Android apps review (September 2014)

Google Play Store ပေါ်မှာ apps တွေက များလွန်းတော့ အများအားဖြင့် သူများ recommend လုပ်တာတွေဘဲ သုံးဖြစ်တာတော့တယ်။ သုံးကြည့်ရင်း ကိုယ်သဘောကျတဲ့ apps လေးတွေကို တစ်လတစ်ခါလောက်ဖြစ်ဖြစ် review ြပန်ရေးမယ် စိတ်ကူးတယ်။ ဒီတစ်လော စမ်းသုံးကြည့်ပြီး တော်တော်အသုံးတည့်နေတဲ့ apps လေးတွေကတော့...

၁။ Textra
Android 4.4 မှာ default text messaging app ပါမလာတော့ဘဲ hangouts နဲ့ အစားထိုးလိုက်တာ တော်တော်စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ gtalk msg နဲ့ sms တွေရောကုန်တော့ သုံးလို့မကောင်းတော့ဘူး။ အဲဒါနဲ့ 3rd party app အမျိုးမျိုး စမ်းသုံးဖြစ်တယ်။ GoSMS, Handcent SMS, chomp SMS အကုန်စမ်းသုံးကြည့်တယ်။ တစ်ခုမှ သိပ်အဆင်မပြေဘူး။ ခုနောက်ဆုံးတော့ Textra ကို တော်တော်သဘောကျတယ်။ Android ရဲ့ material design ကို သုံးထားတယ်၊ ပြီးတော့ notification ကလည်း facebook messenger လိုမျိုး၊ တော်တော်သုံးလို့ကောင်းတယ်။

၂။ Push Bullet
ဖုန်းကနေ ကွန်ပျူတာ၊ ကွန်ပျူတာကနေ ဖုန်းထဲကို URL လင့်ခ်တွေ၊ text, to-do-list, ဓါတ်ပုံ အစရှိသဖြင့် click တစ်ချက်နှိပ်ရုံနဲ့ ပို့ဖို့ Push Bullet app ကို သွင်းထားရင် တော်တော်အဆင်ပြေတယ်။ Evernote ကို သုံးလို့ရတယ်ဆိုပေမယ့် evernote က sync တာ နည်းနည်းကြာတယ်။ Push Bullet ကိုသုံးဖို့ appကို ဖုန်းထဲမှာသွင်း၊ ပြီးရင် ကွန်ပျူတာမှာ Push Bullet Chrome Extension ကို သွင်းထားရုံဘဲ။ HTML link ပို့လိုက်ရင် browser တစ်ခါတည်း တန်းဖွင့်ပေးတာကို သဘောကျတယ်။ ပြီးတော့ အခု whatsapp တို့ဘာတို့လို Instant messaging တွေနဲ့ပေါင်းပြီး desktop notification ရဖို့ လုပ်နေတယ်လို့ ဖတ်မိသေးတယ်

၃။ Airdroid
ဒီ app ကထွက်တာ တော်တော်တော့ကြာပြီ။ Push Bullet အကြောင်းပြောတုန်း နည်းနည်းဆက်စပ်လို့ ဆက်ရေးလိုက်တာ။ ဖုန်းကနေ screenshot တွေ ဓါတ်ပုံတွေ ကူးချင်တဲ့အခါဖြစ်ဖြစ်၊ ဖုန်းထဲကို သီချင်း၊ ရုပ်ရှင်တွေ ကူးချင်တဲ့အခါဖြစ်ဖြစ် usb ကြိုးမသုံးချင်ရင် Airdroid က အဆင်ပြေတယ်။ ဖုန်းနဲ့ ကွန်ပျူတာနဲ့ wifi network တစ်ခုတည်းမှာ ရှိနေဖို့တော့လိုတယ်။ App ဖွင့်လိုက်တာနဲ့ IP တစ်ခုပေးလိမ့်မယ်။ ဥပမာ- 10.1.1.2:8888 ဆိုပါတော့။ ကွန်ပျူတာရဲ့ browserထဲမှာ အဲဒီ လိပ်စာကို ရိုက်ထည့်လိုက်တာနဲ့ ဖုန်းရဲ့ file system ကို တိုက်ရိုက် access လုပ်လို့ရတယ်။ 

၄။ Android L keyboard
ဒီကီးဘုတ်က Android ဗားရှင်း အသစ်မှာမှ officially ပါလာမှာဆိုပေမယ့် open-source ပေးထားတဲ့ AOSP ကုဒ်တွေက​ေန ကီးဘုတ်ကို မှီြငမ်းပြီး အရင်ထုတ်ထားတာ။ စာတော်တော်ရိုက်လို့ကောင်းတာ သတိထားမိတယ်။ ကီးဘုတ်မှန်ရင် ကီးတွေက hardware key ပုံစံအတိုင်း တစ်ခုနဲ့တစ်ခုကြားမှ separator ရှိနေရမယ်လို့ စိတ်ထဲစွဲနေတော့ ဒီကီးဘုတ်စစထွက်တုန်းက သိပ်စိတ်မဝင်စားဘူး။ ဒါပေမယ့် ၂ရက်လောက်စမ်းသုံးကြည့်ပြီးတာနဲ့ တော်တော်သဘောကျသွားတာ၊ စာရိုက်ရတာ ပိုမြန်လာသလိုဘဲ။ 

၅။ snapseed
ဓါတ်ပုံရိုက်ပြီးရင် ပြင်ဖို့ ဒီ app လေး တော်တော်ကောင်းတယ်။ အထူးသဖြင့် landscape ပုံတွေပေါ့။ 

၆။ hangouts dialer
Google Voice ကိုသုံးပြီး ဖုန်းတွေကို ခေါ်လို့ရပြီ။ စျေးသက်သာတယ်။ စင်ကာပူ၊ မလေးရှား၊ အမေရိက၊ ကနေဒါ၊ ထိုင်ဝမ် စတဲ့နိုင်ငံတွေကိုခေါ်ရင် တစ်မိနစ်ကို Landline ကို US$ 2¢, mobile ကို 3¢ ဘဲကျတယ်။ skype ထက် နည်းနည်း စျေးပိုသက်သာတယ်။ Rate ကို Google Voice ဝက်ဘ်ဆိုဒ်မှာ check ကြည့်လို့ရတယ်။ လိုင်းဘယ်လောက်ကြည်လဲတော့ မသိဘူး။ ဟိုနေ့က Google က လူတိုင်းကို free ပေးထားတဲ့ ၁၀ပြား သုံးပြီး ၅မိနစ် စမ်းခေါ်ကြည့်တာတော့ မဆိုးဘူး။ Google Voice မှာ credit ဖြည့်ထားရင် hangouts dialer ကနေ ဖုန်းကို တိုက်ရိုက် တန်းခေါ်ရုံဘဲ။ တစ်ခုဘဲ အူကြောင်ကြောင်နိင်တာက hangouts နဲ့ hangouts dialer က app သပ်သပ်စီ သွင်းရတယ်။ ဒါပေမယ့် ဖွင့်လိုက်ရင် interface တစ်ခုတည်းစီ ရောက်သွားတယ်။ ဘာစိတ်ကူးနဲ့ လုပ်ထားတာလဲတော့မသိဘူး၊ လူတွေတော့ ဝိုင်းဆဲနေကြတာဘဲ။ :D  

*hangouts က update လုပ်ပြီးတော့ gtalk နဲ့ sms နဲ့ ခွဲထားတာကိုတော့ သဘောကျတယ်။ ဒါပေမယ့် textra က သုံးရတာ ပိုအဆင်ပြေနေတော့ hangouts sms ကို primary အနေနဲ့ မသုံးဖြစ်ဘူး။ 

၇။ Chrome Remote Desktop
ဒီတစ်ခု တော်တော်မိုက်တယ်။ Android ဖုန်းကနေ remote ကွန်ပျူတာရဲ့ screen ကို လှမ်းကြည့်လို့ရတယ်။ click လည်းနှိပ်လို့ရတယ်။ windows နဲ့ရော mac နဲ့ရော ချိတ်ကြည့်တာ အဆင်ပြေတယ်။ နည်းနည်းတော့ lag ြဖစ်တာပေါ့။ ဒါပေမယ့် အရေးအကြောင်း သုံးစရာလိုရင် တော်တော်အသုံးဝင်တယ်။ ကွန်ပျူတာမှာ Chrome Remote Desktop Extension ကို သွင်းရမယ်။ ပြီးရင် ဖုန်းထဲမှာ app ကိုသွင်း။ ပြီးရင် ဖုန်းကနေ ကွန်ပျူတာ ကို လှမ်းဝင်လို့ရပြီ။ ဖုန်းကနေကြည့်ရင်တော့ သေးသေးလေး ဘာမှ သိပ်မြင်ရမှာမဟုတ်ဘူး။ tablet ကနေဆို နည်းနည်းပိုသုံးလို့ကောင်းမယ်ထင်တယ်။ 

ဒါကတော့ လူတိုင်းသိပြီးသား ဖြစ်မှာပါ။ ပြောချင်တာက သူ့ရဲ့ call function တော်တော်ကောင်းတယ်။ ခုတလော မြန်မာပြည်ကို fb call နဲ့ဘဲ ခေါ်ဖြစ်တယ်။ တစ်ချို့ရက်တွေဆို တစ်နာရီကျော်ကျော်ထိ ပြောတာတောင် လိုင်းမကျဘူး။ လောလောယ်တော့ viber တို့ skype တို့ထက် လိုင်းပိုကြည်သလိုဘဲ။

အြခား သုံးလို့ကောင်းတဲ့ app လေးတွေ comment ပေးသွားပါဦး။ နောက်တစ်လကြရင် နောက်တစ်ပို့စ်လောက်တော့ ရေးဖြစ်လောက်ပါတယ်။ ;-)


Confessions of a software developer - interviews


အလုပ်ပြောင်းတဲ့အကြောင်း ရေးထားတဲ့ပို့စ်  ကို အားပေးတဲ့သူများတော့ confessions စီးရီးစ်အလိုက် ဆက်ရေးဖို့ စဉ်းစားထားတယ်။ :D ခုလောလောဆယ်တော့ အင်တာဗျူးအတွေ့အကြုံတွေ ရှဲပေးပါလို့ တောင်းဆိုတဲ့သူရှိလို့ အင်တာဗျူးတွေအကြောင်း အရင်ရေးပါမယ်။ ရေးမယ်သာပြောရတာ၊ share စရာ အတွေ့အကြုံကလည်း အဲလောက်အများကြီး မရှိဘူးရယ်။

အလုပ်တစ်ခုတည်းမှာ ခြောက်နှစ်တောင် ကြာသွားရခြင်း အကြောင်းရင်းထဲမှာ အင်တာဗျူးမသွားချင်တာလည်း ပါတယ်။ (နောက်အကြောင်းရင်းတစ်ခုကတော့ ဘယ်လိုအလုပ်မျိုး လုပ်ချင်တယ်ဆိုတာ စဉ်းစားတာ နည်းနည်း ကြာသွားတာ။ :D) အရင်ပို့စ်မှာ ရေးခဲ့သလိုဘဲ၊ ပထမအလုပ်က language ပေါင်းစုံနဲ့ ဗျောက်သောက်ရေးခဲ့ရတော့ တစ်ခုခုကို မကျွမ်းကျင်နေတော့ language-specific detail တွေလာမေးရင် ဖြေနိုင်ဖို့ သိပ်မလွယ်ဘူးဆိုတာ သိနေတယ်။ ပြီးတော့ ကိုယ်က speaking skill/social skill တော်တော်ည့ံ့တဲ့သူတစ်ယောက် ဆိုပါတော့။ IELTS ဖြေတာတောင် ကျန်တဲ့ skill တွေ 7.5/8.0 ရပေမယ့် speaking skill က ၆.၅ ကို မကျော်ဘူး။ အင်တာဗျူးကို စကားနဲ့မဖြေရဘဲ လက်နဲ့ရေးဖြေလို့ရရင် ကောင်းမှာဘဲလို့ အမြဲစိတ်ကူးယဉ်ခဲ့ဖူးတယ်။ 

