ်ယောက်ဟာ နောက်ဆုံးမှာ ကိုယ့်ယောကျာ်းကို ကိုယ်တိုင် မီးရှို့သတ်လိုက်ပြီး ထောင်ကျသွားတဲ့အခါ သူ့ရဲ့ freedom ကို ရှာတွေ့သွားပါသတဲ့.. သီချင်း တစ်ပုဒ်မှ မပါပေမယ့် တစ်စက်လေးမှ ပျင်းဖို့မကောင်းအောင် ဇာတ်လမ်းက ကောင်းလွန်းပါတယ်။

ကျောင်းပိတ်ရက် အလုပ်အားရက်မှာ ရုပ်ရှင်ကောင်းကောင်းလေးတွေ ကြည့်ချင်သူတွေ အတွက် recommend လုပ်လိုက်ပါတယ်။ ခါတိုင်း hollywood ကားတွေ ကုလားကားတွေ ကြည့်လေ့ မရှိတဲ့ သဉ္ဖာတောင် တော်တော် ကြိုက်သွားတဲ့ ကားလေးတွေပါ။ (ကြော်ငြာဝင်တာ…) :D



ကျမနှင့် နာမ်စားများ

မြန်မာစာရေးရင်ဖြစ်ဖြစ် မြန်မာ စကားပြောရင်ဖြစ်ဖြစ် နာမ်စားတွေနဲ့ ပါတ်သက်ပြီး အရမ်း ဒုက္ခရောက်ရပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့အခါ ပိုပြီး အခက်တွေ့ရတယ်။

သမီးကလေ.. လို့ပြောရအောင်လဲ မဟုတ်။ သဉ္ဖာကတော့ ဒီလို ထင်ပါတယ်ဆိုရင်လည်း အဆင်မပြေ။ တို့ရဲ့ အမြင်ကတော့ ဟိုလိုပါဆိုရအောင်လည်း မဟုတ်ပြန်။ ဘိုလိုဆိုရင် I နဲ့ you၊ တရုတ်လိုဆိုရင် နီ နဲ့ ဝေါ် ဆိုပြီး အိုကေသွားပေမယ့် မြန်မာလိုက အဲဒီလောက် မလွယ်ဘူး။ ဥပမာ တစ်ခုခုကို မသိဘူးလို့ ပြောမယ်ဆိုပါစို့။ လူကြီးသူမကိုပြောရင် သမီးမသိလို့ပါ။ နည်းနည်းကြီးတဲ့ သူကိုကြတော့ သဉ္ဖာမသိလို့ပါ။ ရွယ်တူဆိုရင် တို့မသိလို့နော်။ သူငယ်ချင်းတွေနဲ့ကြတော့ ငါမသိဘူး။ ကိုယ့်ထက်ငယ်ရင်ကြပြန်တော့ အစ်မ မသိလို့ပါ။ နောက်ကြာလာရင် အန်တီ မသိလို့၊ အဖွား မသိလို့ပါ ဆိုပြီး လာဦးမယ်။

ဘလော့ဂ်ရေးတော့လည်း ကျမ ကျမ နဲ့ သုံးရတာ တော်တော်လေးကို ထောက်နေသလိုဘဲ။ တစ်ခါတစ်ခါ ကျနော်လို့တောင် ရေးလိုက်ချင်မိတဲ့အထိ။ ကျနော်ကြပြန်တော့လည်း အဆင်ပြေနေရော။ တစ်ခါတစ်လေလည်း တွတ်ပီလိုဘဲ ကျွန်ုပ်သည် လို့ ရေးရင် ကောင်းမလားလို့ စဉ်းစားမိတယ်။

နောက်ဆုံးတော့လည်း ကျမလို့ဘဲ ဆက်သုံးဖို့ ကျမဆုံးဖြတ်လိုက်ပါတယ်။



Jokes of the Week



ကိုယ့်ဒုက္ခ ကိုယ်ရှာမိတော့

အခု PC ရှေ့မှာသာ ထိုင်နေတာ။ မျက်စိထဲမှာ အနီရယ်၊ အပြာရယ်၊ အနက်ရယ်၊ သဲမှုန့်တွေရယ်ဘဲ မြင်ရပြီး ခေါင်းထဲမှာ မူးနောက်နေတယ်။ ဇက်ကြောတွေလည်း တက်နေတယ်။ မျက်မှန်တောင် ပါဝါ တက်သွားလား မသိဘူး။

ဘာရောဂါမှ မဖြစ်ပါဘူး။ မနေ့ညက Spider Man III သွားကြည့်ခဲ့တဲ့ ရလဒ်လေ။ ကြည့်တာမှ screen နား ကပ်နေတဲ့ ဒုတိယ ခုံကနေ ကြည့်ခဲ့တာ။ ထိပ်ဆုံး ရုံတင်တဲ့ ရက်မှာ ဇွဲကြီးကြီးနဲ့ ရှေ့ဆုံးကနေ ကြည့်တော့ သူများတွေက Spider Man fan လို့ ထင်ဦးမယ်။ အမှန်တော့ အဲဒီလို .. Man .. တွေ ပါတဲ့ကားကို ကြည့်တာ ဒါပထမဆုံး အကြိမ်။ ခေါင်းကို ဘယ်လှည့်လိုက် ညာလှည့်လိုက် ကိုယ်ကို စောင်းလိုက် မတ်လိုက်နဲ့ ကြည့်နေတာ ရုပ်ရှင် ဘယ်လို ပြီးသွားလဲတောင် မသိလိုက်ဘူး။ ဘေးကလူ တွေတော့ တုတ်တုတ်မလှုပ်။ ငှက်တွေလို ၁၈ဝ ဒီဂရီ မြင်ရတဲ့ မျက်စိမျိုးရှိကြသလား မသိပါဘူး။ Spider Man fan တွေကို တကယ်မေးကြည့်ချင်တယ်.. ဘာကို ကြိုက်ကြတာလဲဟင်???

