ရောက်တတ်ရာရာ စားစရာ သောက်စရာလေးတွေအကြောင်း ရေးရဦးမယ်။ ခေါင်းစဉ်သာ ရောတပ်လိုက်တာ၊ အဲသုံးခုလုံးက စားစရာဖြစ်ပေမယ့် ဘာမှ မဆိုင်ကြပါဘူး။ :D
၁။ Marina Cheddar Cheese Chicken Nugget
၁။ Marina Cheddar Cheese Chicken Nugget
တစ်နေ့ ရုံးမှာ ပိတ်ရက်ဘာချက်စားကြသလဲဆိုတဲ့ အကြောင်းပြောကြရင်း nugget အကြောင်းရောက်သွားရော။ ပုံမှန်ဆို chicken nugget တွေ စားရတာ ဖော့တုံးကြီးဝါးနေရသလိုဘဲ သိပ်မကြိုက်ဘူးလို့ပြောတော့ colleague တစ်ယောက်က Marina တံဆိပ်နဲ့ဟာ ဝယ်စားကြည့်ပါလားတဲ့။ သူဆို ရုံးပိတ်ရက်တွေမှာ nugget ချည်းကြော်ပြီး ထိုင်စားတယ်ဆိုလို့ ဝယ်စားကြည့်တာ။ တော်တော့်ကို အရသာရှိတယ်။ ခုတော့ ရုံးပိတ်ရက်တွေမှာ ဟင်းချက်ပျင်းရင် nugget လေးကြော် ကြက်ဥဟင်းရည်ချက် ခရမ်းချဉ်သီးလေးသုပ်လိုက်ရင် ထမင်းတစ်နပ် ကောင်းကောင်း စားဖြစ်ရော။
၂။ Sakura Chicken
၂။ Sakura Chicken
Sakura Chicken ကို supermarket မှာ တွေ့တွေ့နေပေမယ့် စျေးက ပုံမှန် ကြက်သားတွေရဲ့ ၂ဆလောက်ပေးရတော့ ဘယ်လောက်စားကောင်းမှာမို့လဲ ဆိုပြီး မဝယ်စားဖြစ်တာ။ မလေးရှားက စီပီကြက်တွေလည်း အရသာမရှိလွန်းလို့ တော်ရုံ ကြက်သားဆို အာရုံမလာတော့ဘူး။ ဒါပေမယ့် ရုံးက ဘော့စ်က တစ်အားစားကောင်းတယ်ဆိုပြီး ခဏခဏပြောလွန်းလို့ စမ်းြပီး ဝယ်စားဖြစ်တာ။ ဂျပန်နည်းပညာနဲ့ မလေးရှားမှာ မွေးမြူတဲ့ကြက်တစ်မျိုးတဲ့.. တစ်ခြားစီပီကြက်တွေလို ဟော်မုန်းတွေမထိုးဘူး၊ စီပီကြက်က ၄၅ရက် သူတို့က ရက် ၆၀ မွေးတယ်ပေါ့။ ကြက်တွေကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ခြံကျယ်ကျယ်နဲ့ မွေးပြီး Live probiotics (ဒိန်ချဥ်လို ဘက်တီးရီးယားမွေးပြီးပွားတာမျိုးလားမသိ) ကျွေးတယ်ဆိုလား ပြောတာဘဲ။ Happy chicken ဖြစ်အောင်ထားပြီးမှ ရောင်းတဲ့သဘောပေါ့။ kampung chicken(တောကအိမ်မွေးကြက်) တွေက အဆီနည်းပေမယ့် သူ့အသားတွေက အရသာ မရှိဘူး။ ဒီ Sakura chicken ကြတော့ ပုံမှန်ကြက်တွေနဲ့စာရင် အဆီမရှိသလောက်နည်းပြီး အသားကလည်း တော်တော်နုတယ်။ ရင်အုပ်သားကလည်း အခြား စီပီကြက်တွေလို ခြောက်ခြောက်ကြီးဖြစ်မနေဘဲ နူးနူးအိအိနဲ့ စားကောင်းတယ်။ စျေးပိုပေးရပေမယ့် ပေးရတဲ့စျေးနဲ့ စားရတဲ့အရသာ တန်ပါတယ်။ Isetan မှာ အကောင်လိုက် တစ်ကောင်ကို RM20 နဲ့ရောင်းပေမယ့် Jusco မှာ အကောင်တစ်ဝက်ဆီ ခုတ်ပြီးသားကို ၁၀နဲ့ရောင်းတော့ အဆင်ပြေတယ်။ (ကီလိုဝက်နီးနီးတော့ ရှိမယ်ထင်တယ်။) ရုံးပိတ်ရက်လောက်ဘဲ ဟင်းချက်စားတာဆိုတော့ အကောင်တစ်ဝက်ဆို ၂ရက်စာလောက်တယ်။ ဒီနေ့တော့ ပြုတ်ကြော်လေး လုပ်ထားတယ်။ ချဉ်စော်ကားသီးခြောက်နဲ့ ကြော်ထားတာ ;-) (ချဉ်စော်ကားသီး ဘာလဲဆိုတာ မသိရင် အစိမ်းရောင်လွင်ပြင်မချောရဲ့ပိုစ့် မှာ ဖတ်နိုင်ပါတယ်။) အသီးလိုက်ရရင် ပိုစားကောင်းမှာ အခြောက်က အဲလောက်မချဉ်သလို မွှေးလည်း မမွှေးဘူး။