အလုပ်အင်တာဗျူးဆိုတာ အလုပ်လုပ်ပြီး ခြောက်နှစ်ကြာတဲ့အထိ တစ်ခုမှ ဟုတ်တိပါတ်တိ သွားဖူးတာ မဟုတ်ဘူးရယ်။ ပထမအလုပ် ကလည်း ကျောင်းတက်တုန်းက အလုပ်သင် ခြောက်လဆင်းခဲ့တဲ့ ကုမ္ပဏီ၊ သူတို့က ကျောင်းပြီးရင် လာလုပ်ဆိုပြီး တစ်ခါတည်း ခန့်လိုက်တော့ လုပ်ဖြစ်သွားတာ။ ကြားထဲမှာ စိတ်ကူးပေါက်တိုင်း စင်ကာပူကို အလုပ်လှမ်းလျှောက်တဲ့အခါ skype နဲ့ဖြေရတဲ့ အင်တာဗျူးလေးတွေတော့ ရှိတယ်။ အဲဒါတွေက technical တွေများတယ်။

ဒီလိုနဲ့ တစ်နေ့မှာ အရင်က အလုပ်လျှောက်ဖူးပေမယ့် အင်တာဗျူးမသွားခဲ့တဲ့ ကုမ္ပဏီတစ်ခုကနေ ဖုန်းဆက်လာပြီး အင်တာဗျူးလာဖြေဖို့ ပြောတယ်။ ကိုယ်လည်း အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့အချိန်နဲ့ကြုံနေတော့ လာမယ်လို့ ပြောလိုက်တယ်။ ပြောရရင် ဘဝမှာ ပထမဆုံးသွားဖူးတဲ့ formal အလုပ်အင်တာဗျူးဘဲ။ အင်တာဗျူးလာဖို့ မနက်ကိုးနာရီချိန်းတယ်။ အချိန် သုံးလေးနာရီလောက်ကြာမယ်၊ အလုပ်ကနေ နေ့တစ်ဝက်ခွင့်ယူခဲ့ပါလို့ ကြိုပြောတယ်။ အရင်လျှောက်ဖူးတဲ့ position က Android developer ဆိုတော့ Java concept တွေတော့ နည်းနည်းပြန်ဖတ်လိုက်တယ်။ လေးရက်လောက်ဘဲ ကြိုပြောတာဆိုတော့ ဘာမှတောင် ပြင်ဆင်ချိန် မရှိလိုက်ဘူး။ 

အင်တာဗျူးနေ့ ရောက်သွားတော့ aptitute test အရင်ဖြေရတယ်၊ အဲဒါက လွယ်တယ်။ အချက် ၁၅ချက်ပေးထားြပီး ကိုယ့်အတွက် အဓိကကျတဲ့ အချက်တွေကို နံပါတ်စဉ်ပြန်စီခိုင်းတာ။ ဥပမာ-လခ၊ ရာထူး၊ အလုပ်အပေါ် စိတ်ကြေနပ်မှု၊ ဘာညာသာရကာပေါ့။ ြပီးတော့ psycho test မေးခွန်းစာရွက်တွေ လာပေးပြန်ရော။ အဓိက ပရောဂျက်တွေကို ဘယ်လိုကိုင်တွယ်မယ်၊ colleague တွေနဲ့ ပြဿနာတက်ရင် ဘယ်လိုဖြေရှင်းမယ်၊ ပြီးတော့ အရင်က ကြုံတွေခဲ့ဖူးတဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေရေးခိုင်းတယ်။ အများကြီးဘဲဖြေလိုက်ရတယ်။ ဖြေလို့မပြီးခင် recruiter ရောက်လာပြီး "ဆောရီးပါ၊ ဒီနေ့ ကုမ္ပဏီတစ်ခုလုံး fire drill လေ့ကျင့်မှုရှိလို့ ခဏနေ အရေးပေါ်အချက်ပေးသံကြားရင် staff တွေနဲ့အတူ emergency လှေကားကနေ လိုက်ဆင်းပြီး စုရပ်ကို သွားပေးပါ" တဲ့။ ကိုယ့်မှာ အင်တာဗျူးဖြေနေရင်း အူကြောင်ကြောင် ကိုးထပ်ကနေ လှေကားနဲ့ဆင်းပြီး စုရပ်ထိ လျှောက်လိုက်ရသေးတယ်။ တကယ့်ကို မကြုံစဖူး မှတ်မှတ်ရရ အင်တာဗျူးဘဲ။ ပြန်တက်လာတော့ IQ test ဆက်ဖြေရတယ်။ ပြီးတော့ နောက်တစ်ခုက ဘာခေါ်လဲ မသိဘူး။ ဒီလို မေးခွန်းမျိုးတွေ ဖြေရတာ-- 
- Describe yourself in three words. 
- What are your strengths?
- What are your weakness?
- Why should we hire you?
- How do you think you can contribute to the company?
စသဖြင့် ပုံမှန် အခြားအင်တာဗျူးတွေမှာဆိုရင် လူချင်းတွေ့ ဖြေရမယ့်မေးခွန်းမျိုးတွေကို စာရွက်ထဲ ရေးဖြေခိုင်းတာ။ ဘဝမှာ အင်တာဗျူးကို ရေးပြီးဖြေချင်တဲ့ ဆန္ဒ ပြည့်ဝသွားတယ်လို့ ပြောရမယ်။ :D အဲဒါတွေကို ပါးစပ်နဲ့ဖြေရရင် ကောင်းကောင်းြပင်ဆင်ထားခဲ့ရင်တောင် အနည်းနဲ့အများ အခက်အခဲတွေ့တတ်တယ်ထင်တာဘဲ။ ရေးပြီးဖြေခိုင်းတာမျိုးနဲ့ ကြုံရတာ တော်တော် ကံကောင်းသွားတယ် ပြောရမယ်။ 

နောက်ဆုံး Technical Test ဖြေခိုင်းတဲ့ အချိန်မှာ ပြဿနာ စတာဘဲ။ ပရိုဂရမ်တွေကို ကွန်ပျူတာနဲ့သာ ရေးတတ်တာ။ စာရွက်ပေါ်မှာ လာရေးခိုင်းတော့ သွားရော။ အဲဒီမတိုင်ခင်က PHP ပရောဂျက်ရော၊ .NET ပရောဂျက်ရော၊ Android ပရောဂျက်ရော အကုန် multi-task လုပ်နေတဲ့အချိန်ဆိုတော့ language တွေအကုန် ရုတ်တရက် ခေါင်းထဲမှာ ရောသွားတာ။ (JQuery, Javascript တွေလည်း ပါသေးတယ် :D) အဲဒီအချိန်မှ ကိုယ့်ကိုယ်ကိုယ် IDE ရဲ့ auto-complete ကို အရမ်း dependent ဖြစ်နေမှန်း သတိထားမိတော့တယ်။ စာရွက်ဖြူပေါ်မှာ ရေးရတာ အရမ်းကို ဒုက္ခရောက်တယ်။ မမှန်မှန်းသိပေမယ့်  တတ်နိုင်သလောက် logic မှန်ရင်ပြီးရောလို့ဘဲ သဘောထားပြီး ရေးလိုက်တယ်။ 

နောက်တော့ Technical Director ရောက်လာတယ်။ ဘာကြောင့် အလုပ်ပြောင်းချင်တာလဲမေးတယ် ြပီးတော့ ဘာကြောင့် Android developer ဖြစ်ချင်ရသလဲတဲ့။ နောက် အရင်လုပ်ဖူးတဲ့ ပရောဂျက်တွေအကြောင်း မေးတယ်။ သူနဲ့က ဖြေရတာ အကုန် အဆင်ပြေလိုက်တယ်။ ခုနက ဖြေထားတဲ့ Technical test မှာ language တွေအကုန် ခေါင်းထဲမှာရောသွားလို့ မဖြေနိုင်ဘူးလို့တော့ ဝန်ခံလိုက်တယ်။ နောက် HR manager မေးတဲ့ အလှည့်ရောက်လာရော။ အင်တာဗျူးမလာခင် ဖြည့်ခဲ့ခိုင်းတဲ့ ဖောင်ကိုကြည့်ပြီး background check သဘောမျိုး စုံစိနေအောင် မေးတော့တာဘဲ။ ြမန်မာပြည်က အစိုးရကိုတောင် ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက် အဲလောက်အများကြီး မပေးဖူးဘူး။ :D နောက်ဆုံးမေးခွန်းကတော့ မျှော်လင့်ထားတဲ့အတိုင်း Do you have any question for us ဆိုတာ။ အရင်က တစ်နေရာမှာဖတ်ဖူးပြီး သဘောကျတဲ့ မေးခွန်းတစ်ခုအတိုင်းဘဲ ပြန်မေးလိုက်တယ်။ အကယ်လို့ ငါ့ကို ဒီ position မှာ အလုပ်ခန့်ခဲ့မယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ငါ့ဆီကနေ ဘယ်လောက်ထိ မျှော်လင့်ထားသလဲ? ပေါ့.. ြပီးတော့ recruiter ကို "ငါ့ကို ဘာကြောင့် အင်တာဗျူးလာဖို့ ဖုန်းဆက်တာလဲ" ဆိုပြီး မေးလိုက်တယ်။ :D သူက "ငါက ဒါမျိုးတွေ ကျွမ်းတယ်လေ" လို့ ဖြေတယ်။ နောက်တော့ လစာညှိတယ်၊ သူပေးချင်တဲ့လခနဲ့ ကိုယ်လိုချင်တဲ့လခရဲ့ အလယ်တည့်တည့်မှာ စျေးတည့်သွားတယ်။ 

မနက်ကိုးနာရီကတည်းကစတဲ့ အင်တာဗျူးက နေ့လည် ၂နာရီလောက်မှ ြပီးသွားတယ်။ ကြားထဲမှာ လှေကား အတက်အဆင်းကလည်း လုပ်လိုက်ရသေးတော့ လူက တော်တော်ကို ပင်ပန်းပြီး ဗိုက်တောင် ဆာသွားတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာဘဲ အလုပ်ခန့်တဲ့အကြောင်း ဖုန်းဆက်လာတော့ ပင်ပန်းရကျိုးနပ်သွားပါတယ်။ 

နောက်အင်တာဗျူးတစ်ခုကတော့ Java နဲ့ပါတ်သက်ပြီး technical questions တွေအများကြီးကို ကျောင်းမှာ စာမေးပွဲဖြေသလိုမျိုး ဖြေရတာ။ သိပ်မဖြေနိုင်ဘူး။ ကျန်တဲ့ aptitute test တွေ ဘာတွေက ခပ်ဆင်ဆင်တွေဘဲ။ ဟိုအလုပ်ရသွားတော့ နောက်တစ်ခုရဲ့ second interview ဆက်မသွားတော့တာ။ စုစုပေါင်းမှ တစ်ခုဘဲရှိတဲ့ အင်တာဗျူးအတွေ့အကြုံ ဒီမှာဘဲ ပြီးပါတယ်။ အခြားသူတွေနဲ့ ယှဉ်ရင် ရီချင်စရာကြီးတောင် ဖြစ်နေမလား မသိဘူး။ 