အရင်တလောကတောင် Malaysia လူမျိုးတွေက သူတို့ရဲ့ ကိုယ်ပိုင် “လူသား” တစ်မျိုးတော့ ရှိသင့်တယ်လို့ ယူဆပြီး ထွင်ပါသေးတယ်။ Cicak Man (ချိချ မဲန်း) - အိမ်မြှောင် လူသားတဲ့။ အဲဒီ ရုပ်ရှင် ရုံတင်တော့ ဝင်ငွေတော့ တော်တော် ရလိုက်တယ်ဆိုဘဲ။

သူငယ်ချင်းတစ်ယောက်က မေးတယ်။ နင်တို့ မြန်မာပြည်မှာ ကော ဘာ လူသား ရှိလဲတဲ့။ တော်တော် စဉ်းစား ယူလိုက်ရတယ်။ ရှိတာပေါ့နော်။ “ကိုပူစီ” လေ.. တစ်နေ့တော့ ရုပ်ရှင် ရိုက်ဖြစ်မယ် ထင်တယ်။


Installation ceremony for 13th king

၂၆ ရက်နေ့ (ကြာသပတေးနေ့) က မလေးရှားရဲ့ public holiday ပါ။ ဘာကြောင့်လဲဆိုတော့ ဘုရင် အသစ်တက်လို့ပါ။ မလေးရှားမှာ ပြည်နယ် ၁၄ခုရှိတဲ့ အနက် ပြည်နယ် ၉ခုမှာ အခုထိ ဘုရင် တွေအုပ်ချုပ်ပါသေးတယ်။ သူတို့ကတော့ Sultan လို့ ခေါ်ပါတယ်။ အဲဒီ ဘုရင် ၉ပါးထဲကမှ ငါးနှစ်တစ်ကြိမ် တစ်ပါးစီ အလှည့်ကျ အကြီးဆုံး ဘုရင် အဖြစ် တင်ပါတယ်။ အဲဒီ ဘုရင် အကြီးဆုံးကိုတော့ Agong လို့ ခေါ်ပါတယ်။ အခုတစ်နှစ် Agong အဖြစ် အလှည့်ကျသူကတော့ Terangganu ပြည်နယ်ရဲ့ Sultan ပါ။ ဘာရယ်တော့ မဟုတ်ပါဘူး။ ဘုရင် အသစ်တက်တဲ့ ပွဲကို သုံးလိုက်တဲ့ term လေးကို အံ့ဩလို့ပါ။ “being installed as 13th Agong” “installation ceremony of the king” တဲ့။ တကယ်ပါ။ ဘုရင်ကိုလည်း install လုပ်ရတယ်ဆိုတာ အခုမှသိလိုက်တာ…
Full article..


Tagged game pool ထဲ ပါခဲ့ရပြန်တယ်

ဒီရက်ပိုင်း မြန်မာ ဘလော့ဂါတွေ tag တမ်း ကစားနေကြပါတယ်။ ကျမလည်း လမ်းလျှောက်ရင် ခြေထောက်ကို တည့်တည့်ထားမှ လျှောက်လို့ရတဲ့ ကိုရန်အောင်ရှမ်းပြည်ကိုကြိုက်တယ်ဆိုတဲ့ ကိုချမ်းမြစိုး နဲ့ ညီမလေးရဲ့ တိုတို တို့ ရဲ့ tag ခြင်းခံလိုက် ရပြီးသကာလ ကိုယ့်ရဲ့ ပုံမှန် မဟုတ်တဲ့ အကျင့်တွေကို ရေးချရန် အကြောင်းဖန်လာပါတော့တယ်။ လူတစ်ကိုယ် စရိုက်တစ်မျိုးပေါ့နော်။

၁၀။ အစားစားတာကနေ စရေးရတော့မှာဘဲ။ တစ်နေ့တစ်နေ့ အများဆုံးလုပ်နေတဲ့ အလုပ်ဆိုတော့။ =) ကျမဟာ အစားဂျီးများတဲ့သူ လုံးဝမဟုတ် ရပါဘူး။ ဒါပေမယ့် ကျမ လုံးဝမကြိုက်တဲ့ ကြက်သွန် family ဝင်တွေက ဟင်းတိုင်းမှာ ပါနေတော့ ကွိုင်ဘဲ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီး စတဲ့ ဟင်းထဲမှာ ရှုပ်နေတဲ့ အရာတွေ အားလုံးကို လုံးဝစားလို့ မရဘူး။ ဒီတော့ နေ့တိုင်းလိုလို ထမင်းမစားခင် အရင်ဆုံးလုပ်လေ့ ရှိတာကတော့ ဟင်းထဲကနေ မစားတဲ့ အရာတွေကို ဆယ်ထုတ်ပါတယ်။ အားလုံးရှင်းသွားမှ စားပါတယ်။ ခေါက်ဆွဲ စားရင် ဆယ်ယူရေး အချိန် နည်းနည်း ပိုကြာတာပေါ့။ ကိုယ့်ဟာနဲ့ကိုယ်တော့ ဟုတ်နေတာဘဲ။ ဒါကို ဘေးကလူတွေကတော့ ကြည့်လို့ မရကြပါဘူး။ သူငယ်ချင်းတွေကတော့ ကျမကို ဆယ်လွန်းလို့ ကယ်ဆယ်ရေးဌာနမှာ အလုပ်လုပ်ပါလားတဲ့။