ချဉ်စော်ကားသီးခြောက်နဲ့ ကြက်သားကြော်
၃။ Salad
ထမင်းမစားချင်တဲ့ရက်တွေဆို salad ဘဲ အလွယ် သုပ်စားလိုက်တယ်။ သူငယ်ချင်းတစ်ယောက် အိမ်သွားတော့ သူသုပ်စားတဲ့ပုံ သဘောကျတာနဲ့ အဲအတိုင်း လိုက်လုပ်စားဖြစ်တယ်။ တူနာ(chunks tuna in sunflower oil သို့မဟုတ် tuna in water)၊ ဆလတ်ရွက်၊ ခရမ်းချဉ်သီး၊ ရှလကာရည်အနက်၊ ပဲငံပြာရည်အကြည်၊ သံပုရာသီး၊ ဆား၊ နှမ်းဆီအနည်းငယ်တို့ကို သင့်တော်သလိုထည့်ပြီး နယ်လိုက်ရင် တော်တော် အရသာရှိတာ။ သံပုရာသီးရော ရှလကာရည်ကော ထည့်ရတဲ့ အကြောင်းရင်းက အချဉ်တစ်အားကြိုက်လို့၊ ပြီးတော့ သံပုရာသီးရဲ့ အနံ့နဲ့ ရှလကာရည်ရဲ့ အရသာကို ကြိုက်တာ။ ကြားတာနဲ့ သွားကျိန်းနေဦးမယ်။ :D
သမုဒ္ဒရာဝမ်းတစ်ထွာကို ဖြည့်ရတာလည်း တော်တော်ပင်ပန်းတဲ့အလုပ်.. ရုံးပိတ်ရက် အိမ်မှာထိုင်နေရင် တစ်နေကုန် တစ်မျိုးပြီး တစ်မျိုး စားချင်ပြန်ရော။ ဒီလိုသာ ရုံးခဏခဏပိတ်ရင်တော့ ဝလာတော့မှာဘဲ..
P.S thinzaroo.me ဒိုမိန်းပြန်ရသွားပြီ။ ;) အရင်တစ်နှစ်က သူငယ်ချင်းတစ်ယောက် လက်ဆောင်ဝယ်ထားပေးတာ။ အောက်တိုဘာမှာ expire ဖြစ်သွားတော့ renew လုပ်ဖို့ဆို စျေးက တက်သွားရော.. အဲဒါနဲ့ renew လုပ်သင့်မသင့် စဥ်းစားနေတုန်း backorder ဆိုပြီး စျေးက ဒေါ်လာ ၄၀လောက် ဖြစ်သွားပြန်ရော။ အခုမှ နဂိုစျေးအတိုင်းရလို့ ပြန်ဝယ်ထားရတာ.. hee.. ဘာရယ်မဟုတ်.. *.me ဒိုမိန်းလေးကို သဘောကျလို့။
P.S thinzaroo.me ဒိုမိန်းပြန်ရသွားပြီ။ ;) အရင်တစ်နှစ်က သူငယ်ချင်းတစ်ယောက် လက်ဆောင်ဝယ်ထားပေးတာ။ အောက်တိုဘာမှာ expire ဖြစ်သွားတော့ renew လုပ်ဖို့ဆို စျေးက တက်သွားရော.. အဲဒါနဲ့ renew လုပ်သင့်မသင့် စဥ်းစားနေတုန်း backorder ဆိုပြီး စျေးက ဒေါ်လာ ၄၀လောက် ဖြစ်သွားပြန်ရော။ အခုမှ နဂိုစျေးအတိုင်းရလို့ ပြန်ဝယ်ထားရတာ.. hee.. ဘာရယ်မဟုတ်.. *.me ဒိုမိန်းလေးကို သဘောကျလို့။


4 comments:
Sakura ကြက်အကြောင်း အခုမှ သိတော့ တယ်။ ဝယ်စားကြည့်ဦးမှပဲ.. :P
ချဉ်စော်ခါးသီးကြော်ငြာရင်း တို့ဘလောဂ့်ပါကြော်ငြာသွားပေးတယ်ပေါ့း)
သဉ္စာချက်ထားတာ စားချင်စရာလေး
အောက်ကအသုပ်လည်း စားချင်စရာ
ဖတ်နေတုန်းတော့ ရှာလကာရည်ရော သံပုရာသီးရောဆိုတော့ သွားနည်းနည်းကျိန်းတယ်။း)
တို့လည်း ရှာလကာရည်ကို အရသာကြိုက်တယ်
နည်းနည်းအချိုဓာတ်ရှိလို့လေ...
ကို YNA>> ဟုတ်တယ်။ ဝယ်စားကြည့်သင့်တယ်။ :) ြမန်မာြပည်က မွေးမြူရေးကြက်လို အရသာ.. စားကောင်းတယ်။ စင်ကာပူ NTUC တွေမှာရောင်းတယ်ပြောတယ်။
မချော>> အစ်မဘလော့ဂ်မှာ ချဉ်စော်ကားသီးကြော် အကြောင်း ဖတ်မိဖူးတာ သတိရသွားလို့ လင့်ခ်လိုက်တာ။ :) မြန်မာပြည်က အိမ်လုပ် ရှလကာရည်အရသာကို လွမ်းမိပါသေးတယ်.. ဘာအသုပ် ဖြစ်ဖြစ် စားလို့ကောင်းသွားရော..
Post a Comment