အင်တာဗျူးက တစ်ခုသွားပြီးတာနဲ့ ကျန်တာတွေကို သွားရမှာ မကြောက်တော့ဘူး။ ဒီတစ်ခေါက်တော့ တော်တော်ကံကောင်းလို့ အလုပ်ရသွားတာလို့ ယူဆတာဘဲ။ နောက်များမှာတော့ Java Interview Questions တွေကို အြပန်ြပန် အလှန်လှန် ကြေညက်အောင် ဖတ်သွားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ Job Market မှာ ကြည့်ရတာ Java, J2EE ကို ကျွမ်းကျင်တဲ့သူတွေ လခတော်တော်ကောင်းတာကို သတိထားမိတယ်။ ကိုယ့်ကိုယ်တော့ technical ပိုင်းအရ သိပ်အားမရသေးဘူး။ တော်တ​ော်ကြိုးစားရဦးမယ်။ 


Confessions of a software developer - The art of changing job

ကျောင်းပြီးကတည်းက ကုမ္ပဏီတစ်ခုတည်းမှာဘဲ ပျော်ပျော်ကြီးလုပ်နေတာ ခြောက်နှစ်လောက်ကြာသွားတယ်။ ပထမ ကုမ္ပဏီက tech-startup ဆိုတော့ ဝန်ထမ်း ၁၀ယောက်လောက်ဘဲ ရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေက အားလုံးကောင်းကြတာရယ်၊ အလုပ်နဲ့ အိမ်နဲ့ နီးတာရယ်၊ အလုပ်လုပ်ရတာ စိတ်ဖိစီးမှုသိပ်မများတာရယ် (တစ်ခါတစ်လေ ပေါက်ကရလေးဆယ် အကုန်လုပ်ခိုင်းတာကလွဲလို့)၊ တစ်နှစ်မှာ မြန်မာပြည်ပြန်ဖို့ ခွင့်ရက်အများကြီးပေးတာရယ်၊ အလုပ်ကို သွားချင်တဲ့အချိန်သွားပြီး ပြန်ချင်တဲ့အချိန် ပြန်လို့ရတာရယ်၊ နောက်အလုပ်သစ်ထပ်ရှာရမှာ ပျင်းတာရယ်၊ အခြားပါတ်ဝန်းကျင်အသစ်ကို ပြောင်းဖို့ တွေဝေနေတာတွေရယ်ကြောင့် comfort zone ထဲမှာ ပျော်မွေ့ပြီး ခြောက်နှစ်လောက် တစ်နေရာထဲမှာ လုပ်ဖြစ်သွားတယ်။ ကြားထဲမှာ ကျောင်းဆက်တက်ရင်ကောင်းမယ်ဆိုပြီး သွားတက်လိုက်၊ supervisor တွေနဲ့ အဆင်မပြေလို့ ကျောင်းပြန်နားထားလိုက်နဲ့ လုံးချာလည်သွားသေးတာတွေလည်း ပါတာပေါ့။ 

တစ်နေ့တော့ ခြောက်နှစ်လောက် အိပ်ပျော်နေရာကနေ ရုတ်တရက် လန့်နိုးလာသလိုဘဲ အလုပ်ပြောင်းချင်စိတ် ပေါက်လာတယ်။ jobstreet မှာ resume တွေလိုက်တင်တယ်။ အင်တာဗျူးတွေ လာဖို့ခေါ်ပေမယ့် အင်တာဗျူးသွားရမှာ အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရပြန်တော့ withdraw တွေပြန်လိုက်လုပ်တယ်။ :D (စကားချပ် - jobstreet က တော်တော့်ကို တိုးတက်လာတယ်။ အလုပ်ရှာရတာ တော်တော်အဆင်ပြေတယ်။) ပရိုဂရမ်မာလုပ်နေတာ ခြောက်နှစ်လောက် ရှိပြီဆိုပေမယ့် တစ်ခုတည်းကို တစိုက်မတ်မတ်မလုပ်ဘဲ ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုပ်ခဲ့တော့ ဘာတစ်ခုကိုမှ သေချာမကျွမ်းကျင်နေသလို ြဖစ်နေပြန်ရော။ startup ကုမ္ပဏီတွေမှာ လုပ်ရင်က ပရောဂျက်မျိုးစုံ လက်ခံတာဆိုတော့ ခဏနေ .NET နဲ့ရေးလိုက်၊ ခဏနေ PHPနဲ့ ရေးရလိုက်၊ PHP ကိုမှ ပရောဂျက်လိုအပ်ချက်အရ CodeIgniter, Zend စသဖြင့် framework တွေကလည်း မတူပြန်ဘူး။ ပြီးတော့ တစ်ယောက်တည်း ပရောဂျက် အစအဆုံးနီးနီးလောက် တာဝန်ယူရတော့ Analyst လည်း ကိုယ်ဘဲ၊ programmer လည်း ကိုယ်၊ tester/documenter လည်း ကိုယ်ဆိုတော့ တစ်ခါတစ်လေ တော်တော်ခေါင်းစားတယ်။ အဲကုမ္ပဏီမှာ တစ်ခုကောင်းတာကြတော့ တစ်နှစ်တစ်နှစ် performance appraisal လုပ်တဲ့အခါ လာမယ့်နှစ်မှာ ဘာတွေလုပ်ချင်သလဲဆိုတာ ဖြည့်ခိုင်းတယ်။ mobile app ရေးချင်တယ်ဆိုတော့ J2ME သင်တန်းပို့ပေးပြီး project ရှာပေးတယ်။ Web Services, J2EE, Semantic Technology နဲ့ပါတ်သက်တဲ့ project တွေလည်း လုပ်ရတယ်။ Android ကို စိတ်ဝင်စားတယ်ဆိုတော့ training ပို့ပေးတယ်။ android project တွေ ရှာပေးတယ်။ ဒီလိုနဲ့ ဟိုစပ်စပ် ဒီစပ်စပ်က တစ်ဖြည်းဖြည်း ပိုများလာတယ်။ ဒါတောင် နောက်တစ်နှစ်ထပ်နေရင် iOS app ရေးချင်တယ်လို့ ပြောမိဦးမယ်ထင်တာဘဲ။ 

ပြောချင်တာက တော်တော်များများကို သိထားတာ ကောင်းတယ်ဆိုပေမယ့် တစ်ခုတည်းကို ကောင်းကောင်းမသိရင်လည်း မဟုတ်ပြန်ဘူး။ တစ်နေရာတည်းမှာ ခြောက်နှစ်ဆိုတော့ တော်တော်ြငီးငွေ့လာတယ်။ ပေါက်ကရလေးဆယ် အစုံလုပ်ရတာ ကြာလာတော့ တစ်ခုတည်းကို တစိုက်မတ်မတ်လုပ်ချင်လာတယ်။ အလုပ်ပြောင်းရင် ဘာလုပ်ချင်လည်းဆိုတာ စဉ်းစားရတယ်။ PHP နဲ့ web အပိုင်းကြတော့ လုပ်ရတာများလို့ တော်တော်ပျင်းသွားပြီ။ ဒီနှစ်ပိုင်းတွေမှာက Android ပရောဂျက်လုပ်တာများတယ်ဆိုတော့ အဲတစ်ခုတော့ နည်းနည်း confidence ရှိတယ်။ Android app တွေရေးတယ်ဆိုပေမယ့် Java  ကို ထဲထဲဝင်ဝင် မကျွမ်းကျင်တော့ စိတ်ပူမိသ​ေးတယ်။ ဖြစ်ချင်တော့ job market ထဲမှာ Android programmerတွေ နည်းနေသေးလို့လားမသိ အလုပ်ရှာရ သိပ်မခက်လိုက်ဘူး။ အိမ်လည်းပြောင်းစရာမလို၊ ရထားနဲ့သွားရင် ရောက်မယ့်နေရာမျိုးမှာရှိတဲ့ ကုမ္ပဏီမျိုးကို ရွေးပြီး အင်တာဗျူး ၂ခုတိတိ သွားလိုက်တယ်၊ ြပီးတော့ အရင် offer တဲ့တစ်ခုကို လက်ခံဖြစ်သွားတယ်။ 

စိတ်ကူးပေါက်လို့သာ အလုပ်ထပြောင်းပေမယ့် comfort zone ထဲက ထွက်ရတော့ စစချင်း လုပ်မှလုပ်နိုင်ပါ့မလားလို့ စိုးရိမ်မိတာ အမှန်ဘဲ။ ပထမ အလုပ်ဝင်တဲ့တစ်လတော့ အလုပ်ပြောင်းမိတာ နောင်တရချင်သလိုလို ဖြစ်မိသေးတယ်။ ကိုယ်သိတဲ့လူလည်း တစ်ယောက်မှမရှိ၊ ပြီးတော့ အလွန်အင်မတန် ရှုပ်ထွေးပွေလီလှတဲ့ app ကြီးတစ်ခုလုံးကို စရောက်တဲ့နေ့မှာဘဲ ရော့..အင့်.. ဆိုပြီး လက်ထဲထိုးထည့်သွားတာ။ ဘယ်သူကမှ ဘယ်ကစလုပ်ရမယ်ဆိုတာ လာမရှင်းပြဘူး။ ကိုယ့်အရင်လုပ်သွားတဲ့ ပရိုဂရမ်မာက အလုပ်ထွက်သွားတာ ခြောက်လလောက်ရှိပြီတဲ့။ ပိုဆိုးတာက domain knowledge က စတော့စျေးကွက်ဆိုတော့ တစ်ခါမှကို ယောင်လို့တောင် မလေ့လာဖူးတဲ့ subject ကြီးဖြစ်နေတာ။ အဲဒီအလုပ်ကို ဘာလို့လက်ခံလိုက်သလဲဆိုတာ ကိုယ့်ကိုယ် ခဏခဏ ပြန်မေးကြည့်ရသေးတယ်။

ဒါပေမယ့် ၂ပါတ်လောက်အပြီးမှာတော့ နည်းနည်းအသားကျလာတယ်။ ဘေးနားမှာထိုင်တဲ့ iOS ပရိုဂရမ်မာက စတော့စျေးကွက်တွေအကြောင်း အလွယ်ဆုံးနည်းနဲ့ ရှင်းပြတယ်၊ ပြီးတော့ ဒါတွေက စိတ်ဝင်တစား လေ့လာရင် နားလည်ဖို့ တစ်အားလွယ်တယ်လို့ အားပေးတယ်။ ပြီးတော့ ကိုယ့်လိုဘဲ nexus ဖုန်းတွေ၊ google technology တွေကို ခရေဇီဖြစ်တဲ့သူတွေရှိတော့ သူတို့တွေနဲ့ ခဏအတွင်း ခင်သွားတယ်။ She speaks our language တဲ့။ :) အချို့တွေကတော့ နည်းနည်း အထာကိုင်တဲ့သူတွေရှိတယ်၊ အဲလိုလူမျိုးကြတော့ မျက်နှာငယ်လေးနဲ့ ကိုယ်သိချင်တာ မရရအောင် လိုက်မေးရတယ်။ ပုံမှန်ဆို ကိုယ်က ပေါင်းသင်းဆက်ဆံရေးညံ့တဲ့ anti-social ဆိုတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဘာသိဘာသာ နေဖြစ်ဖို့ များတယ်။ ကံကောင်းချင်တော့ ကိုယ့် ဥပဓိရုပ်က ထူးဆန်နေလို့လားတော့မသိ၊ စပ်စပ်စုစု မေးခွန်းပေါင်း သောင်းခြောက်ထောင် လာလာမေးကြတော့ တစ်လအတွင်း ခင်တဲ့သူ ထင်တာထက် များလာတယ်။ တရုတ်စကားရယ်၊ မလေးစကားရယ် ပြောတတ်တော့ ပြောရဆိုရ ပိုအဆင်ပြေတာလည်း ပါမယ်ထင်တယ်။ (၁၀နှစ်လောက်မပြောဘဲ ပစ်ထားတဲ့ တရုတ်စကား မေ့မသွားတာဘဲ ကျေးဇူးတင်ရမယ်။) ကိုယ် report လုပ်ရတဲ့ supervisor ရော director ရောက တော်တော်သဘောကောင်းကြတော့ စိတ်ချမ်းသာရတယ်။ 