၉။ နောက်တစ်ခုလည်း အစားနဲ့ ပါတ်သက်တာဘဲ။ လူတွေ အရမ်းစားတဲ့ ချော့ကလက်ကို ကျမ လုံးဝမကြိုက်တာဘဲ။ ချော့ကလက်စားရင် stress ကျတယ် လို့တော့ ကြားဖူးတယ်။ ကျမကတော့ အဲဒီ ချော့ကလက်ကို စားလိုက်ရင် မရှိတဲ့ stress တွေ ဝင်လာတယ်။ သူငယ်ချင်းတွေကလည်း တွေ့ရင် ချော့ကလက်၊ ချော့ကလက် ရေခဲမုန့်၊ ချော့ကလက် ချိုချဉ်၊ ချော့ကလက် ဝေဖာ၊ ဒါတွေဘဲ စားမလားလို့ လာလာမေးတော့ မကြိုက်ဘူးလို့ ဖြေရင်ဘဲ အူကြောင်ကြောင် လူတစ်ယောက်လို့ အမြဲ အထင်ခံနေရပါတယ်။

၈။ အစားတွေချည်း ဖြစ်နေပြီ။ အခု တစ်ခုကတော့ ကိုယ့်ကိုကိုယ် ပြုပြင်သင့်တဲ့ အကျင့်လို့တော့ သတ်မှတ်ထားပါတယ်။ အသီးအနှံတွေကို အခွံခွာပြီးမှ စားပါတယ်။ ပန်းသီး၊ သစ်တော်သီး အခွံကတော့ လူတိုင်းခွါတာပေ့ါလို့ ဆိုရင် ကျမက ပိုခွာပါတယ်။ လိမ္မော်သီးဆိုရင် အမွှေး တစ်မျှင်မှ မကျန်အောင် ရှင်းမှ စားလို့ ဝင်ပါတယ်။ ဆိုးတာက စပျစ်သီးကို အခွံ ခွာမှ စားပါတယ်။ ဒါတော့ဆိုးတယ်။ လူအများနဲ့စားရင် ငတ်တာ များတယ်။ ကျမ သုံးလုံးလောက် စားပြီးရင် အားလုံး ပြောင်ပြီ။ မခွာရင်လည်း လုံးဝ စားလို့ မရလို့။ ဒုက္ခ.. ဒုက္ခ..

၇။ ညအိပ်ရင် ခေါင်းအုံး နှစ်လုံး မရှိရင် လုံးဝအိပ်လို့ မရဘူး။ ဖက်လုံးတော့ မကြိုက်ဘူး။ အဲဒါကြောင့် ခေါင်းအုံး သုံးလုံး ဝယ်ထားတယ်။ တစ်လုံးက သူများ လာငှားရင် ပေးဖို့။ မဟုတ်ရင် သူငယ်ချင်းတွေ လာငှားတဲ့ နေဆို အိပ်လို့ မရလို့..

၆။ ညညဆို အသံတွေ ကြားနေသမျှ လုံးဝ အိပ်လို့ မရတာ အဆိုးဆုံး ရောဂါပါ။ ဘယ်လောက် အသံတိုးတိုး နားက ကြားနေရော.. အဆောင်မှာနေတော့လည်း လူအမျိုးမျိုး… ညည ရုပ်ရှင် ထကြည့်တဲ့ roommate.. ညည ဖုန်းပြောတဲ့ roommate.. ဒါကြောင့်ဘဲ လူတွေ တော်တော်များများနဲ့ ရန်ဖြစ်ခဲ့ရဖူးတယ်။ ဒီတော့ လူတွေ အားလုံး အိပ်သွားမှ အိပ်ဖြစ်တော့ ညစောစောမအိပ် မနက်စောစောမထတဲ့ အကျင့် ရသွားတာဘဲ။

၅။ စာကျက်ရင်လည်း ပါတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေမှ ကျက်လို့ရတယ်။ ဒါကြောင့် အဆောင်မှာနေတာထက် ခိုက်ခိုက်တုန်အောင် အေးပေမယ့် တိတ်ဆိတ်တဲ့ library ကိုရောက်နေတာက ပိုများပါတယ်။ မှတ်မိသေးတယ်။ ကျမ ၁ဝတန်းဖြေတုန်းက တစ်အိမ်လုံး စကားတိုးတိုးပြောပြီး အသံတိတ် ရုပ်ရှင်ကြည့်တတ်တဲ့ အကျင့် ရသွားကြသေးတယ်။

၄။ တစ်ရက်ကို ၈နာရီပြည့်အောင် အိပ်လေ့ရှိတယ်။ အိပ်ရေးပျက်သွားရင် နောက်နေ့ အစားထိုး ပြန်အိပ်တယ်။ အခုတော့ အိပ်ချိန်ကို တတ်နိုင်သမျှ လျှော့နေပါတယ်။

၃။ တစ်ချို့တွေက ကျမကို အရမ်းစကားများတဲ့ ကောင်မလေးတဲ့။ တစ်ချို့ကြပြန်တော့လည်း အရမ်းအေးလို့တဲ့။ ဒီမှာတင် personality နှစ်မျိုးဖြစ်နေပြီ။ စိတ်ပေါက်ရင် ပေါက်သလို နေပါတယ်။ တစ်ခါတလေ ပေါကြောင်ကြောင်နေပြီး တစ်ခါတစ်လေတော့ ပညာရှိဂိုက် ဖမ်းတတ်ပါတယ်။

၂။ ဆေးထိုးအပ်ကို သူမတူအောင် ကြောက်ပါတယ်။ အခုထိဘဲ…

၁။ အနေအထိုင်ကတော့ ဆင်မယဉ်သာပါဘဲ.. ကိုယ့်ခြေထောက်ထက်ကြီးတဲ့ ဖိနပ်နဲ့ မြေလူးနေတဲ့ ဘောင်းဘီမျိုးကို အရမ်းကြိုက်ပြီး ကားယား ကားယား လမ်းလျှောက်နေတာတွေ့ရင် လှမ်းသာ ခေါ်လိုက်ပါတော့။ လူမမှားစေရဘူး…

ကိုရန်အောင် ပြောသလို DV များ ပေါက်မလားလို့ မနည်းစဉ်းစားရေးလိုက်ရတယ်။ ၁ဝချက်တော့ ပြည့်သွားသားဘဲ။ ပုံမှန်ဟုတ်သော အမူအကျင့်များ ကို ရေးခိုင်းရင်တောင် ၁ဝချက်ပြည့်မှာ မဟုတ်ဘူးလို့ doubt ဖြစ်လာပြီ… =)

ကိုယ် ခံထားရတော့ မထူးဘူးဆိုပြီ်း ဆက် tag ပါ့မယ်။ ကံထူးရှင်တွေကတော့
၁။ မောင်သန့်ဇင်
၂။ မောင်စေတန်ဂေါ့ဒ်
၃။ အိမွန်စိုး

ကဲ… အားလုံးက ကျောင်းသားတွေဆိုတော့ စာပိနေတယ်လို့ အကြောင်းပြရင် စာပိုပိသွားမယ်နော်။ (စာနဲ့ခြောက်မှဘဲ ရမယ့်ပုံဘဲ။) ဤစာဖတ်မိပြီး တစ်ပါတ်အတွင်း အကောင်အထည် ဖော်ကြပေလော့။


CGPA အပေါ် ဆရာများ၏ အမြင်

“Good programmers never do well in class.”

မနေ့က ဆရာတစ်ယောက် ပြောလိုက်တဲ့ စကား တစ်ခွန်းပေါ့။ ဒီလို စကားမျိုး ကြားပေါင်းလည်း များပြီ။ ကြားတိုင်းလည်း စိတ်ဆိုးရပေါင်း မနည်းတော့ဘူး။ တစ်ချို့ တစ်ဝက် ကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် စဉ်းစားလေ၊ အဲဒီ စကားရဲ့ အဓ္ဓိပါယ်က

“Those who did well in class can’t be considered as good programmers.” လို့ သက်ရောက်နေသလိုလိုဘဲ။ ပုံစံက ကျောင်းစာကို ပစ်ပြီး ကိုယ်စိတ်ဝင်စားတာကို သွားလုပ်ရမယ့်ပုံ ဖြစ်နေပြီ။

နောက် ဆရာ တစ်ယောက် ရှိသေးတယ်။ သူအမြဲ ပြောတဲ့ စကားက CGPA 3.7 (in 4.0 scale) ကျော်တဲ့ ကျောင်းသားတွေဟာ employee ကောင်း တစ်ယောက် ဖြစ်မလာနိုင်ဘူးတဲ့ (IT field မှာ)။ အရင်က သူ ကုမ္ပဏီတွေမှာ interviewer လုပ်တုန်းက CGPA 3.7 ထက်ကျော်တဲ့ သူတွေကို မခေါ်ဘူးတဲ့။ CGPA 3.0 နဲ့ 3.6 အတွင်းရတဲ့ သူတွေဟာ best candidate တွေဆိုဘဲ။ စိတ်လေတယ်။

အဲဒီလိုတွေ ပုံသေလာပြောနေလို့ နဂိုကမှ စာလုပ်ရမှာ ပျင်းရတဲ့ အထဲ ကြိုးစားချင်စိတ်ပါ ပျောက်သွားတယ်။ ဒုတိယ အမြင် နဲ့ စဉ်းစားကြည့်သေးတယ်။ ဒါဆိုရင် CGPA က ဘာကို indicate လုပ်တာလဲ??? ကြိုးစားမှုကိုလား တတ်မြောက်ခြင်းကိုလား။ ဟုတ်တော့ ဟုတ်ပါတယ်။ တစ်ချို့ ဘာသာရပ်တွေမှာ အမှတ်များများ ရသွားပေမယ့် တကယ် တတ်ချင်မှ တတ်သွားတယ်။ တစ်ချို့ ဘာသာရပ်တွေကြတော့လည်း အမှတ် နည်းနည်းဘဲ ရလိုက်ပေမယ့် ကိုယ့်အတွက် အရမ်း အကျိုးရှိသွား တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နာရီ ၄ဝ လောက် အတန်းတက်ပြီး ၃နာရီ စာမေးပွဲ ထိုင်ဖြေလို့ ရလာတဲ့ အမှတ်တွေက အဲဒီလောက်ဘဲ အသုံးမဝင်ဘူးလား။ Bill Gates က university drop out ဆိုပေမယ့် Linus Torvalds နဲ့ Steve Jobs တို့ဟာ PhD holder တွေဆိုတာ ဆရာတွေ မေ့များနေသလား မသိပါဘူး။



နှစ်ခုရွေးပါ

“Fast, cheap, good – choose any two.”