အခု အလုပ်အသစ်မှာ ၂လလောက်ရှိသွားပြီဆိုတော့ တော်တော်အသားကျသွားပြီ။ ပွစိထနေတဲ့ Java ကုဒ်တွေကိုလည်း ကြည့်ရင်းကြည့်ရင်း မျက်စိယဉ်လာပြီ။ စတော့စျေးကွက်ကိုလည်း နည်းနည်း တီးမိခေါက်မိ ရှိလာပြီ။ အလုပ်သစ်ပြောင်းရမှာကို စိုးရိမ်ခဲ့တဲ့ anxiety တွေလည်း အကုန်ပျောက်သွားပြီ။ ကံဘဲကောင်းသလား၊ လုပ်ငန်းခွင် တော်တော်များများက ဒီအတိုင်းဘဲ ဆိုတာလားတော့ မသိပေမယ့် သေချာတာတစ်ခုက အလုပ်သစ်၊ ပါတ်ဝန်းကျင်အသစ်ဟာ အတွေးအခေါ်အသစ်တွေကို အများကြီး ပေးနိုင်တာတော့ အမှန်ပါဘဲ။ အလုပ်လေးတစ်ခု ပြောင်းတာများ ဒီလောက် ရေးကြီးခွင်ကျယ်လုပ်ပြီး ရေးရသလားဆိုရင်တော့ ကျွန်မလို ပါတ်ဝန်းကျင်အသစ်၊ လူအသစ်တွေကို ကြောက်တတ်တဲ့သူတစ်ယောက်အတွက်တော့ မဟာစွန့်စားခန်းကြီးပါဘဲ။ :D အလုပ်သစ်ပြောင်းခြင်း အနုပညာ ဤတွင် တစ်ခန်းရပ်ဧ။်။ o_o


Makeup Tool Review: Beauty Blender

Beauty Blender ဆိုတာ ကြက်ဥပုံစံလုပ်ထားတဲ့ မိတ်ကပ်လိမ်းဖို့ ဖော့တုံးလေးပါ။ အထူးသဖြင့် Liquid foundation နဲ့ concealer လိမ်းဖို့အတွက်ပေါ့။ Beauty Blender ကို ၂၀၁၃ နိုဝင်ဘာလောက်က စသုံးဖြစ်တာဆိုတော့ ၆လလောက်တော့ရှိပြီ။ reviewရေးမယ်ဆို တော်တော်တောင် ကြာသွားတယ်။ Youtube မှာ makeup tutorial တွေလိုက်ကြည့်ရင်း beauty blender ကို သတိထားမိတာ။ ခုနောက်ပိုင်း တော်တော်များများ သုံးလာကြတာ တွေ့ရတယ်။  ပထမကတော့ သိပ်မယုံတာရယ်၊ ဖောင်ဒေးရှင်းလိမ်းတဲ့ sponge တစ်ခုကို ဒေါ်လာ၂၀(RM64) လောက် ပေးမဝယ်ချင်တာရယ်၊ သူနဲ့ပုံစံတူ sponge တွေကလည်း သူ့လောက်နီးနီး ကောင်းတယ်လို့ ပြောကြတာရယ်တွေကြောင့် စစချင်း ရင်းဂစ် ၁၀လောက်ဘဲပေးရတဲ့ dupe ဘဲဝယ်သုံးဖြစ်တယ်။ dupe သုံးပြီး တစ်လလောက်ကြာတော့ Luxola မှာ discount ပေးတာနဲ့ကြုံတုန်း စမ်းကြည့်မယ်ဆိုပြီး ဝယ်ဖြစ်သွားတာ။ 
original beauty blender
Beauty Blender
− beauty blender စသုံးဖြစ်ပြီးကတည်းက နေ့တိုင်းလိုလို ဖောင်ဒေးရှင်းကို သူ့နဲ့ဘဲ လိမ်းဖြစ်တော့တယ်။ အရင်က လက်နဲ့လိမ်းတာများတယ်။ 
− မိတ်ကပ်လိမ်းရတစ်အားလွယ်သွားတယ်။ pores တွေကိုလည်း သိသိသာသာ လျော့အောင် ဖုံးနိုင်တယ်။ 
− မိတ်ကပ်အထူကြီး လိမ်းထားသလို cakey မဖြစ်ဘူး။ အြမဲလိုလို သဘာဝကျကျ မိတ်ကပ်လိမ်းထားတဲ့ရုပ်မျိုး ထွက်တယ်။ ညီလည်းညီတယ်။
− မလိမ်းခင်တိုင်း ရေနဲ့အရင် ဆေးရတဲ့အတွက် ဖုန်တွေဘာတွေတက်ရင်တောင် တစ်ခါတည်း ဆေးပြီးသားဖြစ်သွားတော့ သန့်လည်းသန့်ရှင်းတယ်လို့ ပြောလို့ရတယ်။
− တစ်ပါတ်မှ တစ်ခါလောက် baby shampoo နဲ့ဆေးတယ်။ 
− ၆လလောက် နေ့တိုင်းလိုလိုသုံးတာတောင် ခုထိ တော်တော်ကောင်းနေသေးတယ်။ တစ်နှစ်နီးနီးတော့ ခံမယ်ထင်တယ်။

Beauty Blender vs dupe
Beauty blender and sponge puff

texture အနီးကပ် 
− Beauty Blender က (US)ဒေါ်လာ ၂၀လောက်ပေးရတယ်။ dupe တွေက ၃ဒေါ်လာဝန်းကျင်ဘဲရှိမယ်။ 
− dupe ရဲ့ ဖော့သားက နည်းနည်းမာတယ်၊ beauty blender က ပျော့ပျော့လေး။ မျက်နှာပေါ်မှာ လိမ်းရတာ soft ဖြစ်တယ်။
− dupe က တစ်လလောက် သုံးပြီးတော့ သိပ်မကောင်းချင်တော့ဘူး။ နေ့စဉ်သုံးမယ်ဆိုရင် ကြာကြာမခံဘူး။ ဖော့သားက မာတော့ ပြဲလွယ်တယ်။ 
− မိတ်ကပ်လိမ်းထွက်လာရင် finish က သိပ်တော့မကွာဘူး။ 
− beauty blender က ဆေးရလွယ်တယ်။ dupe က မိတ်ကပ်ပိုစုပ်သလိုဘဲ။ တော်တော်နဲ့လည်း လျှော်ရတာ မပြောင်ဘူး။ 
− sephora ကလည်း ပုံစံတူထုတ်တယ်၊ ၁၀ ဒေါ်လာဝန်းကျင် ပေးရမယ်။ Nature republic မှာလည်း တွေ့တယ်၊ ၈ဒေါ်လာလားမသိဘူး။  အဲဒါတွေကတော့ နည်းနည်းပိုကောင်းမလား မပြောတတ်ဘူး။ အပေါ်ကပြောတဲ့ dupe ဆိုတာက တရုတ်ကထုတ်တဲ့ ပုံစံတူ သုံးဒေါ်လာလောက်ဘဲ ပေးရတဲ့ sponge ကိုပြောတာနော်။

Beauty Blender vs Sigma F80 Foundation Brush
− Sigma ရဲ့ F80  ကို အရင်က တော်တော်ကြိုက်ပေမယ့် beauty blender သုံးပြီး brush ကို သိပ်မသုံးဖြစ်တော့ဘူး။ 
− သာမန်ရုံးသွားရုံးပြန်အတွက် Beauty blender နဲ့လိမ်းဖြစ်ပြီး ပွဲတွေဘာတွေသွားရင်တော့ Sigma F80 နဲ့ လိမ်းဖြစ်တယ်။ 
− မိတ်ကပ်ထူထူလိမ်းချင်တဲ့အခါကြတော့ brush နဲ့လိမ်းရင် ပိုလှတယ်။

Verdict
ခုတော့ beauty blender က မရှိမဖြစ် makeup tool တစ်ခုတောင် ဖြစ်နေပြီ။ ကတယ်ပါ။ အဲလောက်ကို ကောင်းပါတယ်။ :D ဒေါ်လာ၂၀လောက် invest မလုပ်ချင်ရင် စျေးသက်သက်သာသာနဲ့ dupe တစ်ခုလောက်ဝယ်ပြီး အရင်စမ်းကြည့်ပါ။ finish ကိုသဘောကျတယ်ဆိုရင်တော့ beauty blender ကို ဝယ်လိုက်တာ တန်ပါတယ်။

ပို့စ်တစ်ခုလုံးမှာ စျေးနှုန်းမှန်းရလွယ်အောင် ဒေါ်လာ(USD)နဲ့ ပျမ်းမျှပြန်ရေးထားတာပါ။ နောက်မှ သိသလောက် မှတ်သလောက် beauty product review လေးတွေ ထပ်ရေးပါဦးမယ်။


Mom's recipe - Hot Pot!!

မြန်မာပြည်ပြန်တိုင်း အမေ့ကို အမြဲ ဟော့ပေါ့ လုပ်ကျွေးခိုင်းတယ်။ ဟော့ပေါ့တို့ steamboatတို့က ဒေသအလိုက် မူတည်ပြီး အထဲထည့်တဲ့ အစာတွေ ကွဲတယ်ထင်တယ်။ အိမ်က အမြဲချက်လေ့ရှိတာတော့ ယူနန်စတိုင် ဖြစ်မယ်။ ready-madeအသားတုတွေ မသုံးဘဲ အကုန်လုံးကို ကိုယ်တိုင် လုပ်တာဆိုတော့ အချိန် တော်တော်ပေးပြီး ချက်ရတယ်။ 

 ingrediens 1
Meat Ingredients
၁။ အမဲသားကြက်ဥလိပ် (蛋卷) − ဒီတစ်ခုက လုပ်ရတာ တော်တော်လက်ဝင်တယ်။ စစချင်း ကြက်ဥကိုခေါက်ပြီး တစ်ချပ်ချင်း ပါးပါးလေး ရအောင် non-stick pan နဲ့ ကြော်တယ်။ ပြီးရင် အမဲသားတောက်တောက်စဉ်း+ဂျင်း+ကြက်သွန်ဖြူ နယ်ထားတာကို ကြက်ဥပေါ် ပါးပါးလေးသုပ်၊ ပြီးရင် လိပ်။ အသားက အစိမ်းထည့်ထားတာဆိုတော့ steamer နဲ့ ပြန်ပေါင်းရသေးတယ်။ လုပ်ရတာ လက်ဝင်သလို စားလို့လည်း အတော်ကောင်းတယ်။ 

၂။ ငါးဖယ် − အလုံးသေးသေးလေးတွေလုံးပြီးကြော်။ 

၃။ စူးကျီး − ကြက်ဥနဲ့ ဂျုံနဲ့ခေါက်ပြီး အလယ်မှာ ကြက်သားဌာပနာပြီး ကြော်ရတာ။ ပန်းသေး အစားအသောက်တစ်မျိုးဘဲ။ 

၄။ နွားလျှာ − pressure-cooker နဲ့ နူးနေအောင် ပေါင်းရတာ။


ingrediens 2
Vegetable
၅။ စူကာရွက် − တောင်ကြီးမှာ စူကာသီးလို့ခေါ်ပေမယ့် အခြားဒေသတွေမှာ ဂေါ်ရခါးသီးလို့ခေါ်တယ်ထင်တယ်။ အဲဒီအပင်ရဲ့ အရွက်ကိုမှ အညွှန့် နုနုလေးတွေဘဲ ရွေးပြီး ရေနွေးနဲ့ ခဏလေး ကြိုဖျောထားတယ်။