အရင် ငါးလ attachment ဆင်းတုန်းက ကျွန်မရဲ့ supervisor – chief ပရိုဂရမ်မာကြီးရဲ့ လက်စွဲတော် စကား တစ်ခွန်းပါ။ (သူ့ရဲ့ email signature ဆိုရင် ပိုမှန်ပါမယ်။) customer တွေက demand များလွန်းလို့တဲ့။



Trainee ကျောင်းသူ တစ်ယောက်ဧ။် နေ့စွဲများ

အဲဒီနေ့က အိမ်အပြန် ကျွန်မခြေလှမ်းတွေ လေးလံနေခဲ့တယ်။ ရင်ထဲမှာလည်း ဝမ်းနည်းသလိုလို။ ဝမ်းသာသလိုလိုနဲ့။ ကိုယ့်ကိုလည်း နားမလည်နိုင်ခဲ့ဘူး။ ရှေ့ဆက် ဘာတွေဖြစ်မှာလဲ…

computer science (also engineering, accounting, management, etc.) ကျောင်းသားတွေဟာ Industrial Attachment ကို requirement တစ်ခုအနေနဲ့ လုပ်ကိုလုပ်ရပါတယ်။ တစ်ချို့ကတော့ practical training လို့ခေါ်ပြီး တစ်ချိူ့ကတော့ internship လို့ ခေါ်ပါတယ်။ ဘယ်လို အခေါ်အဝေါ်မျိုးနဲ့ဘဲ ခေါ်ခေါ်၊ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားတွေကို ဘွဲ့မရခင်မှာ အလုပ်ခွင်နဲ့ ကြိုတင် ရင်းနှီးသွားစေဖို့ပါ။

Attachment မဆင်းခင်က ရည်ရွယ်ချက်တွေဟာ ဝိုးတဝါး … ဟိုယောင်ယောင် ဒီယောင်ယောင်ပေါ့။ networking အတန်းထဲ ရောက်သွားရင် network admin ဖြစ်ချင်သလိုလို၊ system admin ဖြစ်ချင်သလိုလို ထင်ခဲ့သေးတယ်။ Multimedia အတန်းယူတော့လည်း တစ်နေ့မှာ ဒီဇိုင်နာ တစ်ယောက်ရမယ်လို့ စိတ်ကူးယဉ်ခဲ့သေးတယ်။ Database Programming သင်ရတော့ DBA ဖြစ်အောင် ကြိုးစားမယ်ပေါ့။ Software Engineering ကိုလဲ မေဂျာအနေနဲ့တော့ ရွေးလိုက်ပါတယ်။ ဒါပေမယ့် networking ကို ပိုခင်တွယ်နေသလိုလို၊ တစ်ခါတလေ web master ဖြစ်ချင်သလိုလို။ ဒီလိုနဲ့ ယောင်ခြောက်ဆယ် IT ကျောင်းသူတစ်ယောက် final year ကို ရောက်လာပါတော့တယ်။

Attachment လုပ်ရမယ်ဆိုတော့ လွန်ခဲ့တဲ့ ငါးလအတွင်းမှာ ကျောင်းတော်မြေကို ခဏတာ စွန့်ခွါပြီး အလုပ်ခွင်မှာ ကျင်လည်ရပါတော့တယ်။ ကျောင်းက စာမေးပွဲတွေနဲ့ ဘာမှမဆိုင်တဲ့ လက်တွေ့ဘဝကို အမြည်းသဘောအနေ နဲ့ တွေ့ကြုံလိုက်ရပါတယ်။ တခါမှ မထိခဲ့ဖူးတဲ့ .NET နဲ့ C# က ပေးတဲ့ ဒုက္ခတွေကို ခံစားလိုက်ရပြီး ငါးလဆိုတဲ့ အချိန် အပိုင်းအခြား တစ်ခုဟာ ကျွန်မရဲ့ ရည်မှန်းချက်တွေအတွက် မျိုးစေ့ချပေးနိုင်ခဲ့ပါတယ်။ ဒီအတောအတွင်း ကိုယ့်ကိုကိုယ် programmer ယောင်ယောင်နဲ့ နေခဲ့ပေမယ့် လက်တွေ့ဘဝကို ရင်ဆိုဖို့ ကျွန်မမှာ အင်အား မရှိသေးဘူးဆိုတာတော့ အမှန်ပါဘဲ။

အခုတော့ ကျောင်းသားတစ်ယောက်ပြန်ဖြစ်ပါတော့မယ်။ အမှန်ဆို ဝမ်းသာသင့်ပေမယ့် ဝမ်းနည်းသလိုလိုဖြစ်နေတာ ဘာကြောင့်လဲ ဆိုတာ အဖြေ ရှာနေဆဲ….



Wish me happy birthday

လူတွေကို အတင်း wish လုပ်ခိုင်းလိုတော့ ဖြစ်နေပြီ။ တစ်နှစ်မှ တစ်ခါဘဲ။ ကို်ယ့်ကို ဆုတောင်းပေးတဲ့ သူများလေ ကောင်းလေပေါ့။ ဟုတ်တယ်ဟုတ်။ မုန့်ကျွေးရတာမှ မဟုတ်တာ။ ဟဲဟဲ။ သူငယ်ချင်း မိတ်ဆွေ တွေရဲ့ ဆုတောင်းစကားက ကိုယ့်ရဲ့မွေးနေ့ကို ပိုပြီး ပြည့်စုံသွားစေပါတယ်။ :)

ဒီတစ်နှစ်တော့ မလေးတွေလို မွေးနေ့လုပ်မလားလို့။ သူတို့က မွေးနေ့ဆိုရင် သူငယ်ချင်းတွေက ပေါင်းပြီး မွေးနေ့ရှင်ကို ကျွေးရတယ်လေ။ အပေါ်ကပုံကတော့ ဘာရယ်မဟုတ်ပါဘူး။ အရင်တစ်နှစ်က လက်ဆောင်ရထားတဲ့ အရုပ်။ တင်စရာပုံမရှိလို့ သူ့ကို တင်လိုက်တာ။ (အရုပ်က ရီစရာလည်းကောင်း ချစ်စရာလည်း ကောင်းလို့ပါ။)

အသက်မေးရင် တစ်ပေါင်းလိုက်ရမှာကလွဲလို့ ထွေထွေထူးထူးတော့ မရှိပါဘူး။
နောက် တို့သိသလောက် ဧပြီ ၁ဝ မှာ မွေးတဲ့ သူတွေကတော့.......



ဘရာဇီး နိုင်ငံသား ရီးရဲလ် မက်ဒရစ် က ကိုကတုံး နဲ့ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် တို့ကတော့ ကြိုက်တဲ့ တောင်ကြီးသား အဆိုတော် ...


blog post လုပ်ခြင်း

ခါတိုင်း ဘလော့ဂ်မှာ ပို့စ် အသစ်တင်တော့မယ်ဆိုရင် http://www.blogger.com/start ကနေမှ login လုပ်ပြီး post တင်လေ့ရှိပါတယ်။ ဒါပေမယ့် ကော်နက်ရှင် နှေးတဲ့ နေ့တွေဆိုရင် အရမ်း စိတ်ညစ်ရပါတယ်။ ပို့စ်အသစ်တင်ချင်ပါတယ်ဆို အဲဒီ page က တော်တော်နဲ့ တက်မလာဘူး။ ဒါနဲ့ တစ်နေ့က google မှာ သွားမွှေကြည့်တော့ နောက် URL တစ်ခုကို ညွှန်းထားပါတယ်။ အဲဒီကနေ ဝင်ရင် တော်တော်မြန်တာကို တွေ့ရတယ်။
အခုတော့ လိပ်network ပက်ကျိnetwork ကနေလည်း ပို့စ်တင်ရတာ စိတ်မညစ်ရတော့ပါဘူး။smile


စာရွက် တစ်ပိုင်းက ပေးခဲ့သော သင်ခန်းစာ

ကိုနေဘုန်းလတ် ရေးတဲ့ ဆရာ၊ ကျောင်းသားနှင့် ဖြစ်ရပ်များ ဆိုတာကို ဖတ်ရင်း second year တက်တုန်းက အဖြစ်အပျက်တစ်ခုကို သွားသတိရမိတယ်။

တစ်ရက်ကပေါ့။ ကျူတိုရီရယ် ဖြေမယ်တဲ့။ မေးခွန်းက တစ်ပုဒ်တည်း။ အဖြေကလည်း တကယ်ဖြေရင် စာမျက်နှာတစ်ဝက်လောက်ဘဲ ရှိမယ်။ ဒါနဲ့ ကျွန်မတို့ သူငယ်ချင်း လေးယောက် ဗလာစာအုပ် အလယ်က စာရွက် နှစ်ရွက်ဖြုတ်ပြီး တစ်ယောက်တစ်ပိုင်းစီ လေးပိုင်း ပိုင်းပြီးဖြေကြတာပေါ့။

မြန်မြန် ဆုတ်လိုက်တော့ နည်းနည်းတော့ မညီမညာ ဖြစ်သွားတယ်လို့ ထင်တာဘဲ။ နောက်နေ့ စာရွက်တွေ ပြန်ပေးတော့ ကျွန်မတို့ လေးယောက်ကို အတန်းရှေ့မှာ ဆူပါလေရော။ ဘလိုင်းကြီးဆိုတော့ ကြောင်သွားတာပေါ့။ သူဘာလို့ စိတ်ဆိုးလည်းဆိုတာကို တော်တော်နဲ့ နားမလည်နိုင်ဘူး။ နောက်တော့မှ အဲဒီလို စာရွက်တစ်ပိုင်းနဲ့ ဖြေတာ သူ့ကို မလေးမစားလုပ်တာပါတဲ့။ ကျွန်မတို့ လုပ်ရပ်က စာကိုလည်း မရိုသေ၊ ဆရာမကိုလည်း မလေးစားတဲ့ လုပ်ရပ်တဲ့။ အဲဒီ စာရွက်ကို ပိုင်းလိုက်တုန်းက သဘောရိုး အမှန်ပါ။ စာရွက်တစ်ရွက်တည်းကို လေးပိုင်းပိုင်းပြီး ဖြေလို့ စိတ်ဆိုးတယ်ဆိုရင် နည်းနည်း ခံသာဦးမယ်။ တက္ကသိုလ် ကျောင်းသူတွေကို လူရှေ့မှာ ဆူတာဟာ သူမှားတာလား ကျွန်မတို့ မှားတာလားဆိုတာ ဝေခွဲလို့ မရခဲ့ပါဘူး။