၆။ ကန်စွန်းရွက်− အမေရဲ့ original recipe မှာ ကန်စွန်းရွက်မပါဘူး။ အမေက ဘာအရွက်တွေလဲမသိဘူး ရှာမရလို့ဆို အရွက်နည်းနေတယ်ပြောလို့ ကန်စွန်းရွက်ထည့်ဖို့ အကြံပေးထားတာ။ :D 

၇။ မုန်ညင်းဖြူ − မုန်ညင်းဖြူကိုလည်း ရေနွေးနဲ့ ခဏလေး ပြုတ်ထားတယ်။

၈။ မုန်လာဥဖြူ − မုန်လာဥဖြူကို ကြက်သားဟင်းရည်နဲ့ ကျက်ခါနီးထိ အရင်ပြုတ်ထားရတယ်။ 

Soup base
၉။ soup-base က ကြက်သားဟင်းရည်ဆိုတော့ ကြက်၂ကောင်လောက်ကို အရင်ပြုတ်ထားရတယ်။ မွေးမြူရေးကြက်မှ စားလို့ကောင်းတာဆိုပြီး အဲဒီ ကြက်ကို ပြုတ်ရတာလည်း လေးငါးနာရီလောက်ကြာတယ်။ 
− ပိန်းဥနဲ့ အမဲသားလုံးက ရှာမရလို့ ဒီတစ်ခေါက် မပါလိုက်ဘူး။

ဟော့ပေါ့ထဲ ထည့်ရတဲ့ အစာတွေက လက်ဝင်လွန်းတော့ အမေက တစ်ခါလုပ်ရင် အများကြီးလုပ်ပြီး မောင်နှမဝမ်းကွဲတွေအများကြီး တစ်ခါတည်း ခေါ်စားတာ ပျော်ဖို့ကောင်းတယ်။  
 
အိုးထဲစီထည့် 
ပြီးရင် အောက်ဆုံးမှာ မုန်လာဥဖြူတွေကို အရင်စီပြီး အပေါ်မှာ meat intredients တွေကို တစ်ထပ်ချင်း စီထည့်တယ်။ အရင်က အလယ်ကနေ မီးသွေးထည့်ရတဲ့ အိုးတွေ သုံးတယ်။ ခုနောက်ပိုင်း electric အိုးတွေ ပေါ်လာပြီး မီးလျှော့ရ တင်ရတာ လွယ်တယ်၊ အပူမြန်တယ်ဆိုတော့ ပိုအဆင်ပြေသွားတယ်။ မဟုတ်ရင် မီးသွေးထည့်လိုက်၊ ထုတ်လိုက်နဲ့ မလွယ်ဘူး။ ပြီးတော့ အဲဒီအိုးတွေကို ဆေးရတာလည်း ပင်ပန်းတယ်။ 
side dish
Side dish
၁။ ကြက်သား − ပြုတ်ထားတဲ့ ကြက်သားကို ခုတ်ပြီး ပန်းကန်ထဲ စီတယ်။ 
၂။ နွားနို့ခြောက်ကြော် − ဒီအကြော်ကြော်ရတာလည်း လက်ဝင်တယ်။ နွားနို့ခြောက် အပြားကြီးကို တူနဲ့ ခက်ခက်ခဲခဲလိပ်ပြီး ကြော်ရတယ်။ မီးပြင်းရင်လည်း မဟုတ်၊ မီးအေးရင်လည်းမဟုတ်နဲ့။ နည်းနည်းခက်တယ်။
၃။ ကြက်သွန်ချဉ်နဲ့ မုန်ညင်းချဉ်

စားဖို့အသင့် 
ရှမ်းခေါက်ဆွဲရယ်၊ ရှမ်းခေါက်ဆွဲမကြိုက်တဲ့သူတွေအတွက် ဂျုံခေါက်ဆွဲရယ် အရွက်တွေရယ်ကို ကိုယ်လိုချင်သလောက် ဟင်းရည်ထဲထည့်ပြုတ်ပြီး စားလို့ရပြီ။ ;-) တောင်ကြီးလို ချမ်းချမ်းအေးအေး ရာသီဥတုနဲ့ ဟော့ပေါ့က တကယ်ကို လိုက်ဖက်တဲ့ အစားအသောက်တစ်ခုပါဘဲ။


Nyaung Shwe Fish Pond and Restaurant

၂၀၁၄ တောင်ရောက်သွားပြီ။ တောင်ကြီးအကြောင်း မရေးဖြစ်တာကြာလို့ အရင်နှစ် သြဂုတ်လပိုင်း တောင်ကြီးပြန်တုန်းက ရိုက်ဖြစ်ခဲ့တဲ့ ပုံအချို့ ပြန်တင်လိုက်ဦးမယ်။ :D ခါတိုင်း တောင်ကြီးတစ်ခေါက်ပြန်ရင် ရေးစရာ စီးရီးလိုက်ရှိပေမယ့် ဒီတစ်ခေါက်က မိုးတွင်းကြီးဖြစ်နေတော့ အပြင်သိပ်မထွက်ဖြစ်လိုက်ဘူး။ Taunggyi trip ကို ပို့စ်တစ်ခုတည်းပေါင်းရေးမို့ဘဲ၊ ဓါတ်ပုံတွေများနေလို့  ၂ခုတော့ ခွဲလိုက်ဦးမယ်။
ခုနောက်ပိုင်း ငါးကန်တွေ ခေတ်စားတယ်။ အင်းလေးကန်နားက ညောင်ရွှေဘက်မှာ ငါးကန်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ နေရာလေးတွေရှိတယ်။ ဒီတစ်ခေါက် ရောက်ဖြစ်တာက ပေါက်ကျော် ငါးကင်ဆိုင်။  
ပေါက်ကျော် ငါးကင်ဆိုင် 
 အထဲမှာ တော်တော်ကျယ်တယ်။ တဲလေးတွေကို ရေထဲမှာ ဆောက်ထားတာ။ အဲလိုတဲပေါင်း ၂၀လောက် ရှိတယ်။ 
အထဲမှာ သီးသန့် တဲလေးတွေနဲ့ အေးအေးဆေးဆေး သာသာ ယာယာရှိတယ်။
 သူ့ဆိုင်မှာ menu.. ဗိုက်တောင်ဆာလာပြီ။ :D ငါးဟင်းတွေက တစ်ပွဲမှ သုံးထောင်ဝန်းကျင်လောက်ဘဲ။ 
 ငါးဟော့ပေါ့၊ ငါးချဉ်စပ်၊ ငါးကြွပ်ကြော်၊ ငါးထောင်း၊ ခရမ်းချဉ်သီးသုပ်။ လူငါးယောက်စားတာ ၂သောင်းတောင် မကျဘူး။ အဲဆိုင်က ငါးစိမ်းသုပ်လည်း တော်တော်စားကောင်းတယ်။ တောင်ကြီးက ကလေးတွေများ အားနေရင် ဆိုင်ကယ်နဲ့ ကဒီးကဒီး သွားကြတာ။ ငါးစိမ်းသုပ်နဲ့ ငါးထောင်းကို highly recommend လုပ်ပါတယ်။ ;)

 
ငါးကင်ဆိုင်ရဲ့ လမ်းဟိုဘက်ခြမ်းမှာ လယ်တောလေးတွေရှိတယ်။  

မစ္စတာ ဒေးဗစ် ငါးကန် (ညောင်ရွှေမြို့)
ဒီတစ်ပုံက သူငယ်ချင်းရဲ့ FB ကနေ မ လာတာ။ မစ္စတာဒေးဗစ်  ငါးကန်နဲ့ ငါးကင်ဆိုင်။ Mr. David မှာက ကိုယ်တိုင် ငါးမျှားလို့လည်းရတယ်တဲ့။ အမေတို့က ပေါက်ကျော်ဆိုင်က ပိုစားကောင်းတယ်လို့ ပြောတာဘဲ။ ဒါပေမယ့် ဒီတစ်ခုက တော်တော်သာယာတယ်။ နောက်ခေါက်ပြန်ဖြစ်ရင်တော့ မစ္စတာ ဒေးဗစ်မှာ သွားစားဦးမယ်။ :)


Legoland Trip

 အရင်လက မြန်မာပြည်က သူငယ်ချင်းတွေလာတုန်း တစ်နေရာရာသွားလည်ကြမယ်ဆိုတော့ ပီနန်ကန်မရွန်းဟိုင်းလန်းမလက္ကား ဘယ်သွားကြမလည်း ရွေးရင်း တစ်ယောက်မှ မရောက်ဖူးတဲ့ Legoland ကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မလေးရှားမှာ ရောက်ဖူးသမျှမြို့တွေထဲမှာ tourist-friendly မဖြစ်ဆုံးမြို့ဘဲ။ :D ၂ရက်လုံး တက္ကစီကော ဘတ်စ်ကားကော စီးရတာ တိုင်ပါတ်နေတယ်။ ဂျိုဟိုးဘာရူးမြို့က စင်ကာပူနိုင်ငံသားတွေ အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေတဲ့မြို့ဆိုတော့ စင်ကာပူရီယန်းတွေကို အဓိကထားပြီး အရာရာကို စျေးတင်ထားသလိုဘဲ။ တက္ကစီ စီးရတာတင်ကို တော်တော် ပိုက်ဆံကုန်သွားတယ်။ 

ကေအလ် ကနေ ဂျိုဟိုးဘာရူးကို လေးနာရီကျော်လောက် ဘတ်စ်စီးရတာဆိုတော့ နေ့ချင်းပြန်သွားလို့အဆင်မပြေနိုင်ဘူး။ အဲဒါနဲ့ နှစ်ရက်တစ်ညနေဖို့ ဆုံးဖြတ်လိုက်တယ်။ အစက ပထမတစ်ရက်မှာ ဂျိုဟိုးဘာရူးမြို့ထဲ ပါတ်လည်ဦးမယ်ဆိုပြီး မြို့ထဲကဟိုတယ်ဘဲ လိုက်ရှာတာ။ Hotel Sentral က ပေးတဲ့ ဟိုတယ်+legolandဝင်ခွင့်လက်မှတ်+မနက်စာဘူဖေးရယ် ကို တစ်ယောက် ရင်းဂစ် ၁၈၀ဆိုတော့ တော်တော်သက်သာတာနဲ့ အဲဒီ ဟိုတယ်ဘဲ ရွေးလိုက်တယ်။ Legoland ရောက်ရင် လက်မှတ်ကောင်တာမှာ တန်းစီရတာ သက်သာတယ်ဆိုပြီးယူလိုက်တာ။ Legoland ကလည်း စနေ၊တနင်္ဂနွေသွားရင် လူတစ်အားများမှာစိုးလို့ တနင်္လာတစ်ရက် ခွင့်ယူပြီး တနင်္ဂနွေမနက်ထွက်၊ တနင်္လာညပြန်ဆိုပြီး စီစဉ်လိုက်တယ်။ ခါတိုင်းဆို အင်တာနက်ကနေ ဘတ်စ်ကားလက်မှတ် အြမဲကြိုဝယ်လေ့ရှိပေမယ့် လူတော်တော်များများက ဘတ်စ်ကားဂိတ်ရောက်မှ ဝယ်လည်း ရတယ်လို့ပြောကြတာနဲ့ ​ဂိတ်ရောက်တော့ ၁၀နာရီလက်မှတ်လိုချင်တာ ၁၁ခွဲလက်မှတ်ဘဲရလိုက်တယ်။ နောက်ဆို ဘယ်လောက် လက်မှတ်လွယ်တယ်ပြောပြော ကြိုဝယ်ထားတာဘဲကောင်းပါတယ်။ အသွားအပြန်လက်မှတ်က တစ်ယောက်ကို ရင်းဂစ် ၇၀လောက်ဘဲ။ 

ကေအလ်ကနေ မနက်၁၁နာရီခွဲလောက်မှ ထွက်ရတော့ ဂျိုဟိုးဘာရူးကို လေးနာရီနီးနီးမှ ရောက်တယ်။ ဟိုတယ်ရောက်တော့ check-in ဝင်ပြီး ခဏနားလိုက်တာ မှောင်ခါနီးနေပြီ။ အဲအချိန်မှ နေ့လည်စာနဲ့ ညနေစာ ပေါင်းစားဖို့ City Square ကိုသွားရတယ်။ နောက်အခေါက်ဆိုရင် City Square တစ်ဝိုက်က ဟိုတယ်တွေမှာတည်းရင် ပိုအဆင်ပြေမယ်။ Hotel Sentral က တော်တော်ကောင်းပေမယ့် City Square ရောက်ဖို့ ၁၀မိနစ်လောက်လမ်းလျှောက်ရတယ်။ လမ်းမကြီးကိုဖြတ်ရသေးတာဆိုတော့ သိပ်အဆင်မပြေဘူး။ City Square မှာ စားပြီးတော့ အထဲမှာ လျှောက်လည်၊ ပြီးတော့ Danga Bay ကို ခဏသွားတယ်။ ပြီးတော့ အားလုံးလဲ ပင်ပန်းတာနဲ့ ဟိုတယ်ဘဲပြန်နားကြတယ်။


မနက်ကြတော့  JB Sentral ကနေ Legoland ကို တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားက တစ်နာရီမှ တစ်စီးထွက်တာ။ မနက်၉နာရီခွဲကားမှီအောင်သွားပါတယ်ဆို တက္ကစီသမားက ကားဂိတ်မှားပြီး City Square ရှေ့က ဘတ်စ်ကားမှတ်တိုင်မှာ ချပေးသွားတာနဲ့ ပြန်လိုက်ရှာရင်း ကားလွတ်သွားတယ်။ အဲဒါနဲ့ Legoland ကို တက္ကစီနဲ့ဘဲ သွားလိုက်ရတယ်။ ပုံမှန် တက္ကစီမီတာက၂၅ကျပ်လောက်ဘဲကျတာ။ surcharge အတင်းတောင်းတာနဲ့ လေးဆယ်ကျော် ပေးလိုက်ရတယ်။ ဂျိုဟိုးဘာရူးက ကျယ်တော့ တစ်နေရာ တစ်နေရာ အဝေးကြီးရယ်။ ဘတ်စ်ကားကလည်း တစ်နာရီမှ တစ်စင်းလောက်ထွက်တာ။ လေဆိပ်၊ Legoland၊ Hello Kitty Town၊ KSL city တွေသွားတဲ့ ဘတ်စ်ကားအချိန်စာရင်း ကိုကြည့်ထားရင် ပိုအဆင်ပြေတယ်။ ဘတ်စ်ကားမှတ်တိုင်က CIQ checkpoint အောက်နားလေးတင်ဘဲ။
Legoland အဝင်ဝ
Legoland ကနေ ညနေကြ ဘတ်စ်ကားဂိတ်ကို တန်းသွားမယ်ဆိုပြီး luggage တွေပါ တစ်ခါတည်း သယ်လာခဲ့လိုက်တယ်။ အပြင်မှာရော အထဲမှာပါ Locker တွေငှားလို့ရတယ်။ Locker အသေးက တစ်ရက်ကို ၂၀၊ အကြီးက လေးဆယ်။ ဖုန်းရယ်၊ ကင်မရာတစ်လုံးရယ်ဘဲယူပြီး ကျန်တာတွေအကုန် Locker ထဲထည့်ခဲ့လိုက်တယ်။ Locker က ပါ့စ်ဝေါ့နဲ့ဆိုတော့ ကြားထဲမှာ ကြိုက်တဲ့အချိန်ဖွင့်ပြီး လိုတဲ့ပစ္စည်းထုတ်လို့ရတယ်။ စာတော်တော်ရှည်သွားပြီ။ Legoland ထဲခုမှရောက်မှာ။ :D ဝင်ကြေးက တစ်ယောက်ကို ရင်းဂစ် ၁၄၀။ online ကနေ တစ်ပါတ်ကြိုဝယ်ရင် ၂၀% လျှော့ပေးတယ်။ နီးမှ စီစဉ်ဖြစ်လို့ ဟိုတယ်က ပေးတဲ့ package ဘဲ ဝယ်လိုက်တာ။

အပြင်ဘက်မှာ အဆင်မပြေခဲ့သလောက် Legoland ထဲရောက်မှ အမောပြေတော့တယ်။ အထဲမှာ group ပုံရိုက်ချင်တဲ့အခါ ကူပြီး ရိုက်ပေးတဲ့ staff တွေရှိတယ်။ တော်တော့်ကို ဖော်ရွေကြတယ်။ ပြီးတော့ သူတို့ရိုက်ပေးတဲ့ ဓါတ်ပုံတွေလည်း တော်တော်ကောင်းတယ်။ ကိုယ့်သူငယ်ချင်းကို ရိုက်ခိုင်းရတာထက်တောင် လှသေးတယ်။ :D ကိုယ်ရိုက်ချင်သလောက် မညည်းမညူ ရိုက်ပေးတယ်။ ရောက်ဖူးတဲ့သူတွေက နေတစ်အားပူတယ်ပြောကြပေမယ့် အဲနေ့က မိုးအုံ့နေလို့ တော်တော်နေလို့ကောင်းတယ်။ ဓါတ်ပုံတွေတော့ မှောင်မှိုင်းမှိုင်းတွေဖြစ်ကုန်တယ်။ စဝင်ဝင်ခြင်း miniland ကို အရင်ရောက်တယ်။ အာရှက အထင်ကရနေရာတွေကို lego လေးတွေနဲ့ ပြန်ဆောက်ထားတာ။ ကစားကွင်းတွေဘက်နဲ့စာရင် miniland ကို အချိန်ပေးပြီး ကြည့်ဖြစ်တယ်။ ဒါပေမယ့် lego လေးတွေက အားလုံး လေးထောင့်တုံးတွေဆိုတော့ အချိန်ကြာကြာ စူးစိုက်ပြီးကြည့်ရင် pixelated ဖြစ်ပြီး မူးလာလိမ့်မယ်။ :D 

ဘန်ကောက်က Wat Arun ဘုရားကျောင်း ပုံစံငယ် 

မလေးရှားက ပူထရာဂျာယာပလီ ပုံစံငယ် 

မြန်မာက ကရဝိတ်နန်းတော်ရဲ့ ပုံစံငယ်

လုပ်ထားတာ အရမ်းအနုစိတ်တယ်။ အနောက်ဘက်နားက ဂိတ်စောင့်နေတဲ့ ရဲမက်၂ယောက်ရယ် တံတားပေါ်က ဘုန်းကြီးနှစ်ပါးရယ်ကအစ lego လေးတွေနဲ့ အသေးစိတ်ကို လုပ်ထားတာတွေ့တော့ တော်တော်သဘောကျသွားတာ။ 

အိန္ဒိယက တဂျ်မဟာ

တရုတ်ပြည်က Forbidden Palace၊ အနောက်မှာ ဂရိတ်ဝေါရယ်၊ ပန်ဒါ သေးသေးလေး တွေရယ်လည်း လုပ်ထားတယ်။

ပြီးတော့ Dino Island မှာ ရေလွှာလျှော သွားစီးတယ်။ လူနည်းတော့ တန်းစီစရာသိပ်မလိုတာနဲ့ ၂ခါစီးလိုက်တာ တစ်ကိုယ်လုံးရွှဲရော။ အထဲမှာ Body Dryer ဆိုပြီး လူသုံးလေးယောက်ဝင်လို့ရတဲ့ heater 
တွေတော့ ထားထားပေးတယ်။ ပိုက်ဆံ၁၀ထည့်ရင် ၁၀မိနစ်လောက် ဖွင့်ပေးတယ်။ လူကို ရေလေးနဲ့စိမ်ပြီး စက်ထဲထည့် ကင်ထားသလိုဖြစ်ရော။ :P
Body dryer အခြောက်ခံစက် 
နောက်တော့ Lost Kingdom Adventure ဆိုပြီး အထဲမှာ ပိရမစ်ရုပ်တွေကို လေဆာနဲ့ပစ်ရတာစီးတယ်။ The Dragon Kingdom မှာ roller coaster စီးတယ်။ 5D cinema ထဲမှာ လူတော်တော်များနေလို့ တန်းမစီခဲ့တော့ဘူး။ Star World Miniland Displayကို မမြင်ဘဲ ကျော်သွားတာတော့ နောင်တရလို့ မဆုံးဘူး။
 Lost kingdom adventure
Legoland ထဲမှာ ရှိသမျှ rides တွေအကုန်က child-friendly ဖြစ်တော့ လူကြီးတွေအတွက်ကြတော့ တစ်အားကြီး thrilling ဖြစ်မနေဘူး။ ခြောက်နှစ်အထက် ကလေးဆိုရင် အကုန်ကစားလို့ရတာတွေဆိုတော့။ အဓိက attraction ကတော့ miniland ဘဲထင်တယ်။ အားလုံးကစားပြီး မောသွားတော့ miniland ထဲကို နောက်တစ်ခေါက်ပြန်ဝင်တယ်။ အနုစိတ်လုပ်ထားတဲ့ ပုံစံငယ်လေးတွေကို တစ်အားသဘောကျတာဘဲ။ Legoland ထဲမှာ နေ့လည်စားစရာ ဆိုင်သိပ်မရှိဘူး။ Souvenir တွေလည်း စျေးနည်းနည်ကြီးတယ်။ အြပင်တစ်ကြိမ် ထွက်ခွင့်ပေးတယ်။ အပြင်မှာ စားသောက်ဆိုင် တော်တော်စုံတယ်။ ပင်ပန်းနေကြပြီဆိုတော့ ပြန်မဝင်တော့ဘဲနဲ့ ဘတ်စ်ကားစောင့်ပြီး Larkin Bus Terminal ကို တန်းပြန်ခဲ့ကြတယ်။ ဘတ်စ်ကား အချိန်စာရင်း မှားဖတ်မိလို့ အကြာကြီး စောင့်လိုက်ရသေးတယ်။ :D အဲ၂ရက်လုံး ကားနဲ့ကို အကျိုးမပေးတာ။ 
ရေခဲမုန့်ဆိုင်ရှေ့က Legoရုပ်
Legoland ရှေ့မှာ Legoland Hotel လည်း စဖွင့်ပြီ။ အထဲက decoration တွေမိုက်တယ်။  အထဲမှာ Kingdom themed, pirate themed, adventure themed စသဖြင့် theme အမျိုးအမျိုးနဲ့ အခန်းတွေရွေးလို့ရတော့ ကလေးတွေဆိုရင် တော်တော်သဘောကျကြမယ်ထင်တယ်။ ကိုယ်အတွက်တော့ ပိုက်ဆံအလကားကုန်သလိုဘဲဖြစ်နေမှာ။ Legoland လည်း ဖွင့်တာ တစ်နှစ်ကျော်ဘဲရှိသေးပေမယ့် မလေးရှားကလူတွေ သိပ်စိတ်မဝင်စားကြဘူး။ ကလေးတွေသွားတဲ့နေရာလို့ သူတို့သတ်မှတ်ထားကြတာ။  ကလေးတွေနဲ့လာရင်တော့ ပိုပျော်ဖို့ကောင်းမယ် ထင်တာဘဲ။ တစ်ခေါက်လောက်ရောက်ဖူးပြီးရင် နောက်တစ်ခါထပ်သွားချင်လောက်အောင်တော့ ဆွဲဆောင်မှုရှိတဲ့ နေရာမဟုတ်ဘူးပေါ့။ Lego လေးတွေကို သဘောကျရင်တော့ ဘာဘဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတစ်ခုပါ။ =)