နောက်ဆက်တွဲကတော့ အမြဲ အတန်းမှန်အောင် တက်လေ့ရှိတဲ့ ကျွန်မတို့တွေ အတန်းလစ်တတ်လာတယ်။ ဆရာမက ကိုယ့်ကို ကြည့်မရတဲ့ ဒဏ်ကို ဘယ်ကျောင်းသားမှ ခံနိုင်မယ် မထင်ပါဘူး။ ကျောင်းသားနဲ့ ဆရာ ကြားမှာ အပြန်အလှန် လေးစားမှုဆိုတာတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဆရာသမားကိုလည်း မပစ်မှား ချင်ပါဘူး။ ရလဒ်ကတော့ အဲဒီ တစ်ဘာသာကို အောင်မှတ်ရအောင် အနိုင်နိုင် ဖြေလိုက်ရပါတယ်။

အမှန်ကတော့ ဆရာသမားဆိုတာ ဘာဘဲ ဖြစ်ဖြစ် လေးစားသင့်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ human right ဆိုပြီး အော်နေပေမယ့် ကျွန်မတို့ မြန်မာလူမျိုး တွေကတော့ ဂါရဝတရားကို ရှေ့တန်းတင်ဆဲပါ။ ကျောင်းတက်နေသရွေ ့တော့ မျက်နှာလိုက်တဲ့ဆရာ၊ အမှတ်ပေး ကပ်စီးနည်းတဲ့ ဆရာ၊ စည်းကမ်း တင်းကျပ် ဖြစ်တဲ့ ဆရာ၊ ဇီဇာကြောင်တဲ့ ဆရာ စသဖြင့် ဆရာပေါင်းစုံနဲ့ ကြုံရဦးမှာပါ။ ဆရာတွေလည်း ပုထုဇဉ် တွေပါ။ အခုတော့ semester စတိုင်း စီနီယာတွေဆီက ဆရာတွေ အကြောင်း အရင် စုံစမ်းတာ အကျင့်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။ ဆရာတွေနဲ့ ထိပ်တိုက် မလုပ်တာ အကောင်းဆုံးဘဲလို့ ခံယူထားရင်း…

ဆရာအားလုံးကို အစဉ်အမြဲ လေးစားလျှက်…


နည်းပညာခေတ်တွင် လူ့ဘဝဧ။် အစွန်းရောက်မှ ုများ

နည်းပညာဟာ တစ်ခါတစ်လေ လူတွေကို အစွန်းရောက်စေတယ်တဲ့။ ကိုယ်လဲ ဘယ်လို အစွန်းရောက်နေလဲ ဆိုတာ....(E သည် အီးမေးလ် သုံးစွဲလွန်းခြင်းကြောင့်ဖြစ်ပြီး B သည် ဘလော့ဂ်ရေးလွန်းခြင်းကြောင့်)
အထီးကျန်ဆန်လွန်းခြင်း
E - ဘေးချင်းယှဉ်ထိုင်နေသော်လည်း အီးမေးလ်ဖြင့် ဆက်သွယ်ကြသော လူနှစ်ဦး
B - ဘလော့ဂ် စီဘောက်စ် တွင် ဘယ်သူမှ လာမအော်ကြခြင်း

သူရဲဘော ကြောင်လွန်ခြင်း
E - အီးမေးလ် အပြန်အလှန်ပို့ပြီး ရန်ဖြစ်နေကြသော သူနှစ်ယောက်
B - ဘလော့ဂ် စီဘောက်စ်တွင် ဖိုက်တင်လုပ်ကြသော သူများ

ခိုကိုးရာမဲ့လွန်းခြင်း
E - တစ်ပါတ်အတွင်း အီးမေးလ် တစ်စောင်မှ မရပါသည့် ခံစားချက်
B - မိမိရေးထားသော ဘလော့ဂ်ပို့စ်များကို တစ်ပါတ်အတွင်း မည်သူမျ ကောမန့် လာမချခြင်း

အလွန်အမင်း စိတ်ရှုပ်စရာကောင်းခြင်း
E - …အီးမေးလ် ဆာဗာ ဒေါင်းနေလျှင်…
B - ဘလော့ဂါ ကို ဘန်းလိုက်လျှင် ကျော်ခွဝင်ရန် စဉ်းစားရခြင်း

နမော်နမဲ့ နိုင်လွန်းသူ
E- ရည်းစားစာရေးပြီး အီးမေးလ်ဖြင့် ပို့မည်ကြံကာ အားလုံးသို့ မှားပို့မိသောသူ
B - ဘလော့ဂ် အများကြီး တစ်ပြိုင်တည်း ဖွင့်ထားသောကြောင့် စီဘောက်စ်မှား၍ မဟုတ်မဟတ် ရေးမိသူ (ကောမန့်က ဖျက်လို့ ရသေးတယ်။)

အောင်မြင်မှ ုကြီး တစ်ရပ်
E - ကောင်မလေးတစ်ယောက်ထံမှ သူငယ်ချင်း ဖြစ်ချင်သည်ဆိုသော အီးမေးလ် ပြန်စာ ရရှိခြင်း
B - comment သို့မဟုတ် hitပေါင်း ရာကျော်သွားခြင်း