Some interesting smartphone-related terminologies

ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတွေရဲ့ spec ကိုလိုက်ဖတ်ရင်း ကိုယ်မသိသေးတဲ့/စိတ်ဝင်စားဖို့ကောင်းတဲ့ terminology လေးတွေအကြောင်း လိုက်ရှာဖတ်ပြီး အတိုချုံး ပြန်ရေးလိုက်ပါတယ်။

1. MHL vs. SlimPort®

mobile device+adapter+external display = extended experience

− MHL နဲ့ SlimPort နှစ်ခုလုံးက မိုဘိုင်းဖုန်း ရဲ့ microUSB ကနေ ပြင်ပ display မျက်နှာပြင်တစ်ခုခုနဲ့ audio/video ချိတ်ဆက်သုံးလို့ရတဲ့ နည်းပညာတွေ ဖြစ်ပါတယ်။

− အရင်ထွက်ပြီးသား Android ဖုန်းတော်တော်များများမှာ MHL ပါပြီးတော့ Nexus 4, Nexus 5 နဲ့ Nexus 7, Asus Padphone လောက်ဘဲ SlimPort နဲ့ ထုတ်ထားတာရှိသေးတယ်။ (List of MHL-ready phones၊ List of SlimPort devices )

− MHL ကို HDMI devices တွေနဲ့ဘဲ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ အဲဒါတောင်မှ HDTV နဲ့ချိတ်မယ်ဆိုရင် MHL-certified HDMI input ရှိတဲ့ တီဗီမျိုးမှ ရမယ်လို့ ဆိုပါတယ်။ SlimPort ကိုတော့ HDMI, VGA, DVIA, DisplayPort အားလုံးနဲ့ ချိတ်ဆက်သုံးလို့ ရပါတယ်။

− MHL adapter တွေက external power လိုပြီး SlimPort က မလိုပါဘူး။ MHL 2.0 နောက်ပိုင်းမှာ external power သပ်သပ် မလိုတော့ပေမယ့် main device ကနေ ပါဝါတော်တော်စားသေးတယ်လို့ သိရတယ်။

- SlimPort ရဲ့ speed က MHL ထက် ၂ဆလောက် ပိုမြန်တယ်။ SlimPort က Full HD ကို support လုပ်တယ်။  

-  MHL ကော Slimport ရော Android phone/tablet တွေကနေ Adapter နဲ့ display ကိုချိတ်တဲ့အခါ ဒေါင်လိုက်မရဘဲ အလျားလိုက် တစ်ခုဘဲရတာကိုတော့ သိပ်သဘောမကျပါဘူး။ application တွေကို demo လုပ်ရ အဆင်မပြေတော့ဘူး။ ဂိမ်းဆော့ ရုပ်ရှင်ကြည့်လောက်ဘဲ အဆင်ပြေမယ်။ video ရော audio ရော ချိတ်ဆက်သုံးလို့ရတာဆိုတော့ Surround Sound speaker တွေရှိရင်တော့ တော်တော်မိုက်မယ်။ 

 
video: Slimport In Action

SlimPort က သုံးရပိုအဆင်ပြေတယ်လို့ ကောက်ချက်ချလို့ရပေမယ့် သူ့နည်းပညာက free မဟုတ်တော့ နောက်ပိုင်းလည်း devices များများ ထပ်ထွက်ဖို့တော့ မရှိလောက်သေးဘူး။ MHL ကတော့ လူသုံးပိုများတဲ့ စံနှုန်းဖြစ်နေသေးတယ်။ MHL 3.0 မှာလည်း တော်တော်တိုးတက်လာတော့ နောက်ပိုင်းဆို SlimPort နည်းပညာကို မှီလာမလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

ကိုးကား −
- http://blog.clove.co.uk/2012/11/02/what-is-slimport/
- http://www.slimportconnect.com/

- http://www.meetmhl.com/index.aspx

2. Gorilla Glass

Gorilla Glass က US ကုမ္ပဏီ Corning Inc. ရဲ့ နည်းပညာဖြစ်ပြီး ပြုတ်ကျရင်တော်ရုံမကွဲ၊ ဖိအား တော်တော်ပြင်းတာကိုခံနိုင်ပြီး၊ တော်ရုံခြစ်ရာမထင်တဲ့ မှန်တစ်မျိုးတဲ့။ ခုနောက်ပိုင်းထွက်တဲ့ ဖုန်းတော်တော်များများ Corning Gorilla Glass နဲ့ ထုတ်လာကြတယ်။ ပိုက်ဆံတစ်အားပေါတဲ့သူတွေ drop test, scratch test လုပ်ထားတာ youtube မှာ အများကြီးဘဲ။ ကားနဲ့တက်ကြိတ်တဲ့သူတောင်ရှိသေး။ :D အဲလိုပေါက်တတ်ကရလုပ်ရင်တော့ screen အောက်က display ကတော့ ပျက်စီးသွားတတ်တယ်။ မှန်ကတော့ မကွဲဘူး။ ခြစ်ရာလည်း တော်ရုံမထင်ဘူး။ အမှန်ဆို gorilla glass နဲ့ဖုန်းတွေက screen protector တောင်မလိုဘူး။ ဒါပေမယ့် ဖုန်းအသစ်ဝယ်ရင် screen protector ကပ်ရမယ်ဆိုတာကြီး အရိုးစွဲနေတော့ ကပ်လိုက်ရမှ ကျေနပ်တယ်။ :D

3. Dragontrail Glass
Dragontrail Glass ကြတော့ ဂျပန်ကုမ္ပဏီတစ်ခုက ထုတ်တာ။ သူလဲ တော်ရုံခြစ်ရာမထင်ဘူး၊ တော်ရုံကျရင် မကွဲတဲ့ မှန်မျိုးပေါ့။ Gorilla glass လောက်တော့ မမာဘူးထင်တယ်။ Sony Xperia Z1 တို့ Galaxy Nexus တို့က Dragontrail Glass နဲ့ ထုတ်ထားတာ။ 

4. Oleophobic coating
Oleophobic ဆိုတာ ဂရိစာလုံးဖြစ်ပြီး "Afraid of oil" လို့ အဓိပ္ပါယ်ရတယ်။ ဖုန်း screen တွေမှာ လက်ဗွေရာ သိပ်မထင်အောင် Oleophobic Coating ထည့်ကြတယ်။ အဲဒီ coating ပါတာ ခုထိတော့ iphone, ipod, ipad တွေလောက်ဘဲ ရှိသေးတယ်။ car wax polish တွေဖြန်းပြီး Oleophobic coating DIY လုပ်တဲ့သူတွေလည်း ရှိတယ်။

5. Smartphone Sensors
စမတ်ဖုန်းတွေမှာ အခု sensor ပေါင်းစုံပါလာတယ်။ Accelerometer က orientation အတွက်၊ gyroscope က ဂိမ်းကစားဖို့အတွက်ထည့်ထားတာ။ barometer ပါလာတာ ထူးဆန်းတယ်။ GPS က latitude, longitude, altitude နဲ့ 3-dimension တွက်ရတော့ အြမင့်ကို တွက်ဖို့အတွက် barometer တွေထည့်ထားတာတဲ့။ လေဖိအားရော တိုင်းလို့ရမလားမသိဘူး။ Galaxy S4 နဲ့ Note 3 မှာဆိုရင် temperature sensor, humidity sensor တွေတောင်ပါတယ်။ နောက်ဆို ဖုန်းတွေမှာ ဘာ sensor တွေ ထပ်ပါလာဦးမလဲမသိ။   

6. GLONASS
GLONASS ဆိုတာ ရုရှားကနေ navigation အတွက်သုံးဖို့ လွှင့်တင်ထားတဲ့ ဂြိုလ်တုစနစ်။ ဂြိုလ်တုပေါင်း ၂၄ခု လွှင့်တင်ထားပြီး ရုရှားအတွက် သုံးဖို့ အဓိကဖြစ်တဲ့အတွက် ကမ္ဘာ့မြောက်ဘက်ခြမ်းမှာသုံးရင် ပိုတိကျတဲ့အဖြေကို ရတယ်တဲ့။ GLONASS ကို support လုပ်တဲ့ ပထမဆုံး smartphone က iPhone 4s တဲ့။ ခုနောက်ပိုင်း ၂၀၁၃မှာထွက်တဲ့ ဖုန်းတော်တော်များများရယ်၊ Garmin device အသစ်တွေရယ်က GPS ရော GLONASS ရော ၂မျိုးလုံး support လုပ်တယ်။ GPS တစ်မျိုးတည်းသုံးတဲ့ ဖုန်းတွေထက် ၂၀ရာခိုင်နှုန်း ပိုတိကျတဲ့ positioning ရတယ်လို့ ဆိုပါတယ်။ ၂ခုလုံးကို support လုပ်တော့ turn-by-turn navigation သုံးရတာ ပိုအဆင်ပြေလာတယ်။ EU ကလည်း Galileo လို့ အမည်ရတဲ့ ဂြိုလ်တုစနစ်ကို ၂၀၁၄မှာ သုံးနိုင်အောင် ပြင်ဆင်နေပါတယ်။ တရုတ်ပြည်ကလည်း Compass Navigation System  ဆိုပြီး ဂြိုလ်တု ၃၅လုံးလွှင့်တင်ထားပြီး GPS ထက် ပိုပြီးကောင်းမွန်တဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးစားနေတယ်တဲ့။ GLONASS ကို support လုပ်မလုပ်က processor/chipset နဲ့ဆိုင်တာ။ ခုနောက်ပိုင်းထွက်တဲ့ snapdragon processor တွေအကုန် GLONASS ကို support လုပ်တယ်တဲ့။

ကိုးကား − 
− http://thetecnica.com/2013/02/what-is-glonass-in-mobile-phones
- GPS and GLONASS: "Dual-core" Location For Your Phone


A first look at Android 4.4(Kitkat) and Nexus 5

Nexus 5
Android ဖုန်းဆိုရင် Nexus ဖုန်းမှ ဖုန်းထင်လို့ အြမင်ကပ်တဲ့လူတွေလည်း ကပ်လောက်ပြီ။ :D Nexus 4 ထွက်တုန်းက ဖုန်းအဟောင်း က ကောင်းနေသေးတာရယ်၊ Android 4.2 နဲ့ 4.3 ကို OTA update ရတာရယ်တို့ကြောင့် အသစ်မလဲဖြစ်ဘူး။ ခုက Galaxy Nexus ကို kitkat update မပေးတော့ဘူးလို့ ပြောကြတာကြောင့် ဖုန်းအသစ်ဝယ်ဖို့လိုလာတယ်။ Galaxy Nexus က ဝယ်ထားတာ ၂နှစ်နီးနီးရှိတော့မယ်ဆိုပေမယ့် ဘက်ထရီ performance နည်းနည်းကျသွားတာကလွဲရင် ကျန်တာ အကုန် ကောင်းနေသေးတယ်။ Nexus 5 ထွက်တော့ ဝယ်ဖို့လိုက်ကြည့်နေတာ နည်းနည်းကြာသွားတယ်။ Nexus ဖုန်းတွေက ခုထိ ဆိုင်တွေမှာ တင်ရောင်းတဲ့ဖုန်း ဖြစ်မလာသေးဘူး။ Samsung ကထုတ်တုန်းကတောင် မနည်းရှာရတာ၊ LG ကထုတ်တော့ ပိုဆိုးသွားတယ်။ Techbug ကနေ pre-order လုပ်ပေးပေမယ့် ပိုက်ဆံပေးထားပြီး တစ်လလောက်ကြီး မစောင့်ချင်ဘူး။ နောက်ဆုံးမှ Lelong ကနေ DirectD ဆိုတဲ့ ဆိုင်ကို သွားတွေ့တယ်။ online ကနေမှာရင် warranty claim တွေ၊ screen protector ကပ်ရတာတွေ အလုပ်ရှုပ်လို့ အဲဆိုင်ထိသွားလိုက်တယ်။ အဲဒီဖုန်းဆိုင်က Subang Jaya SS15 မှာ၊ ဆိုင်တော်တော်ကြီးတယ်။ ဖုန်းကို Wholesale ရောင်းတာ ဒီတစ်ဆိုင်ဘဲ ရောက်ဖူးသေးတယ်။ လူတွေ ကြိတ်ကြိတ်တိုးဘဲ။ သူက စျေးမတင်ထားတော့ ကုမ္ပဏီစျေးဆိုပြီး ဆိုစျေးအတိုင်း တစ်ပြားမှ မလျှော့ပေးဘူး။ စျေးတော့ တကယ်မှန်တယ်နေမယ်။ လူတွေတိုးပြီး ဖုန်းဝယ်နေကြတာများ အအေးဆိုင်မှာ အအေးမှာနေသလိုဘဲ။ တန်းစီပြီး ငါ့ကို ဘယ်ဖုန်းပေးဆိုရင် ဖုန်းထုတ်လာတယ်။ ငွေချေရုံဘဲ။ အခြားဆိုင်တွေလို စျေးဆစ်ရစရာမလိုတော့ မိုက်တယ်။ ခုနောက်ပိုင်း lenovo ဖုန်းတွေ တော်တော်ခေတ်စားလာပုံရတယ်။ တန်းစီနေတုန်း ကိုယ့်ရှေ့မှာတင် lenovo ဖုန်း အလုံး ၂၀လောက် ရောင်းထွက်သွားတယ်။ 

Nexus 5 က အဖြူရောင်နဲ့ အနက်ရောင် ၂မျိုးလာတော့ ဘယ်ဟာယူရမလဲ တော်တော်စဉ်းစားလိုက်ရတယ်။ နောက်ဆုံး အနက်ရောင်ဘဲ ယူဖြစ်တယ်။ အနက်က အဖြူထက် ရင်းဂစ်၄၀လောက်တော့ ပိုပေးရတယ်။ အဲလိုဆိုတော့ အဖြူက ချို့ယွင်းချက်တစ်ခုခုရှိလိမ့်မယ်လို့ ကောက်ချက်ချလိုက်တာ။ :D nexus 5 ရဲ့ back cover အသားက လက်ဗွေရာ တစ်အားထင်တယ်။ အဖြူရောင်သာယူလိုက်ရင် တော်တော်ညစ်ပါတ်လွယ်မယ်ထင်တယ်။ အနက်ရောင်ယူလိုက်လို့တော်သေးတယ်။ 16GB ဘဲယူတာက ဖုန်းထဲမှာ သီချင်းတွေ ရုပ်ရှင်တွေ သိပ်ထည့်လေ့မရှိတော့ အရင်ဖုန်းတုန်းကဆို usage က 10GB တောင်မကျော်ဘူး။ ပြီးတော့ ဂိမ်းဆော့ရင်လည်း တစ်ခုဆို တစ်ခု မရပ်မနားဆော့ပြီး ပျင်းသွားမှ အခြားတစ်ခု ကစားတာဆိုတော့ uninstall လုပ်ထားတာ များတယ်။ နောက်ဆုံး nexus 5 16GB ကို RM1525 နဲ့ ဝယ်လိုက်တယ်။ online ကနေမှာရင် စျေးနည်းနည်း ပိုသက်သာပေမယ့် ရောက်နေမှတော့ မထူးဘူးဆိုပြီး ဝယ်ခဲ့လိုက်တယ်။ 

ဖုန်းဆိုင်က ကောင်မလေးက sim card ကို ဖြတ်ပေးတာ ၂ခြမ်းကျိုးသွားလို့ maxis center မှာ ကဒ်အသစ်သွားထုတ်ရသေးတယ်။ micro sim အတွက် 25ကျပ် ပေးလိုက်ရတယ်။ 

Nexus 5 က 130g ဆိုတော့ တော်တော်ပေါ့တယ်။ Galaxy Nexus(4.64 inch), Nexus 4 (4.7 inch) နဲ့စာရင် သူက 4.95 inch ဆိုပေမယ့် သိသိသာသာတော့ ကြီးမလာဘူး။ Display က 445ppi ဆိုတော့ screen တော်တော်ကြည်တယ်။

Android 4.4 (kitkat) 
 ဒီပို့စ်မှာ သာမန် user တစ်ယောက် ရှုဒေါင့်ကနေဘဲ သတိထားမိသလောက် ရေးလိုက်မယ်။ SDK ပိုင်းမှာ ပြောင်းသွားတာတွေကို နောက်ပို့စ်တစ်ခုမှ ထပ်ရေးတော့မယ်။

၁။ Developer options: အရင် Android တွေအတိုင်းဘဲ Setting -> About phone ကနေ Android Version ကို သုံးချက်လောက် tap ရင် Easter egg ထွက်လာတယ်။ Developer Option လိုချင်ရင် Build number ကို ၇ချက် tap လုပ်ရတယ်။ 

၂။ Look and Feel: Kitkat ဗားရှင်းမှာ စာလုံးတွေ၊ background တွေကို အဖြူရောင်အစား နည်းနည်းဖျော့တဲ့ မီးခိုးရောင်ဆန်ဆန်အဖြူကို သုံးထားတာကြောင့် သုံးရတာ easy-on-eye ပိုဖြစ်တယ်။ 

၃။ Messaging app ကို Hangouts က replace လုပ်သွားတယ်။ sms နဲ့ gtalk message တွေရောသွားတာ အလွန် စိတ်ရှုပ်ဖို့ကောင်းတယ်။ 3rd party messaging app တစ်ခု မဖြစ်မနေ သုံးကို သုံးရမယ်ဖြစ်သွားတာ။ အရင်က GoSMS ကိုသဘောကျပေမယ့် ခုနောက်ပိုင်း Ads ထည့်လာတော့ annoying ဖြစ်လို့ အခု ရိုးရိုးရှင်းရှင်း Chomp SMS ကို ပြောင်းသုံးနေတယ်။ 

၄။ Browser: အရင် Android တွေမှာပါတဲ့ Stock (AOSP) browser ပါမလာတော့ဘူး။ အစက တော်တော် upset ဖြစ်မိပေမယ့် Chrome နဲ့အစားထိုးလိုက်တယ်။ Kitkat အတွက် customize လုပ်ထားသလားတော့မသိဘူး။ အရင် Android 4.3 ပေါ်မှာထက်တော့ ပိုသုံးလို့ကောင်းတယ်။ 

၅။ Phone Dialer:  အရင်ဗားရှင်းတွေမှာ Contacts နဲ့ Dial app က သပ်သပ်ပေမယ့် ခု Kitkat မှာ ပေါင်းလိုက်တယ်။ ဖုန်းနံပါတ်နှိပ်ရတာ၊ Contacts ရှာရတာ ပိုပြီး smooth ဖြစ်လာတယ်။ 

၆။ Keyboard မှာ comma ကိုနေရာပြောင်းလိုက်လို့ စစချင်း စာရိုက်ရ နည်းနည်းခက်သွားသေးတယ်။ :D Gesture typing ကတော့ ပိုပြီးတော့ smooth ဖြစ်လာတယ်။

၇။ Settings မှာ “Tap n pay” နဲ့ “Cloud Printing” ဆိုပြီး ပိုလာတယ်။ Tap n Pay က NFC payment အတွက်ဖြစ်မယ်။

၈။ Speaker:  အောက်ဘက်က microusb port ဘေးမှာ speaker ၂ခုထည့်ထားတော့ အရင်ဖုန်းတွေထက်တော့ အသံနည်းနည်းပိုကျယ်လာတယ်။ 

၉။ Gmail app: အရင်တုန်းက attach picture, attach video ဘဲရတာ။ အခု attach file ဆိုပြီး Google Drive က ဖိုင်တွေပါ ရွေးဖို့ option ပါလာတယ်။ 

၁၀။ Quick Office app ဆိုပြီးပါလာတယ်။ Word, excel, powerpoint တွေဖွင့်လို့ရတယ်။ create လုပ်လို့ရတယ်။

၁၁။ Myanmar Unicode support
Chrome မှ မြန်မာယူနီကုဒ် နှင့် Facebook app မှ ဇော်ဂျီဖောင့်

အရေးအကြီးဆုံးကို မေ့နေတယ်။ :D ဘာဖောင့်မှသွင်းစရာမလိုဘဲ မြန်မာယူနီကုဒ်တွေဖတ်လို့ရသွားပြီ။ Default ဆိုရင် ဇော်ဂျီဖောင့်တွေ ဂဂျိုးဂဂျောင်ဖြစ်ကုန်တယ်။ သို့ပေမယ့် First Myanmar Browser လိုမျိုး app နဲ့ ဇော်ဂျီကို ကောင်းကောင်းဖတ်လို့ရသေးတယ်ဆိုတော့ လူတွေ ဇော်ဂျီကို ပစ်ပြီး ယူနီကုဒ် လုံးလုံးပြောင်းသုံးကြဖို့တော့ မျှော်လင့်ချက် သိပ်မရှိသေးဘူး။ Android 4.3 မှာ ဇော်ဂျီ ဖောင့်တွေ order မမှန်ဖြစ်သွားပေမယ့် 4.4 မှာ ပြန်အိုကေသွားတယ်။ ဇော်ဂျီကို font embed လုပ်ထားရင် ပြဿနာ မရှိတော့ဘူး။ ရပင့် နဲ့ အသတ်ဘဲ နည်းနည်းလေး နေရာရွေ့နေတာ။

၁၂။ Low power audio playback: နာရီ ၆၀ အထိ သီချင်းနားထောင်လို့ရမယ်ဆိုတော့ ခရီးသွားရင် တော်တော်အသုံးဝင်သွားပြီ။ 

၁၃။ Share to Google Drive

ဘယ် app ကနေဖြစ်ဖြစ် share ကိုနှိပ်လိုက်ရင် Google Drive ကို ရွေးစရာပါလာတယ်။ အထူးသဖြင့်ဖုန်းထဲကပုံတွေကို ကွန်ပျူတာထဲရွှေ့ဖို့ usb မလိုတော့ဘူး။ ဖုန်းထဲကပုံကို Google Drive ပေါ်တန်းပို့ တော်တော်အဆင်ပြေတယ်။ 

Miscellaneous 
Android Device Manager 
ကိုယ့်ရဲ့ gmail အကောင့်နဲ့ ဝင်ထားတဲ့ ဖုန်းအကုန်လုံးကို အဝေးကနေ monitor လုပ်လို့ရတယ်။ ring လို့ရတယ်။ Lock လုပ်လို့ရတယ်။ ဒေတာလည်း ဖျက်လို့ရတယ်။ gmail password တော့ အခိုးမခံရစေနဲ့ပေါ့နော်။ ဖုန်းတစ်လုံးလုံးပါသွားဦးမယ်။ 

နောက်ပို့စ်မှ Developer ရှုဒေါင့်ကနေ Android 4.4 SDK အကြောင်း ရေးပါဦးမယ်။ :)