အလုပ်မရှိသူ
E - ကိုယ့်ကို ကိုယ် အီးမေးလ် ပြန်ပို့နေသောသူ
B - ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ကိုကိုယ် anonymous အနေဖြင့် comment ပြန်ပေးနေသူ

ကွန်ပျူတာ ရောဂါ
E - ရေကူးရင်း ရေနှစ်သွားသော် ကယ်ပါဟု မအော်ဘဲ F1 F1 ဟု အော်နေသူ
B - ဘလော့ဂ်ဂါရောဂါ လို့ခေါ်ရမယ်။ A blog post a day, keep the doctor away ဟု ယုံကြည်နေသူ

တစ်ဖက်သတ် ခင်မင်လွန်းခြင်း
E - ငါကတော့ အီးမေးလ် အမြဲပို့ပေမယ့် နင်က ဘယ်တော့မှ စာမပြန်ဘူး။
B - ငါကတော့ သူပို့စ်တင်တိုင်း အမြဲဖတ်ပြီး ကောမန့်ပေးတယ်။ သူကတော့ ငါ့ဘလော့ဂ်ကို လှည့်တောင် မကြည့်ဘူး။

အလွန်အားနေသူ
ဒီလိုစာတွေကို အချိန်ကုန်ခံပြီး လိုက်ဖတ်နေသူ

အလုပ်မရှိ အလုပ်ရှာသူ
အလုပ်တွေ ပြီးအောင်မလုပ်ဘဲနှင့် ဘလော့ဂ်တွင် စာတင်ရန် အီးမေးလ် တစ်စောင်ကို ထိုင်၍ ဘာသာပြန်နေသော ကျွန်ုပ်..
(Email တစ်ခုမှ ရသော ဟာသတစ်ခုကို ဘာသာပြန်၍ ဘလော့ဂ်ဂါမှ ု ပြုထားခြင်းဖြစ်ပါသည်။)
ဖတ်ပြီး ထပ်ဖြည့်ပေးချင်တာလေးတွေ ရှိရင်လည်း ထပ်ဖြည့်ပေးသွားကြပါ။
Original version ဖတ်ချင်တယ်ဆိုရင်...

EXTREME OF ISOLATION:
Two persons sitting side by side using emails to communicate with each other.
EXTREME OF COWARDICE:
Two persons fighting through emails.
EXTREME OF HELPLESSNESS:
Receiving no emails for a week.
EXTREME OF FRUSTRATION:
The email server being down.
EXTREME OF CARELESSNESS:
Writing a love mail and doing a 'Send All.'
EXTREME OF ACHIEVEMENT:
A person sending email to a girl wanting to become friends and getting a reply.
EXTREME OF TIMEPASS:
A person sending email to himself.
EXTREME OF BROWSING:
Ur swimming in the water tank and shout "F1 F1 F1?" instead of shouting "HELP" when u are unable to swim..
EXTREME OF MY FRIENDSHIP:
I always mail, u don't.
EXTREME OF HAVING NO WORK:
You reading such mails.



စိတ်ညစ်ဖို့ကောင်းတဲ့သတင်း

ပြောရဦးမယ်။ တော်တော် စိတ်ညစ်ဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်။ အရင်တစ်ပါတ် တနင်္လာနေ့ကပေါ့(မတ် ၂၆)။ အဖိုးကြီး တစ်ယောက်က ဟောင်ကောင်မင်းသား Andy Lau (Liu De Hua) ကို အရမ်းကြိုက်တဲ့ သမီးကြောင့် ရေထဲခုန်ချပြီး suicide လုပ်သွားတယ်တဲ့။
သူ့သမီး Andy Lau ကို တတိယ အကြိမ် တွေ ့ဖို့အရေး သူ့မှာ အိမ်တွေဘာတွေ ရောင်းပြီး မြို့တက်လာပါရော။ အဲဒါကို သူ့သမီးက မင်းသားနဲ့ ခဏလေးဘဲ တွေ ့ပြီး ဓာတ်ပုံဘဲ ရိုက်လိုက်ရလို့ အဖိုးကြီးက မကျေမနပ်နဲ့ ကိုယ့်ကို သတ်သေသွားတာ။ (မဟုတ်ရင်လည်း သူ့မှာ သူ ့သမီးကို ရောင်းပြီးပေးစရာ ဘာမှ မကျန်တော့လို့။ ကျောက်ကပ်တစ်ဖက်ကိုတောင် သွားရောင်းဖို့ ကြိုးစားသေးတယ်ဆိုဘဲ။) တော်တော် စိတ်ညစ်ဖို့ကောင်းတယ်။ အဖေကော သမီးကော။ ဒါတောင် အဖေက အငြိမ်းစား ကျောင်းဆရာ။ သူ ့သမီးကိုတောင် နိုင်အောင် ဘာလို့ မဆုံးမနိုင်ရတာလဲ မသိပါဘူး။ သူ ့အမေက ပါသေးတယ်။ သူ ့ယောကျာ်း သေရတာဟာ Andy Lau ကြောင့်လို ့မီဒီယာ ကို ကြေငြာတယ်။ မင်းသားခမျာ သနားစရာ။
သူ့လိုမျိုး မင်းသားရူးရူးတဲ့ သူတွေ အကြောင်းကို sina.com က minisite တစ်ခု တောင် ဖွင့်ပြီး ရေးပြထားတယ်။
မလွယ်ပါလားနော်။eek